Перейти к содержимому

ကျားဖြန့်စွဲချက်နဲ့ ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်ကို တရုတ် သေဒဏ်ချ | People's Spring

People's Spring

0:00 / 0:00

ကျားဖြန့်စွဲချက်နဲ့ ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်ကို တရုတ် သေဒဏ်ချ | People's Spring

6 783 просмотра · 13 часов назад
People's Spring
704 тыс. подписчиков
6 783 просмотра · 13 часов назад
ကျားဖြန့်စွဲချက်နဲ့ ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်ကို တရုတ် သေဒဏ်ချ အောက်တိုဘာ-၁၄၊ ၂၀၂၆။ People’s Spring အာဏာသိမ်းမြန်မာစစ်တပ်ရဲ့လက်အောက်ခံတပ်ဖြစ်တဲ့ ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်အပါအဝင် ကိုးကန့် ဝေမိသားစုဝင်သုံးဦးကို ကျားဖြန့်အမှုနဲ့ တရုတ်တရားရုံးက အောက်တိုဘာလ ၁၃ ရက်မှာ သေဒဏ်ချလိုက်ပါတယ်။ အွန်လိုင်းကနေငွေကြေးလိမ်လည်မှု(ကျားဖြန့်)နဲ့ တရားမဝင် လောင်းကစားလုပ်ငန်းတွေကို ကြိုးကိုင်နေတယ်ဆိုတဲ့စွဲချက်နဲ့ မြန်မာနိုင်ငံအခြေစိုက် ကိုးကန့်ဝေမိသားစုရဲ့ခေါင်းဆောင်ပိုင်းသုံးဦးကို တရုတ်က သေဒဏ်အမိန့်ချလိုက်တာပါ။ စီရင်ချက်တွေကို ချွန်ကျိုးမြို့အလတ်တန်း ပြည်သူ့တရားရုံးနဲ့ နန်အန်းမြို့ ပြည်သူ့တရားရုံးတို့က အသီးသီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သေဒဏ်ချခံရသူတွေဟာ ဝေစန်း ၊ ကောင်းမင်နဲ့ လျိုကျင်းဖန်းတို့ ဖြစ်ပါတယ်။ တရုတ်ရဲ့ စွဲချက်မှာတော့ ကျားဖြန့် လုပ်ပြီး တရုတ်နိုင်ငံသားတွေဆီကနေ ယွမ်ငွေ ၂၄ ဘီလီယံကျော်ကို လိမ်လည်တာ၊ တရုတ်နိုင်ငံသား နှစ်ဦးကို သေဆုံးစေတဲ့အမှုတွေ ပါဝင်တယ်လို့ ဆိုထားတာပါ။ ဝေစန်းဟာ စစ်တပ်ရဲ့လက်အောက်ခံကိုးကန့် ပြည်သူ့စစ်အဖွဲ့ ရဲ့ခေါင်းဆောင်ဖြစ်သလို ကြံခိုင်ရေးပါတီရဲ့ ကိုးကန့်ဒေသ၊ ကုန်းကြမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူပါ။ မြန်မာဘက်ခြမ်း ကိုးကန့်ဒေသမှာ ကျားဖြန့်လုပ်ငန်းတွေကို လုပ်ကိုင်ပြီး တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်လည်မှုကြောင့် ကိုးကန့်မိသားစုကြီးလေးစုဖြစ်တဲ့ ပယ်၊ ဝေ၊ မြီနဲ့ လျို မိသားစုတွေကို တရုတ်အစိုးရက ဝရမ်းထုတ်ခဲ့တာပါ။ ကျားဖြန့်မလုပ်ဖို့ အဲဒီမိသားစုကြီးတွေကို တွေ့ဆုံဆွေးနွေးဖျောင်းဖျပေမယ့် နားမထောင်ခဲ့ဘူးဆိုတာကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုးကန့်ဒေသ ကျားဖြန့်ဖြိုခွင်းမှုမှတ်တမ်းကို တရုတ်အစိုးရပိုင် CCTV က ထုတ်လွှင့်ရာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ အဲဒီမိသားစုတွေထဲမှာ ခေါင်းဆောင်ပိုင်းတွေဟာ သစ္စာခံတွေဖြစ်ပေမယ့် မြန်မာအာဏာသိမ်းစစ်တပ်က နေပြည်တော်ကနေ တရုတ်လက်ထဲအပ်ခဲ့တာပါ။ အဲလို တရုတ်လက်အပ်ခံရသူတွေထဲမှာ မနေ့က သေဒဏ်ချခံရတဲ့ ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ဝေစန်းလည်းပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကလည်း မြီမိသားစုရဲ့ သားဖြစ်သူနဲ့ မြေးမ အပါအဝင် ၁၁ ဦးကို တရုတ်တရားရုံးက သေဒဏ်ပေးပြီး ကွပ်မျက်ခဲ့ပါတယ်။ ===== ပြန်လွှဲပို့ငွေ ၃ လစာပြနိုင်သူတွေကိုသာ CI စာအုပ်လုပ်ပေးမယ် အောက်တိုဘာ-၁၄၊ ၂၀၂၆။ People’s Spring ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုဆီ ၃လစာ ငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ အာဏာသိမ်းစစ်အုပ်စုက ထုတ်ပြန်ပါတယ်။ အဲဒီလို CI စာအုပ်လုပ်ဖို့ လျှောက်ထားမယ်ဆိုရင် ရရှိတဲ့အခြေခံလုပ်ခလစာ ၃လစာရဲ့ ၂၅ရာခိုင်နှုန်းကို မိသားစုဆီ လွှဲပို့ထားတဲ့အထောက်အထား တင်ပြရမယ်ဆိုပြီး ကန့်သတ်ချက်ထည့်ထားတာကို အာဏာသိမ်းစစ်တပ်တပ်လက်အောက်ခံ အလုပ်သမားညွန်ကြားရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်မှာ​​ ဖော်ပြထားပါတယ်။ စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီးဖြစ်လာသူ မင်းကင်းမောင်မြင့်က ပြည်ပရောက်အလုပ်သမားတွေရဲ့ မိသားစုဆီ လွှဲပို့ငွေပိုရအောင်လုပ်မယ် ပြောပြီး မကြာခင်အခုလို CI အကြောင်းပြပြီး လက်တွေ့ အ​ကောင်ထည်​ဖော်လာတာ ဖြစ်ပါတယ်။ အခု CI စာအုပ်လုပ်မယ်ဆိုရင် လွှဲပို့ငွေအထောက်အထားပြရမယ့် ကန့်သတ်ချက်အရ အခြေခံလုပ်ခကို ထိုင်းဘတ် ၁၀,၄၀၀ လျာထားတာဖြစ်တဲ့ အတွက် တစ်လလွှဲပို့ငွေပမာဏ၂၅ ရာခိုင်နှုန်းဆိုရင် ဘတ်၂,၆၀၀ ရှိကာ ၃လစာ ဘတ် ၇,၈၀၀နဲ့ညီမျှတဲ့ ကျပ်၁၀သိန်းကျော် ပြည်တွင်းကို လွှဲပို့ထားရမှာလို့ အ လုပ်သမားအရေးလူပ်ရှားသူတွေက တွက်ပြထားပါတယ်။ ထိုင်းနိုင်ငံက ခရိုင်မြို့တော်တွေဖြစ်တဲ့ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်၊ ချွန်ဘူရီတို့က CI ထုတ်ပေးရေးစခန်းတွေကို အောက်တိုဘာ ၁၄ ရက်မှာ ဖွင့်သွားမှာဖြစ်ပြီး လျှောက်ထားလိုတဲ့သူတွေ နီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ စာအုပ်ဖိုး ဘတ်၂,၆၆၀ ပေးသွင်းကာ လျှောက်ထားလိုတဲ့ စခန်းနာမည်နဲ့ နေ့ရက်ကို ရွေးချယ်နိုင်တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်က ထိုင်း​ရောက်မြန်မာလုပ်သား​တွေဆီက ​ငွေ​ကောက်ပြီး CI ကတ်လုပ်​​ပေးမယ့်အစီအစီအစဥ်အတွက် အရာရှိ ၃၀ ​ကျော်ကို ​အောက်တိုဘာ ဒုတိယပတ်မှာ ထိုင်းကို​စေလွှတ်ခဲ့တယ်လို့ ထိုင်းသတင်းဌာန PPTV က​ဖော်ပြပါတယ်။ ထိုင်း​ရောက်မြန်မာလုပ်သား​တွေဟာ ထိုင်းမှာအလုပ်လုပ်ပြီး ပန်း​ရောင်ကတ်ပြုလုပ်ရင်း ထိုင်းအစိုးရကိုလည်းအခွန်​ဆောင်ထားသလိုအာဏာသိမ်းစစ်တပ်ကပါ ထိုင်းလာပြီး CI လုပ်​ပေးခ အခွန်ထပ်​ကောက်တာ​ကြောင့် အခွန် ၂ ထပ်​ကောက်သလို ဖြစ်​နေတယ်လို့ အလုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ် မစ္စနီလူးဘွန် ဖုန်ဇယုံက PPTV သတင်းဌာနနဲ့ အင်တာဗျူးမှာ​ ပြောပါတယ်။ အခုလိုအခွန် ထပ်​ကောက်မယ့်အစီအစဥ်ဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO) ပြဌာန်းချက်​တွေကို ချိုး​ဖောက်​ရာ​ ရောက်တယ်လို့လည်း သူက​ ထောက်ပြပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ကျားဖြန့် #ကိုးကန့်နယ်ခြားစောင့်တပ် #တရုတ်နိုင်ငံ #အွန်လိုင်းလိမ်လည်မှု #မြန်မာ့ရေးရာသတင်း #KokangBGF #TelecomFraud #ChinaDeathPenalty #MyanmarNews #WorldNews #CIာအုပ် #ပြန်လွှဲပို့ငွေ #မြန်မာရွှေ့ပြောင်းလုပ်သား #ထိုင်းနိုင်ငံရောက်မြန်မာများ #မြန်မာ့သတင်း #CIbook #RemittanceProof #MyanmarWorkersInThailand #ThailandNews #MyanmarNews