Перейти к содержимому

စစ်အုပ်စုက ဆိုင်ထိုင်နေတဲ့ လက်နက်မဲ့ပြည်သူတွေကို ရုပ်ရှင်ဆန်ဆန် ရိုက်နက်ဖမ်းဆီး

Mandalay Free Press - MFP

0:00 / 0:00

စစ်အုပ်စုက ဆိုင်ထိုင်နေတဲ့ လက်နက်မဲ့ပြည်သူတွေကို ရုပ်ရှင်ဆန်ဆန် ရိုက်နက်ဖမ်းဆီး

1 079 422 просмотра · 3 года назад
Mandalay Free Press - MFP
336 тыс. подписчиков
1 079 422 просмотра · 3 года назад
မန္တလေးမှာ စစ်အုပ်စုက ဝတ်စုံပြည့်နဲ့ သေနက်တွေပစ်ဖောက်ကာ ရုပ်ရှင်ဆန်ဆန် ဘီယာဆိုင်ထိုင်နေသူတွေကို မနေ့က လဖက်ရည်ဆိုင်ထဲကအရပ်သားတွေကိုဝင်ဖမ်းသလိုပဲ ဒီကနေ့မှာလည်း ထပ်မံဝင်ရောက်ဖမ်းဆီးသွားပါတယ် ။ ဩဂုတ် (၁၀) ရက်နေ့က မန္တလေးမြို့ ၁၁၅ လမ်း ၄၉ လမ်းနဲ့ ၅၀ လမ်းဒေါင့်က ဘီယာဆိုင်ကို လမ်းတွေကို ကားတွေနဲ့ပိတ်ကာ ဆိုင်ထိုင်နေသူ အမျိုးသားသုံးဦးကိုဖမ်းဆီးသွားတာပါ ။ " ဆိုင်မှာဘီယာထိုင်သောက်နေတဲ့ လူသုံးယောက်ကိုဖမ်းသွားတာ ရုပ်ရှင်တော့တော်တော်ဆန်ပါတယ်ဗျာ ဝတ်စုံပြည့်တွေနဲ့ဝင်စီးနင်းပြီးဖမ်းသွားတာ ဆိုင်ရှင်ကိုတော့ ဘာမှလုပ်သွားတာတော့မရှိဘူးကြားတယ်"လို့ မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက MFP ကိုပြောပါတယ် ။ #mandalay_free_press_mfp