Перейти к содержимому

ဗိုလ်အယ်စေးဝါး ပြောပြတဲ့ ကျိုက်မရော ဘိလပ်မြေစက်ရုံကိစ္စ

ငွေမောင်းသံ မီဒီယာ

0:00 / 0:00

ဗိုလ်အယ်စေးဝါး ပြောပြတဲ့ ကျိုက်မရော ဘိလပ်မြေစက်ရုံကိစ္စ

660 461 просмотр · 2 года назад
ငွေမောင်းသံ မီဒီယာ
174 тыс. подписчиков
660 461 просмотр · 2 года назад
ဗိုလ်အယ်စေးဝါး ပြောပြတဲ့ ကျိုက်မရော ဘိလပ်မြေစက်ရုံကိစ္စ (အင်တာဗျူးရုပ်သံ) …………………………. မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ MCL ဘိလပ်မြေစက်ရုံဟောင်း အတွင်းရှိ လုပ်ငန်းသုံး စက်ပစ္စည်းတွေကို ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့ KNLA - PDF တပ်ဖွဲ့ဝင်တွေက ခိုးယူသယ်ဆောင်ပြီး အလွဲသုံးစား လုပ်ခဲ့တာကြောင့် ထိုင်းအစိုးရ တာဝန်ရှိသူတွေက အရေးယူပေးဖို့နဲ့ လျော်ကြေးရလိုကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ကို ဆက်သွယ် အကြောင်းကြားခဲ့တယ်လို့ စစ်ကောင်စီ ထောက်ခံတဲ့ NP News မီဒီယာမှာ သတင်းဖော်ပြခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းကုမ္ပဏီဘက်က ဘတ်သန်း(၄၀ဝ) လျော်ကြေး တောင်းခဲ့ပြီး KNU ဗဟိုက ဗိုလ်အယ်စေးဝါးကို လာရောက်ရှင်းလင်းပေးဖို့ ဆင့်ခေါ်ခဲ့တာကြောင့် လက်ရှိအချိန်မှာ ဗိုလ်အယ်စေးဝါးက ရှောင်တိမ်းနေတယ်လို့လည်း အကြမ်းဖက် စစ်ကောင်စီ ထောက်ခံတဲ့ NP News မီဒီယာမှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ အကြမ်းဖက် စစ်ကောင်စီ ထောက်ခံတဲ့ မီဒီယာတွေမှာ စွပ်စွဲဖော်ပြခဲ့တဲ့ ကျိုက်မရော ဘိလပ်မြေ စက်ရုံကိစ္စနဲ့ပတ်သက်ပြီး ငွေမောင်းသံ မီဒီယာက Lion Battalion ဗျူဟာစစ်ကြောင်း တာဝန်ခံ ဗိုလ်အယ်စေးဝါးနဲ့ ဆက်သွယ်မေးမြန်းမှုတွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ …………………… #ဗိုလ်အယ်​စေးဝါး #Lion_Battalionဗျူဟာစစ်​ကြောင်း #ကျိုက်မ​ရောဘိလပ်​မြေစက်ရုံ #KNU #ငွေမောင်းသံ မီဒီယာရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို အောက်ပါလင့်ခ်တွေမှာလည်း ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ YouTube -    / @user-hrtjmyanmar   Telegram - https://t.me/Ngwemaungthan Website - https://www.hrtjmyanmar.org/