ပြည်ထောင်စုသစ္စာ စဆုံး (HD)
Aung Kyaw Soe
0:00 / 0:00
ပြည်ထောင်စုသစ္စာ စဆုံး (HD)
284 555 просмотров · 9 лет назад
Aung Kyaw Soe
1,06 тыс. подписчиков
284 555 просмотров · 9 лет назад
✪(၇၂)နှစ်မြောက်တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်း “ပြည်ထောင်စုသစ္စာ”✪
၂၀၁၇ ခုနှစ်၊ (၇၂)နှစ်မြောက်တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့် “ပြည်ထောင်စုသစ္စာ” ဇာတ်လမ်း
စစ်ကားကောင်းကြိုက်သူတွေအတွက် ကြည့်သင့်တာထက်အပြင် သိမ်းဆည်းထားသင့်တဲ့ မြန်မာစစ်ကားကောင်းတစ်ကားပါ။
ဖြစ်ရပ်မှန်တွေကို ရိုက်ကူးထားတာဖြစ်ပြီး
စစ်သားဘ၀ကို ပီပြင်စေတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ် ...။
စစ်သားဘ၀ဆိုတာ သေမထူး နေမထူး မဟုတ်ဖူး
သေရင်လည်း မြတ်တယ်၊ နေရင်လည်း မြတ်ပါတယ် ...။
Credit to respective owners !
မုံးကိုးတိုက်ပွဲကို အခြေခံရိုက်ကူးထားတဲ့ ‘ပြည်ထောင်စုသစ္စာ’
(၇၂)နှစ်မြောက် တပ်မ တော်နေ့ဂုဏ်ပြုဇာတ်လမ်းကိုပြီး ခဲ့သည့်နှစ်အတွင်း ဖြစ်ပွားခဲ့ သည့် မုံးကိုးဒေသတိုက်ပွဲအကြောင်း အ ခြေခံ၍ ဇာတ်လမ်းဆင်ရိုက်ကူး ထားကြောင်း ဒါရိုက်တာတင် အောင်စိုး(ပန်းမြို့တော်)က ပြော ကြားသည်။
‘‘ကျောရိုးနောက်ခံပြုတာက တော့ ၂၀၁၆ နိုဝင်ဘာမှာဖြစ်ခဲ့တဲ့ မုံးကိုးတိုက်ပွဲပေါ့။ မုံးကိုးမှာအ တိုက်ခံခဲ့ရတဲ့ စခန်းတွေကို ပြန် ပြီးဇာတ်လမ်းဖွဲ့တာ။ ဖြစ်စဉ်မှန် အစစ်ကြီးတော့လည်း မဟုတ်ဘူး။ဇာတ်လမ်းဖွဲ့ပြီး၊ ဇာတ်ကောင် တွေထည့်ပြီး Story လေးတစ်ခု ဖန်တီးထားတာ’’ဟု ၎င်းကပြော သည်။
‘ပြည်ထောင်စုသစ္စာ’ အမည် ဇာတ်ကားတွင် ကျော်ရဲအောင်၊ ဝေဠုကျော်၊ နေမင်း၊ နေဒွေး၊ ထူးခန့်ကျော်၊ စိုးမြတ်သူ ဇာ၊ မေသဉ္ဇာဦး၊ မေသက်ခိုင်၊ မေဘရဏီသော်နှင့် မေကဗျာဦး တို့ပါဝင်သည်။
‘‘ပြီးခဲ့တဲ့ နှစ်ကတည်းကစ ပြီး ပြောင်းလဲတာ။ မနှစ်ကကိုယ် တို့ရိုက်တဲ့ အညတရမိုးကောင်း ကင်၊ အဲဒီမှာ ဘာတွေကောင်း လာလဲဆိုတော့ Computer Graphic အတွက်ကို တွက်ပြီး ရိုက်လာတယ်။ ကင်မရာတွေကို DOP(Director of Photography) အဖွဲ့သတ်သတ်ပေးထားတယ်။ ပြီးတော့ အပြင်ပရော်ဖက်ရှင် နယ် ကင်မရာမန်းတွေနဲ့ ရိုက် တယ်။ Team လေးနဲ့ လုပ်ကြ တယ်။ ပြီးတော့ သမားရိုးကျဆန် ဆန်ထဲက ခွဲထွက်လိုက်တယ်။ ရိုက်ချက်တွေကို ညှိကြတယ်။ လှုပ်ရှားမှုတွေ မကြိုက်မချင်း ရိုက်တယ်’’ဟု ရိုက်ကူးရေးပိုင်း နှင့်ပတ်သက်၍ ဒါရိုက်တာတင် အောင်စိုး(ပန်းမြို့တော်)က ပြောကြားသည်။
ရုပ်သံဇာတ်လမ်းဖြစ်သော် လည်း တစ်လကျော်ကြာ ရိုက်ကူးထားပြီး မုံးကိုဒေသနှင့် ဆင်တူသည့်နေရာများကို ရှာဖွေ၍ ဆက်တင်များပြုလုပ်ကာ ရိုက်ကူးထားခြင်း ဖြစ်သည်။
ယင်းဇာတ်ကားကို မြ၀တီ ရုပ်မြင်သံကြားနှင့် ဆက်စပ်ရုပ် သံလိုင်းများမှ မတ်လ ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်ဆက်တိုက် ပြသမည်ဖြစ်သည်။
‘‘သရုပ်ဆောင်တဲ့အချိန်မှာ အခက်အခဲတွေက အများကြီး။ ဒိုင်ယာလော့ခ်ကျက်တဲ့အချိန်မှာ လည်း စာဖတ်သလို ဖြစ်နေတယ်။ တခြားလူတွေအနေနဲ့ ကိုယ်ပါရ တဲ့ ကာရိုက်တာက တော်တော် လွယ်တယ်ဆိုပေမယ့် ညီမအနေ နဲ့ကတော့ တော်တော်ခက်ခဲခဲ့ တာပါ။ ညီမအတွက် ပထမဆုံးသရုပ်
ဆောင်တဲ့ကားဖြစ်နေတော့ ပရိသတ်တွေက အားပေးကြပါဦး’’ ဟု ယင်းဇာတ်ကားတွင် ကလေး တစ်ယောက်အမေ မုဆိုးမအဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် မေ ဘရဏီသော်က ပြောသည်။
7Days