"ရွှေဝါပြည်" (အစအဆုံး) စာရေးသူ-ရန်ကုန်ဘဆွေ #lhaudiobooks #audiobookmyanmar #ရန်ကုန်ဘဆွေ #ရွှေဝါပြည်
Listener's Heaven Audiobooks
0:00 / 0:00
"ရွှေဝါပြည်" (အစအဆုံး) စာရေးသူ-ရန်ကုန်ဘဆွေ #lhaudiobooks #audiobookmyanmar #ရန်ကုန်ဘဆွေ #ရွှေဝါပြည်
1 204 просмотра · 7 мес. назад
Listener's Heaven Audiobooks
147 тыс. подписчиков
1 204 просмотра · 7 мес. назад
"ရွှေဝါပြည်" (အစအဆုံး)
စာရေးသူ - ရန်ကုန်ဘဆွေ
စာဖတ်သူ - ယံဇငြိဏ်း
ကြာချိန် - ၁၁ နာရီ ၄၀ မိနစ်
စာမြည်း
ရွှေဝါပြည်အမျိုးသမီးတို့သည် အမျိုးသားများထက် အသားဝင်း၏။ သိမ်မွေ့သော ရုပ်ရည်ရှိကြ၏။ ကိုယ်လုံးကိုယ်ပေါက်ပြေပြစ်ကြော့ရှင်း၏။ သွယ်လျပျော့ပျောင်းသောခြေလက်ရှိ၏။
ထူးဆန်းသည်ကား ရွှေဝါပြည်သူတို့သည် မွှေးသောသစ်ခေါက်တမျိုးကို လှပစွာပြုလုပ်ထားသည့် ကျောက်ခပ်ထက်တွင် ရေဖြင့်သွေး၍ မျက်နှာနှင့် ကိုယ်လုံးကို လိမ်းလူး၏။ မျက်နှာပေါ်တွင် စိတ်ရသလောက် လှပစွာခြယ်သလေ့ရှိ၏။
ထိုသစ်ခေါက်၏ အရောင်သည် ဝါဖျော့ဖျော့ လှပ၏။ ထိုသစ်ခေါက်၏အနံ့သည် အလွန်ယဉ်ကျေးစွာ သင်းပျံ့ ပျံ့ တငွေ့ငွေ့မွှေး၏။ မျက်နှာကို အလှအပပြုပြင်ရာ၌ ရွှေဝါပြည်သူတို့သည် အခြားသောလူမျိုးများအသီးသီး တို့ထက် ထူးခြား၏။ စားရန်ပြုလုပ်ထားသည် လက်ဖက်ရွက်ကို မျက်ခုံးမွှေးဆွဲရာ၌ အသုံးပြု၏။ ထိုအရွက်သည် အသားဖြူဝင်းသူတို့၏ အတွက် ညိုမောင်းမောင်းအရောင်ဖြစ်စေ၏။ မဲနက်ပြတ် ထင်ခြင်းမရှိ ပြေပြစ်၏။ နှုတ်ခမ်းနီစေရန် အပင်မှဖြစ်သော ကွမ်းရွက်၊ ကွမ်းသီး၊ ရှားစေးနှင့် မြေမှထွက်သောထုံး တို့ကို ရောစပ်စား၏။ ထိုသို့စားခြင်းသည် နှုတ်ခမ်းတွင် သင်းပျံ့သောအနံ့တမျိုး အလွန်နူးညံ့စွာ စွဲမြဲကျန်စေသည့်အပြင် နှုတ်ခမ်းကို စကားနီရောင်ဖြစ်စေ၏။ ကွမ်းရွက်နှင့်ထုံးတို့သည် အသားအသွေးတို့၏ ပုပ်စပ်သော အနံ့ကိုအထူးနိုင်နင်း၏။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
🔰 https://fliphtml5.com/site/13979096/i...
#lhaudiobooks #audiobooks #audiobookmyanmar
#မြန်မာဝတ္ထု #ရန်ကုန်ဘဆွေ #ရွှေဝါပြည်