Перейти к содержимому

#မေတ္တာရေလှိုင်း_မြန်မာပြည်သိန်းတန်

ThiriNyunt Musician

0:00 / 0:00

#မေတ္တာရေလှိုင်း_မြန်မာပြည်သိန်းတန်

1 703 просмотра · 3 дня назад
ThiriNyunt Musician
982 подписчика
1 703 просмотра · 3 дня назад
ကချင်အမျိုးသား တေးရေးဆရာ J ယော်ထုံ ရေးသားခဲ့တဲ့ လှပချိုအေးလှတဲ့ မေတ္တာဖွဲ့ တေးသီချင်းလေးတစ်ပုဒ် ဒီသီချင်းကို မူလ ပထမဦးဆုံးသီဆိုခဲ့တဲ့သူက ကိုသိန်းတန်(မြန်မာပြည်) . တေးရေးဆရာ ဒီသီချင်းကိုရေးစပ်ခဲ့တာကတော့ လူသားတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ ကြီးမားမှုကို ရေလှိုင်းဖြင့်တင်စား ပမာနှိုင်းထား ဖွဲ့နွဲ့ခဲ့တာ . မေတ္တာရှင်ဟာ သူချစ်မြတ်နိုးရသူရဲ့ ရင်ခွင်မှာ အစဉ် ခိုနားရဖို့ ရည်ရွယ်တဲ့အကြောင်းကိုလည်း ရေးဖွဲ့ထားတယ် . မေတ္တာ ဆိုတာ အသွားအပြန်ရှိတယ် ဆိုပြီးတော့ကော မေတ္တာတရားဖြင့် အရာရာကိုအောင်နိုင်လိမ့်မယ် ဆိုပြီးတော့ကော ဆိုရိုးစကားတွေ ရှိကြတယ် . မှန်သင့်သလောက် မှန်ပေမယ့် ထားတဲ့သူရဲ့ မေတ္တာနဲ့ တန်ဘိုးအစစ်ကို မသိနားမလည် မမြင် မထိုက်တန်တဲ့ သူမျိုးတွေအတွက်တော့ ကျွဲပါး စောင်းတီးပြသလိုသာ ဖြစ်နေပါလိမ့်မယ် . နားခိုရာ သူရှာခဲ့ပေမယ့်လည်း အဆုံးသတ်မှာတော့ " ရေလှိုင်းကလေး ကိုယ့်အဖြစ်ရယ် သောင်ခုံပြင်ဝယ် ဟိုဒီမှာကွယ် ရင်နာဖွယ် ငိုလွမ်းကြရတယ် " ဆိုပြီး လွမ်းဆွေးဖွယ်ရာလေး အဆုံးသတ်ထားခဲ့တယ် . သူ့ရဲ့နှလုံးသားထဲမှာ သေချာတာတစ်ခုကတော့ "မေတ္တာရေလှိုင်း သူ့အပေါ်ဝယ် ရိုက်ခတ်လို့ သူ့အပါးအသွားမယ် ရင်မှာအစဉ် ခိုနားရဖို့ရွယ်" ဆိုပြီး သူရည်ရွယ်ခဲ့တာကိုတော့ ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ် . ကျွန်တော် အရင်ကလည်း မကြာခဏပြောခဲ့ဖူးသလိုပဲ "သီချင်းတွေရဲ့နောက်ကွယ်မှာ ဘဝတွေ ခံစားချက်တွေ ရှိနေတယ်" ဆိုတာ . ခေတ်အဆက်ဆက် မျိုးဆက်အသီးသီးမှာ လူတွေသာ ပြောင်းလဲသွားမယ် . မေတ္တာရေလှိုင်းတွေကတော့ ဆက်လက် ပြေးဆော့ ရိုက်ခက်နေဦးမှာပါပဲ . #မေတ္တာရေလှိုင်း သီရိညွန့် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ(၂၈)ရက်