ဆိတ်သားဆီပြန်(Mutton Curry)
Oo Naing A Sar Ta Line Cooking And Eating
0:00 / 0:00
ဆိတ်သားဆီပြန်(Mutton Curry)
45 925 просмотров · 6 л. назад
Oo Naing A Sar Ta Line Cooking And Eating
150 тыс. подписчиков
45 925 просмотров · 6 л. назад
ဆိတ်သားချက်ရတာလွယ်ကူပါတယ်ပေါင်းသား,မိုးကိုသားကြိုက်ရာသုံးပါအခုချက်ပြထားတာကတော့ပေါင်သားဖြစ်ပါတယ်အဓိကျတာတော့မညှီဖို့ပါဘဲဆိတ်သားကိုပထမဆုံးအရိအရွဲတွေဖယ် ပီးရင်ရေတစ်ထပ်ဆေး
ရေပြောင်အောင်ညစ်ထုတ်ပီးရင် လျှာလကာရည်,သံပုရာရည်ကြိုက်နှစ်သက်ရာထည့် ၁၀မိနစ်လောက်နယ်ပါ ပီးရင်ရေသုံးထပ်လောက်ပြန်ဆေးပါ ဆေးပြီးအသားများကိုစကာဖြင်ရေစစ်ထားပါ ချက်နည်းပုံစံတွေအမျိုးမျိုးရှိတာကြောင့် ကြိုက်နှစ်သက်သလိုချက်နိုင်ပါတယ်ဦးနိုင်ချက်ထားတဲ့ပုံစံကလည်း ကိုယ်ပိုင်နည်းမို့ကိုယ့်ဟာကိုယ်ချီးမွမ်းပီးစားကောင်းလိုက်တာဆိုတဲ့စကားကိုပါးစပ်ကအထပ်ထပ်ပြောပီး ထမင်း၃ပန်းကန်ဖြစ်သွားရတဲ့ချက်နည်းပါ,ချက်ပုံချက်နည်းများကိုလည်းအသေချာပြထားတာမို့မရှင်းလင်းတာရှိရင်မေးမြန်းနိုင်ပါတယ် သုံးထားတဲ့ပစ္စည်းများမရှိရင် ပါဝင်ပစ္စည်းတွေကိုမီးဖိုချောင်မှာရှိတဲ့ အရာတွေကိုထောင်းပီးသုံးလို့ရပါယ်ဗျာ။
ပါဝင်ပစ္စည်းများ
-ဆိတ်ပေါင်သား = ၅၀သား
-ခရမ်းချဥ်သီး =၄လုံး
-ကြက်သွန်နီ =၄လုံး
-ကြက်သွန်ဖြူ =၅မွှာ
-ဂျင်း =အနည်းငယ်
-Origanoငရုတ်နှစ်= ၄စပဇ
-ကုလားဝေး = ၂ရွက်
-နံနံစိ =၁၅စိ
-သစ်ကြပိုးခေါက်=လက်နှစ်ဆစ်
-လေးညင်း =၄ခု
-ဖာလာစေ့ =၄ခု
-မုန်ညင်းစေ့ =၁/၂လဖဇ
-ဆား =၁လဖဇ
-သကြား =၁စပဇ
-ဆီ =၁၀သား
-နနွင်းမှုန့် =အနည်းငယ်
-ငရုတ်သီးစိမ်းအစိမ်းအပွရှည်=၂တောင့်
-နံနံပင် =အနည်းငယ်
ဦးနိုင်အစားတလိုင်းကမိတ်ဆွေများ YouTube Channelမှာ Subscribe နဲ့ Notificationခေါင်းလောင်းလေးနှိမ့်ပီးအားပေးပါအုံးလို့မေ တ္တာရပ်ခံပါတယ်ခင်ဗျာ#
Oo Naing အစားတလိုင်း_Youtube Channel
/ oonaingasartalinecookingandeating
Oo Naing အစားတလိုင်း_FaceBook Page
/ oonaingg
Oo Naing အစားတလိုင်း_Instagram page
/ oonaingasartaline
Oo Naing A Sar Ta Line ကိုဝင်ရောက်ကြည့်ရှု့သူများအားလုံးကျန်းမာချမ်းသာဘေးဘရာဝေးကွာကြပါစေဗျာ😊