သတိပြုစရာ သွေးပြန်ကြော သွေးခဲပိတ်ရောဂါ - BBC News မြန်မာ
BBC News မြန်မာ
0:00 / 0:00
သတိပြုစရာ သွေးပြန်ကြော သွေးခဲပိတ်ရောဂါ - BBC News မြန်မာ
99 197 просмотров · 3 года назад
BBC News မြန်မာ
2,74 млн подписчиков
99 197 просмотров · 3 года назад
နာရီပေါင်းများစွာ ဖုန်းပွတ်နေတတ်သူတွေ၊ ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို မထတမ်း ဆက်တိုက် ထိုင်ကြည့်တတ်သူတွေ၊ ဒါမှမဟုတ် ကား ရထား လေယာဉ် ကြာကြာ စီးရလေ့ရှိသူတွေဟာ ခြေထောက် သွေးခဲဖို့ အန္တရာယ် ပိုများတယ်လို့ ကျန်းမာရေး ဆရာဝန်ကြီးတွေက သတိပေးထားကြပါတယ်။ ခြေထောက် သွေးပြန်ကြော သွေးခဲရာကနေ အခန့်မသင့်ရင် ရုတ်တရက် အသက်ဆုံးပါးတဲ့အထိ ဖြစ်ကြတာ ဘာကြောင့်လဲ။
အနှိပ်ခံတဲ့အခါ ပေါင်ရင်းကိုဖိပြီး အပူထုတ်လေ့ရှိသူတွေ သတိထားသင့်တဲ့ သွေးပြန်ကြော သွေးခဲရောဂါဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်တွေကို ယူကေနိုင်ငံက သွေးနဲ့ သွေးကင်ဆာ အထူးကု သမားတော်ကြီး ဒေါက်တာ ယုစန္ဒာအောင်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
ဘီဘီစီမြန်မာပိုင်း