Перейти к содержимому

ဘဒ္ဒန္တဣန္ဒကာဘိဝံသ၏ ဥတုဇရုပ်ကလာ‌ပ်တော် ပင့်ဆောင်ခြင်းနှင့် အန္တိမစျာပန ကျင်းပပူဇော်ကြခြင်း (21-1-23)

မြစကြာကျောင်းတိုက် (MyaSakKyar Monastery, Myanmar)

0:00 / 0:00

ဘဒ္ဒန္တဣန္ဒကာဘိဝံသ၏ ဥတုဇရုပ်ကလာ‌ပ်တော် ပင့်ဆောင်ခြင်းနှင့် အန္တိမစျာပန ကျင်းပပူဇော်ကြခြင်း (21-1-23)

791 872 просмотра · 3 года назад
မြစကြာကျောင်းတိုက် (MyaSakKyar Monastery, Myanmar)
42,4 тыс. подписчиков
791 872 просмотра · 3 года назад
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း (၁) ရက် (၂၁-၁-၂ဝ၂၃) စနေနေ့ စစ်ကိုင်းမြို့၊ မြစကြာကျောင်းတိုက်နှင့် မြစကြာကျောင်းတိုက်ခွဲများအားလုံးတို့၏ မဟာနာယကဆရာတော် သက်တော် (၅၈) နှစ်၊ သိက္ခာတော် (၃၈) ဝါ ရှိတော်မူသော ဘဒ္ဒန္တဣန္ဒကာဘိဝံသ၏ ဥတုဇရုပ်ကလာ‌ပ်တော် ပင့်ဆောင်ခြင်းနှင့် အန္တိမစျာပန ကျင်းပပူဇော်ကြခြင်း အန္တိမစျာပနသာဓုကီဠနပူဇာ စတုတ္ထနေ့ အခမ်းအနား စတုတ္ထပိုင်း (နောက်ဆုံးပိုင်း) မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာ၊ သိမ်တော်ရပ်၊ ခမည်းတော် ဦးကျော့ရွေ + မယ်တော် ဒေါ်မြစိန် တို့မှ ၁၃၂၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက်၊ (၃-၁ဝ-၁၉၆၅) တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသည်။၁၃၈၄ ခုနှစ်၊ ပြာသိုလဆုတ် (၁၂) ရက် (၁၇-၁-၂ဝ၂၃) အင်္ဂါနေ့ နံနက် (၈း၃ဝ) အချိန်တွင် ပျံလွန်တော်မူသည်။ "မြစကြာမဟာနာယကဆရာတော်" တပည့်တွေ မြင့်စိတ်ဓာတ် ဆင့်နှိပ်ခတ် အခြေတည်။ ကျမ်းရင်းကို ညက်ညက်ချ လက်လက်ထပြီ။ သြဝါဒ ပက်ဖျန်းမည် တက်လမ်းဆီ တင်ပေး။ မြစကြာ ဇေယျာတိုင်းမှာ သမိုင်းသစ်ရေး။ စကြာဘုန်းနွယ် (၁၉-၁ဝ-၂ဝ၂၂) ညနေ ၅း၃၅ ''နေနှင့်လ ကွယ်ပခြင်း" နေတစ်ဆူ ဖခင်တမျှ လက္ခဏ ထေရ်အရှင်။ လတစ်သွယ် မိခင်အလှ ဣန္ဒက ထေရ်သခင်။ နေနဲ့လ ကွယ်ပစဉ် စကြာယာဉ် ရှေ့ခရီး။ ညီတညာ ကိုယ်စီထမ်းလို့ရယ် လျှောက်လှမ်းစုစည်း။ စကြာဘုန်းနွယ် (၃၁-၁-၂ဝ၂၃) ည ၈း၂၅ ------------------------------------------------------------------------------ Uploaded by Disciple; SakkyaNweShin (BiluKyun) 10.2.2023-Fri-19:39