Перейти к содержимому

ပြည်ကြီးငါးချဉ်စပ် Myanmar spicy stir fry cuttlefish

Cook for K1

0:00 / 0:00

ပြည်ကြီးငါးချဉ်စပ် Myanmar spicy stir fry cuttlefish

82 576 просмотров · 5 лет назад
Cook for K1
462 тыс. подписчиков
82 576 просмотров · 5 лет назад
ချဉ်ချဉ်စပ်စပ်လေးနဲ့ ပူပူလေးကြော်ထားတဲ့ ပြည်ကြီးငါးချဉ်စပ်ဟင်းလေးပါ။ ပြည်ကြီးငါးချဉ်စပ်ဟင်းချက်နည်းက ဓနုဖြူဒေါ်စောရီရဲ့ မြေးဖြစ်သူ အစ်မ မအိသက်ရဲ့ ချက်နည်းလေးအတိုင်းချက်ထားပါတယ်ခင်ဗျာ။ ဆိုင်မှာ စားတဲ့အတိုင်းအရသာကို ရမှာဖြစ်တာကြောင့် ပြည်ကြီးငါးကြိုက်တဲ့သူငယ်ချင်းတွေစမ်းချက်ကြည့်ပါဦးခင်ဗျာ။ ပါဝင်ပစ္စည်းများ ပြည်ကြီးငါး - ၁ ကောင် ချင်း (ဂျင်း) ရည် - ၂ ဇွန်း (စားပွဲတင်ဇွန်း) ဆား - ဇွန်းတဝက် (စားပွဲတင်ဇွန်း) ရှလကာရည် - ၁ ဇွန်း (စားပွဲတင်ဇွန်း) ကြက်သွန်ဖြူ - အနည်းငယ် ကြက်သွန်နီ - ၁ လုံး ချင်း (ဂျင်း) - လက်တဆစ် မုန်လာဥနီ - ၁ လုံး နံနံပင် - အနည်းငယ် သံပရာသီး - ၁ လုံး ငရုတ်သီးစိမ်း - အနည်းငယ် အချိုမှုန့် သို့ ကြက်သားမှုန့် - အနည်းငယ် ငါးငံပြာရည် - ၁ဇွန်း း (စားပွဲတင်ဇွန်း) နနွင်းမှုန့် - အနည်းငယ် ငရုတ်သီးမှုန့် -၁ ဇွန်း (စားပွဲတင်ဇွန်း) ဆီ - ၃ ဇွန်း (စားပွဲတင်ဇွန်း) တို့လိုအပ်ပါတယ် ကျွန်တော် K2 ရဲ့ Youtube @K2 Vlog Youtube Channel အသစ်လေးကိုလည်း Subscribe လုပ်ပြီး အားပေးသွားပါဦးခင်ဗျာ။    / Канал   အခုမှ ဒီချန်နယ်ကိုရောက်လာတဲ့ သူငယ်ချင်းအသစ်တွေလည်း ကျွန်တော့်ရဲ့ Cookfork1 ချန်နယ် ကို Subscribe ပြီးအားပေးသွားပါဦးခင်ဗျာ ။ ဗီဒီယိုအသစ်တင်တိုင်း သိရဖို့အတွက် ဘေးနားက ခေါင်းလောင်းလေးကိုလည်း နှိပ်ဖို့မမေ့နဲ့နော်... ဗီဒီယိုကိုကြည့်ပြီး မရှင်းလင်းတာရှိရင်လည်း comment ပေးပြီးမေးလို့ရပါတယ်။ လာရောက်ကြည့်ရှုသူ သူငယ်ချင်းလုံး ကျန်းမာပျော်ရွှင်ကြပါစေ။