Перейти к содержимому

အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာသစ် | People's Spring

People's Spring

0:00 / 0:00

အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာသစ် | People's Spring

17 498 просмотров · 15 ч назад
People's Spring
709 тыс. подписчиков
17 498 просмотров · 15 ч назад
အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာသစ် ●ဒီမိုက​ရေစီအ​ရေး ၊​လေ​​ကြောင်းတိုက်ခိုက်မှု၊စစ်အာဏာရှင်၊ စစ်​ဘေးဒုက္ခသည်အ​ကြောင်းစာတစ်လုံးမျှမပါဘဲ ကုန်သွယ်​ရေး၊ ရင်းနှီးမြှပ်နှံမှု၊​ နေရပ်ပြန်ပို့​ရေး၊​မြေရှား၊ ပို့ကုန်၊ သွင်းကုန်အ​ကြောင်း​အဓိကပါဝင်​နေ -ကိုပါဝဲလ် ​ရေးသားသည်။ အမေရိကန်နိုင်ငံခြားရေးဌာန၏ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံအတွက် US Mission to Burma ခေါင်းစဥ်ဖြင့် မဟာဗျူဟာမြောက် စာတမ်းတစ်စောင် (Integrated Country Strategy) ကို ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်းကို မြန်မာနိုင်ငံသားများ သိရှိစေရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ စာမျက်နှာ ၁၁ မျက်နှာပါရှိသော အဆိုပါ စာတမ်းတွင် အမေရိကန်၏ အဓိက မဟာဗျူဟာ ရည်မှန်းချက် ၄ ခုနှင့် လုပ်ငန်းစဉ် ၈ ခု ပါဝင်သည်။ ဤစာတမ်းကို လေ့လာပါက တရုတ်နှင့် အိန္ဒိယကဲ့သို့ အင်အားကြီးနိုင်ငံများ၏ နီးစပ်ရာ အရှေ့တောင်အာရှတွင် တည်ရှိသော မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အရေးပါမှုကို ပိုမို ထင်ရှားစေသည်။ ထရမ့်အစိုးရ၏ အမေရိကန်၏ အမျိုးသားလုံခြုံရေး၊ စီးပွားရေး၊ ဒေသတွင်းသြဇာလွှမ်းမိုးမှုနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒများကို မည်သို့ ထိရောက်စွာ ပေါင်းစပ်အကောင်အထည် ဖော်ဆောင်မည်ဆိုသည်ကို စာတမ်းတွင် ဖော်ပြထားသည်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA