ငုံးအိမ်ကျူလ ( ဗန်းမော်ဗားရှင်း ) | ပါပီယွန် ။ ။ #ကာပ်ဖီ_poetry #ရွတ်ဖတ်သူ_သက်ငြိမ်နွေ
Kafkaesque Poetry ကာပ်ဖီ poetry
0:00 / 0:00
ငုံးအိမ်ကျူလ ( ဗန်းမော်ဗားရှင်း ) | ပါပီယွန် ။ ။ #ကာပ်ဖီ_poetry #ရွတ်ဖတ်သူ_သက်ငြိမ်နွေ
668 просмотров · 3 дн. назад
Kafkaesque Poetry ကာပ်ဖီ poetry
888 подписчиков
668 просмотров · 3 дн. назад
ငါ အိမ်က ထွက်သွားတော့မယ်ဆိုတော့ ငါ့အဘွားဟာ ငိုတယ်။ ငါ့ကို ချော့တယ်၊ မနက်မိုးလင်းတိုင်း နှစ်ရာကျပ်ပေးမယ် အဘွား မသေမချင်းတဲ့။ အသုဘရှိရင် ဖဲရိုက်ဖို့သပ်သပ် ပေးဦးမှာတဲ့။ အဘွားချက်တဲ့ မုန့်ညှင်းစောဟင်းရည် မသောက်ရပဲ နေနိုင်လို့လားတဲ့။ အဘွားကို မဂ္ဂဇိန်ဖတ်ပြဖို့ ငါ့သား မရှိလို့မဖြစ်ဘူးလေတဲ့။ ဂစ်တာတီးပြရဦးမှာလေတဲ့။
ငါမမှတ်မိတော့တဲ့ငါ့အကြိုက်တွေ တတွတ်တွတ်ရွတ်လို့ပေါ့။ ငါက ငယ်ရွယ်တော့ မိုက်မဲခဲ့တယ်။ စောက်သုံးမကျတဲ့ စာအုပ်တချို့ဖတ်ပြီး စွန့်စားချင်လွန်းခဲ့တော့ကာ နှင်းတွေ ပိန်းပိတ် အောင် မှောင်နေတဲ့မနက်ခင်းတစ်ခုမှာ မြင်းလှည်းပေါ်တက်ပြီး သင်္ဘောဆိပ်ဆီထွက်သွားခဲ့တာပါပဲ။ မြင်းလှည်းနောက်မြီးလေးကို ကိုင်ထားတဲ့ အဘွားက ဘုရားစာတွေ ရွတ်ပေးနေခဲ့သေးသလား ဝိုးတဝါးရယ် ။ ။
ပါပီယွန် | ငုံးအိမ်ကျူလ ( ဗန်းမော်ဗားရှင်း )
#ကာပ်ဖီ_poetry
#ရွတ်ဖတ်သူ_သက်ငြိမ်နွေ
#ငုံးအိမ်ကျူလ
#ပါပီယွန်
BG Music : Clavier music israel anthem piano from Pixabay [ free license ]
ဓာတ်ပုံ - သစ်မင်းအိမ်
| Telegram @TNN2021 လို့ရိုက်ရှာပြီး subscribe လုပ်ထားပေးပါဦး
ဒီအပုဒ်မှာ ပါပီယွန်ဟာ ဝေးခေါင်ရဲ့ ငုံးအိမ်ကျူလ ကဗျာကို ဖော်ပြရင်း ရေးထားတာဖြစ်ပေမဲ့
စာထဲကအတိုင်း တပြိုင်တည်းဖတ်ဖို့ ကျနော့်အဆင်မပြေမှုအတွက် အားနာပါတယ်။ ဝေးခေါင်ရဲ့ ငုံးအိမ်ကျူလ ကို သက်သက်ပြန်ဖတ်ပြပေးပါမယ်။