တချိန်က ဒေါင်းသဲချေ နှင့် စောအုန်းမြင့် (ပွဲကောင်းပွဲဟောင်းများ)
Myanmar4you
0:00 / 0:00
တချိန်က ဒေါင်းသဲချေ နှင့် စောအုန်းမြင့် (ပွဲကောင်းပွဲဟောင်းများ)
33 917 просмотров · 3 года назад
Myanmar4you
244 тыс. подписчиков
33 917 просмотров · 3 года назад
မာဂုဏ်ပြည့်ဝတဲ့အပြင် ဆွဲဆောင်မှုရှိတဲ့ထိုးလုံးသတ်ပေါက်လည်းရှိသူက ရိုးရာလက်ဝှေ့လောကမှာ ရှားပါတယ်။ ဒီအထဲမှာ ဒေါင်းသဲချေလည်းပါဝင်နေတာဖြစ်ပြီး သန်စွမ်းသွက်လက်တဲ့ ချုပ်ဒူးများနှင့် အမြင့်ခတ်ချက်တွေကို သတ္တိနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ စင်ပေါ် ပျံဝဲနေတဲ့ ဒေါင်းတကောင်အလား သူ့ကို ရှုမြင်ရပါတယ်။ စောအုန်းမြင့်(မြို့တော်စည်ပင်) ဆိုတဲ့နာမည်တလုံးကလည်း ထင်ထင်ရှားရှားရှိအောင် မိုက်ဂုဏ်မာဂုဏ်ပြင်းခဲ့သလို အနားယူသွားတဲ့ လက်ဝှေ့ ကျော် သားသားနဲ့တွဲပြီး စောအုန်းမြင့်ကို လူသိများကြပါတယ်။ ဘီလူးရုပ်တက်တူးပြည့်နှင့် တုံးတိုက်ကျားကိုက်ဆိုတဲ့လက်ဝှေ့သမားအမျိုးအစားဖြစ်ပြီး အထက်ပါမောင်နှစ်ဦးဆုံတဲ့အခါ တိုက်ပွဲက လှပ ပြင်းထန်ပါတယ်။