သားအိမ်အကျိတ် ရှိသူ တစ်ဝက်က ဒါကို မသိကြဘူး — လက္ခဏာ ၆ ချက်
Dr Loikaw
0:00 / 0:00
သားအိမ်အကျိတ် ရှိသူ တစ်ဝက်က ဒါကို မသိကြဘူး — လက္ခဏာ ၆ ချက်
7 913 просмотров · 1 месяц назад
Dr Loikaw
323 тыс. подписчиков
7 913 просмотров · 1 месяц назад
သားအိမ်အကျိတ် (Uterine Fibroid / Myoma) ဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး အကျိတ်ပါ။ ဒါပေမယ့် ရှိသူတွေရဲ့ တစ်ဝက်လောက်ကပဲ လက္ခဏာ ခံစားရပြီး ကျန်တဲ့သူတွေက ရှိမှန်းတောင် မသိကြပါဘူး။
ပိုအရေးကြီးတာက အကျိတ် ကြီးလေ ဆိုးလေ မဟုတ်တာပါ။ ၁ လက်မ အကျိတ်လေးတစ်ခုက ၃ လက်မ အကျိတ်ကြီးထက် သွေး ပိုဆင်းစေနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတာ ဒီ video ထဲမှာ ရှင်းပြထားပါတယ်။
ဒီ video မှာ ပါဝင်တဲ့ လက္ခဏာ ၆ ချက်
ရာသီသွေး များတာကို ကိုယ်တိုင် တိုင်းတာနိုင်တဲ့ နည်း ၃ မျိုး
ရာသီရက် ကြာတာနဲ့ ရာသီ မမှန်တာ
မောပန်းပြီး အားနည်းတာ — အန္တရာယ် အရှိဆုံး လက္ခဏာ
ဆီး ခဏခဏ သွားရတာနဲ့ ဝမ်းချုပ်တာ
ဗိုက်အောက်ပိုင်း ဖိနေတာနဲ့ ဗိုက် ဖောင်းလာတာ
ဆက်ဆံရာမှာ နာကျင်တာ
မေးလေ့ရှိတဲ့ မေးခွန်းတွေ ဖြစ်တဲ့ "အကျိတ်ရှိရင် ကလေး မရတော့ဘူးလား" ၊ "ကြီးလာမှာ ကြောက်လို့ အခုကတည်းက ခွဲထားလို့ ရလား" ၊ "ဒီလက္ခဏာတွေ ရှိရင် အကျိတ် သေချာပြီလား" ဆိုတာတွေကိုပါ ဖြေပေးထားပါတယ်။
Ultrasound မှာ အကျိတ် တွေ့ထားပြီးသား ဆိုရင် "ခွဲရမလား ၊ စောင့်ကြည့်ရမလား" ဆိုတဲ့ video ကို ဒီ channel မှာ ဆက်ကြည့်ပါ။
ထိုင်းနိုင်ငံမှာ ဆက်လက် ကုသဖို့ စဉ်းစားနေတယ် ဆိုရင် ကိုယ့်ရဲ့ ultrasound report ကို မြန်မာဘာသာနဲ့ ရှင်းပြပေးပြီး ထိုင်းက အထူးကု ဆရာဝန်နဲ့ ချိတ်ပေးတာကို ကျနော် လုပ်ပေးနေပါတယ်။ ဆေးရုံနဲ့ ချိတ်ပေးတဲ့အတွက် ဝန်ဆောင်ခ ရပေမယ့် ဈေးနှုန်းက ဆေးရုံကို တိုက်ရိုက် သွားတာနဲ့ အတူတူပါပဲ။ Facebook Messenger မှာ စာပို့ထားပါ။
⚠️ ကျနော် သိတာလေးတွေ လူတွေ သိရအောင် Knowledge sharing လုပ်ပေးနေတာပါ ၊ ဒါပေမယ့် online ကနေ တစ်ယောက်ချင်းစီအတွက် ဆေးညွှန်း မပေးနိုင်ပါ — လူနာကို ကိုယ်တိုင်မစစ်/မစမ်းသပ် ဘဲ ပြောရင် အန္တရာယ်ရှိလို့ပါ။ စိုးရိမ်စရာဆိုရင် နီးစပ်ရာ ဆရာဝန်ကို ပြပါ။
📚 အကိုးအကား — Mayo Clinic ၊ CDC ၊ Baird et al. (Am J Obstet Gynecol 2003) ၊ Eltoukhi et al. (2014) ၊ Peddada et al. (PNAS 2008) ၊ Mavrelos et al. (2010) ၊ WHO GHO 2019 ၊ SOGC Guideline No. 461 (2025)
#သားအိမ်အကျိတ် #သားအိမ်အကျိတ်လက္ခဏာ #ရာသီသွေးများခြင်း #သွေးအားနည်းခြင်း #UterineFibroids #Myoma #ဒေါက်တာဇင်မင်းထွန်း #ဒေါက်တာလွိုင်ကော် #အမျိုးသမီးကျန်းမာရေး