ကူဖီးလ်မလိုင်လုပ်နည်း How to make Kulfi
Cook for K1
0:00 / 0:00
ကူဖီးလ်မလိုင်လုပ်နည်း How to make Kulfi
47 165 просмотров · 5 л. назад
Cook for K1
464 тыс. подписчиков
47 165 просмотров · 5 л. назад
ရာသီဥတု ပူလွန်းတဲ့အခါ အိမ်မှာ ကိုယ်တိုင် လုပ်စားလို့ရတဲ့ ကူဖီးလ်မလိုင် ။
ငယ်ငယ်တုန်းက ကူဖီးလ်မလိုင် လို့ အော်ပြီး ရောင်းတဲ့ အရသာအတိုင်းအနီးစပ်ဆုံး တူပါတယ်။
နွားနို့ကိုကျိုတဲ့အချိန်တာ ကြာပြီး ရေခဲသေတ္တာထဲ ထည့်ထားရင် အချိန်မရွေးစားနိုင်ပါတယ်။
ကူဖီးလ်မလိုင်ရဲ့ ဆိမ့်ဆိမ့်အရသာက နို့မှုန့်နဲ့ နို့စိမ်း ဆီက အဓိက ဖြစ်ပါတယ်။
ပထမဆုံး နွားနို့ ၁ လီတာကို အိုးသန့်သန့်ထဲမှာထည့်ပါ။
နို့စိမ်း - ခွက် ၃ ပုံ၁ ပုံ (နို့ဆီဗူး)
သကြား - ခွက် ၄ ပုံ၁ပုံ (နို့ဆီဗူး)
နှို့မှုန့် - ခွက် တ ဝက် (နို့ဆီဗူး)
ကိုရောပြီး ကျိုပေးပါ။ ကျိုတဲ့အခါ မီးအေးအေးနဲ့ နွားနို့ ၄ပုံ၃ပုံ သို့ တဝက်လောက်ထိ ပဲကျန်အောင် ကျိုပေးပါ။ ကြာကြာကျိုလေ အရသာကပိုကောင်းလေပါ။ ကျိုပြီးမှ အအေးခံပြီး မိမိစိတ်ကြိုက်ပုံစံခွက်ထဲထည့်ပြီး ရေခဲသေတ္တာ အခဲခန်းထဲမှာ ထည့်ပြီး သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။
သူငယ်ချင်းအားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
ပါဝင်ပစ္စည်းများ
နွားနို့ - ၁ လီတာ
နို့မှုန့် - ခွက်တဝက်
နို့စိမ်း - ခွက် ၃ပုံ၁ပုံ
သကြား - ခွက် ၄ ပုံ၁ပုံ
တို့လိုအပ်ပါတယ်။ နို့စိမ်းနဲ့သကြားအစား နို့ဆီကိုလည်း အစားထိုးလို့ရပါတယ်။