(ပိုးကရင်ဘာသာအားဖြင့်)လူသေရင်ဝိညာဥ်ဘယ်သွားမလဲ?(၁)
Gospel Baptist Church of Waterloo, IA
0:00 / 0:00
(ပိုးကရင်ဘာသာအားဖြင့်)လူသေရင်ဝိညာဥ်ဘယ်သွားမလဲ?(၁)
98 просмотров · Трансляция закончилась 12 дн. назад
Gospel Baptist Church of Waterloo, IA
78 подписчиков
98 просмотров · Трансляция закончилась 12 дн. назад
'တစ်ဖန်တုံ၊ သူဌေးတစ်ယောက်သည် နီမောင်းသော ကမ္ဗလာနှင့်ပိတ်ချောကို ဝတ်ဆင်၍၊ ကာမဂုဏ်စည်းစိမ်၌ နေ့တိုင်း ပျော်မွေ့လျက်နေ၏။- လာဇရုအမည်ရှိသော သူဆင်းရဲတစ်ယောက်သည် တစ်ကိုယ်လုံး၌ အနာစိမ်းပေါက်၍၊- သူဌေး၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားပါရစေဟု တောင့်တသောစိတ်နှင့် သူဌေးအိမ် တံခါးနားမှာ တုံးလုံးနေ၏။ ခွေးတို့သည်လာ၍ အနာစိမ်းများကို လျက်ကြ၏။- တစ်နေ့သ၌ ထိုဆင်းရဲသားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။- မရဏနိုင်ငံ၌ ပြင်းပြစွာသောဝေဒနာကိုခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကိုလည်းကောင်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကိုလည်းကောင်း အဝေးကမြင်လျှင်၊- အို အဘအာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသောကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌နှစ်၍ အကျွန်ုပ်လျှာကို အေးစေခြင်းငှာ သူ့ကို အကျွန်ုပ်ရှိရာသို့ စေလွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။- အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါ ချမ်းသာရသည်ကိုလည်းကောင်း၊ လာဇရုသည် ဆင်းရဲစွာ နေရသည်ကိုလည်းကောင်း အောက်မေ့လော့။ ယခုမူကား၊ သူသည် သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခဝေဒနာကို ခံရ၏။- ထိုမှတစ်ပါး၊ ငါတို့နှင့် သင်တို့စပ်ကြား၌ အလွန်နက်လှသော ချောက်ကြီး တည်လျက်ရှိ၏။ ထိုကြောင့် ဤအရပ်မှသင်တို့ရှိရာသို့ ကူးချင်သောသူ မကူးနိုင်။ ထိုအရပ်မှ ငါတို့ရှိရာသို့ ကူးချင်သောသူလည်း မကူးနိုင်ဟု ဆို၏။- သူဌေးကလည်၊ အို အဘ၊ ထိုသို့မှန်လျှင်၊- အကျွန်ုပ်၌ ညီငါးယောက်ရှိပါသည် ဖြစ်၍၊ သူတို့သည် ဤပြင်းပြစွာ ခံရာအရပ်သို့ မရောက်မည်အကြောင်း၊ သူတို့အား သက်သေခံစေခြင်းငှာ၊ လာဇရုကို အကျွန်ုပ်အဘ၏အိမ်သို့ စေလွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ပြောဆိုလျှင်၊- အာဗြဟံက၊ သင်၏ညီတို့၌ မောရှေမှစ၍ ပရောဖက်များ ရှိကြ၏။ ပရောဖက်တို့၏ စကားကို နားထောင်ကြစေဟု ဆို၏။- သူဌေးကလည်း၊ မဟုတ်ပါ အဘအာဗြဟံ။ သေသောလူစုထဲက တစ်ယောက်သောသူသည် ထမြောက်၍ သူတို့ရှိရာသို့ သွားလျှင်၊ သူတို့သည် နောင်တရကြပါလိမ့်မည်ဟု ဆိုသော်၊- အာဗြဟံက၊ သူတို့သည် မောရှေ၏စကား၊ ပရောဖက်တို့၏စကားကို နားမထောင်လျှင်၊ တစ်ယောက်သောသူသည် သေခြင်းမှ ထမြောက်သော်လည်း မယုံကြည်နိုင်ကြဟု အာဗြဟံဆိုသည်ဟု မိန့်တော်မူ၏။'
ရှင်လုကာ 16:19-31
https://www.bible.com/my/bible/386/LUK.16....