Перейти к содержимому

ရိုးရာမပျက်ကျင်းပကြတဲ့ ကိုကြီးကျော်နတ်ပွဲ

The New Traveller

0:00 / 0:00

ရိုးရာမပျက်ကျင်းပကြတဲ့ ကိုကြီးကျော်နတ်ပွဲ

1 311 577 просмотров · 6 лет назад
The New Traveller
12,2 тыс. подписчиков
1 311 577 просмотров · 6 лет назад
ရိုးရာမပျက်ကျင်းပကြတဲ့ ကိုကြီးကျော်နတ်ပွဲ ... ချင်းတွင်းဧရာကြားမှာ ချိုးရေတော်သုံးတဲ့ ကိုကြီးကျော်... မြန်မာနိုင်ငံအနှံ့အပြားမှာ ရိုးရာနတ်ပွဲတွေကျင်းပလေ့ရှိပါတယ်။ အဲဒီရိုးရာနတ်ပွဲတွေထဲမှာ ကိုကြီးကျော်နတ်ပွဲဟာ ဒုတိယမြောက် အကြီးကျယ်အစည်ကားဆုံးနတ်ပွဲဖြစ်ပါတယ်။ ကိုကြီးကျော်နတ်ပွဲကို တပေါင်းလဆန်း ၁ ရက်နေ့ ကနေလပြည့်နေ့အထိ ၁၅ ရက်တိုင် ကျင်းပနေပါတယ်။ ဒီပွဲကို ရေစကြိုမြို့နယ်အတွင်းမှာရှိတဲ့ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဆုံရာအနီးမှာရှိတဲ့ ကူနီကျေးရွာ(ခေါ်)ထန်းတောကျေးရွာမှာ ကျင်းပနေတာပါ။ ဒီရိုးရာနတ်ပွဲကို မြန်မာနိုင်ငံအနှံ့အပြားက နတ်ကိုးကွယ်သူ နေ့စဉ် သိန်းချိီပြီး နှစ်စဉ်လာရောက်နေတာပါ။ ပွဲစျေးတန်းမှာလည်း ဒေသထွက်ပစ္စည်းတွေ၊ အစားအစာတွေ၊ လူသုံးကုန်ပစ္စည်းတွေကို မထင်မှတ်ထားတဲ့ချိုသာတဲ့ စျေးနှုန်းတွေနဲ့ ရောင်းချနေကြတာပါ။ ဒီရိုးရာနတ်ပွဲကြီးကို ဘယ်လိုမျိုးကျင်းပနေတယ်၊ ပွဲစျေးတန်းမှာလည်း ဘာပစ္စည်းတွေရှိတယ် ဆိုတာကို စိတ်ဝင်စားကြလိမ့်မယ်ထင်ပါတယ်။ ဒါကြောင့် ဒီနတ်ပွဲကျင်းပပုံလေးကိုကြည့်ရှု့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ #TheNewTraveller #ကိုကြီးကျော်နတ်ပွဲ