Перейти к содержимому

ဝင်းမင်းသန်း - ပျောက်ဆုံးသွားတဲ့ မြန်မာ့ပထမဆုံး Hollywood မင်းသမီး

Portal 90

0:00 / 0:00

ဝင်းမင်းသန်း - ပျောက်ဆုံးသွားတဲ့ မြန်မာ့ပထမဆုံး Hollywood မင်းသမီး

15 599 просмотров · 1 день назад
Portal 90
5,51 тыс. подписчиков
15 599 просмотров · 1 день назад
ပျောက်ဆုံးသွားတဲ့ မြန်မာ့ပထမဆုံး Hollywood မင်းသမီး Win Min Than-The Forgotten First Burmese Hollywood Actress ၁၉၆၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ အကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ ဗိုလ်နေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက ဝန်ကြီးချုပ်ဦးနုရဲ့ ဒီမိုကရေစီအစိုးရဆီကနေ တိုင်းပြည်အာဏာကို သိမ်းယူခဲ့ပါတယ်။ ၁၉၆၃-၆၄ ခုနှစ်တွေမှာတော့ ပုဂ္ဂလိကပိုင်လုပ်ငန်းတွေကို ပြည်သူပိုင်အဖြစ်သိမ်းခဲ့ပါတယ်။ ဒီအထဲမှာ ဗိုလ်စင်္ကြာရဲ့ စည်းပွားရေးလုပ်ငန်းတွေလည်း ပါသွားခဲ့ပါတယ်။ ဒီအပြောင်းအလဲဟာ စီးပွားရေးသမားတွေအပေါ်မှာသာ သက်ရောက်ခဲ့တာမဟုတ်ဘဲ နိုင်ငံရေးနဲ့ဆက်နွှယ်နေသူတွေ၊ သူတို့ရဲ့မိသားစုတွေနဲ့ လူမှုဘဝတွေကိုပါ အကျိုးသက်ရောက်စေခဲ့ပါတယ်။ ဝင်းမင်းသန်းအတွက်လည်း အဲဒီအချိန်ဟာ ဘဝကို နောက်တစ်ကြိမ် ပြောင်းလဲစေမယ့် အချိုးအကွေ့ ဖြစ်လာခဲ့ပြီး ၁၉၆၅ ခုနှစ်မှာ ခင်ပွန်းဖြစ်သူ ဗိုလ်စကြာနဲ့အတူ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ရှောင်တိမ်းခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်လာတဲ့တိုင်း အနုပညာရှင်တွေ၊ အခြားသက်ဆိုင်ရာပညာရှင်တွေ၊ နိုင်ငံရေးနဲ့ ဆက်နွှယ်သူတွေ မိသားစုတွေဟာလည်း ကိုယ့်နိုင်ငံကနေ ထွက်ခွာသွားခဲ့ကြရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ တစ်ချို့က အခွင့်အရေးရှာဖို့ ထွက်ခွာခဲ့ကြတယ်။ တချို့က ပိုမိုလုံခြုံတဲ့ဘဝကို ရှာဖို့ ထွက်ခွာခဲ့ကြတယ်။ တချို့ကတော့… အခြေအနေတွေက သူတို့ကို ထွက်ခွာစေခဲ့တာပါ။ ဝင်းမင်းသန်းရဲ့ ဘဝမှာလည်း ဒီလိုပဲ တစ်ချိန်က သူမကို နိုင်ငံတကာရုပ်ရှင်လောကဆီ ခေါ်ဆောင်သွားခဲ့တဲ့ ကံကြမ္မာက… နောက်ပိုင်းမှာ သူမကို မြန်မာနိုင်ငံနဲ့ ဝေးရာဆီ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ အဲဒီနောက် ဗိုလ်စင်္ကြာဟာ အစိုးရပုန်ကန်သူဘဝနဲ့ ၁၉၆၉ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ထိုင်းနိုင်ငံမှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဝင်းမင်းသန်းဟာ သားဖြစ်သူနဲ့အတူ ဩစတြေးလျနိုင်ငံမှာ အခြေချနေထိုင်ခဲ့ပါတော့တယ်။ အဲဒီနောက်… တစ်ချိန်က ကမ္ဘာ့ရုပ်ရှင်ပရိသတ်တွေသိရှိခဲ့တဲ့ မင်းသမီးတစ်ယောက်ရဲ့ နာမည်ဟာလည်း သမိုင်းဆိုတဲ့ သံသရာစက်ဝန်းထဲမှာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပါတော့တယ်။ ဒီ video မှာတော့ မြန်မာ့ပထမဆုံး ဟောလိဝုဒ်မင်းသမီးဖြစ်ခဲ့တဲ့ ဝင်းမင်းသန်းရဲ့ ကိုလိုနီခေတ်၊ ဒုတိယကမ္ဘာစစ်နဲ့ ၁၉၆၂ အာဏာသိမ်းမှုတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ပြီး နောက်ဆုံး သူ့ရဲ့ဘဝဟာ ဘယ်လို မှေးမှိန်ပျောက်ကွယ်သွားခဲ့လဲ ဆိုတာတွေကို ပြောပြပေးထားပါတယ်။ #portal90 #ဝင်းမင်းသန်း #ခရမ်းရောင်လွင်ပြင် #thepurpleplain #ဟောလိဝုဒ် Chapter: 00:00 - Intro 01:54 - ဝင်းမင်းသန်း မွေးဖွားတဲ့ကာလနဲ့ ကမ္ဘာ/မြန်မာ့ ကိုလိုနီခေတ်နိုင်ငံရေးအခြေအနေ 05:19 - ၁၉၄၅ ကမ္ဘာစစ်အပြီး မြန်မာနိုင်ငံရဲ့အနုပညာလှုပ်ရှားမှုများ 08:10 - ၁၉၅၀ လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံရဲ့အနုပညာလှုပ်ရှားမှုများ 10:15 - မင်းသမီးရှာပုံတော်နှင့် ဝင်းမင်းသန်းကို ရှာဖွေတွေ့ရှိခြင်း 11:22 - ဝင်းမင်းသန်းနဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာတို့ အီတလီမှာ လက်ထပ်ခြင်း 12:54 - မြန်မာနိုင်ငံမှာ ရိုက်ခွင့်မရှိခဲ့တဲ့ The Purple Plain ရုပ်ရှင် 14:31 - ဟောလိးဝုဒ်ကို မရွေးချယ်ခဲ့တဲ့ ဝင်းမင်းသန်း 17:01 - ၁၉၆၂ အာဏာသိမ်းမှု/ပြည်သူပိုင်မှုနဲ့အတူ ပျောက်ကွယ်သွားတဲ့ ဝင်းမင်းသန်း 18:42 - နောက်ထပ် ဝင်းမင်းသန်းတစ်ရောက် ရှိလာနိုင်သေးလား? | End