နယ်ခြားစောင့်တပ် ဗိုလ်မှူးမုတ်သုံအဖွဲ့ မိုးရေထဲမှာ အုပ်စုလိုက် လမ်းပေါ်တက်ကာ ဆုတောင်း
TawNaw FM
0:00 / 0:00
နယ်ခြားစောင့်တပ် ဗိုလ်မှူးမုတ်သုံအဖွဲ့ မိုးရေထဲမှာ အုပ်စုလိုက် လမ်းပေါ်တက်ကာ ဆုတောင်း
103 643 просмотра · 1 г. назад
TawNaw FM
14,5 тыс. подписчиков
103 643 просмотра · 1 г. назад
နယ်ခြားစောင့်တပ် ဗိုလ်မှူးမုတ်သုံအဖွဲ့ မိုးရေထဲမှာ အုပ်စုလိုက် လမ်းပေါ်တက်ကာ ဆုတောင်း
၂၀၂၅၊ ဇူလိုင် ၂၉၊ ကော်သူးလေ/ TawNaw FM
စစ်ကောင်စီလက်အောက်ခံ၊ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်က ဒုဗိုလ်မှူးကြီးစောမုတ်သို(မုတ်သုံ)အဖွဲ့ဟာ ရေကြီး၊ ရေလျှံနေတဲ့တစ်နေရာမှာ မိုးရွာနေတဲ့အချိန် လမ်းမပေါ်တက်ကာ ဘုရားစာရွက်ပြီး ဆုတောင်းခဲ့တယ်လို့ ပါဝင်သူတစ်ဦးက တောနော်ကိုပြောပါတယ်။
"ဆရာနဲ့တပည့်တွေကရင်ပြည်နယ်နဲ့ မြန်မာနိုင်ငံကြီးငြိမ်းချမ်းပါစေ ရည်ရွယ်ပြီး မိုးထဲရေထဲမှာမေတ္တာပို့ဆုတောင်းခြင်းပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အခုလ ၂၇ရက်က“ကရင်ပြည်ငြိမ်းချမ်းရေးဆုတောင်းပွဲ”ခေါင်းစဉ်နဲ့ မြိုင်ကြီးငူအထူးဒေသမှာ ပြုလုပ်ခဲ့အပြီး အခုလိုမိုးရေထဲမှာ ဆုတောင်းခဲ့ကြတာလို့ ပါဝင်သူကတောနော်ကိုပြောပါတယ်။
ဆုတောင်းပွဲမှာ ဒုဗိုလ်မှူးကြီး မုတ်သုံက စာရွက်ကိုင်ထားပြီး ဘုရားစာတွေကိုရှေ့ကရွတ်ဆိုကာ ကျန်သူတွေက လက်နက်နဲ့တကွ လက်အုပ်ချီ အနောက်ကနေ လိုက်ရွတ်ဆိုနေကြတာကို တွေ့ရပါတယ်။
အဆိုပါ ဆုတောင်းပွဲမှာ ကားကိုးစီးနဲ့ လူ ၇၀ ဝန်းကျင်ပါဝင်နေတာကို တွေ့ရပြီး ဆုတောင်းမေတ္တာပို့သမှုအပြီးမှာတော့ ”အောင်ပြီ”လို့ ၁၀ ကြိမ် အော်ခဲ့ကြပါတယ်။
ဒုဗိုလ်မှူးကြီး စောမုတ်သုံဟာ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ရဲ့ တပ်နယ်(၄)၊ တပ်နယ်မှူးဖြစ်ပြီး ကရင်ပြည်နယ် သာသနနုဂ္ဂဟအသင်းဥက္ကဋ္ဌလည်းဖြစ်ပါတယ်။
အခုနှစ် ဖေဖော်ဝါရီလပိုင်းမှာ ထိုင်း-မြန်မာနယ်စပ်၊ တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ၊ လူကုန်ကူးကိစ္စတွေနဲ့ပတ်သက်လို့ နယ်ခြားစောင့်တပ်အကြီးအကဲသုံးဦးဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုဗိုလ်မှူးကြီး စောတင်ဝင်း၊ ဒုဗိုလ်မှူးကြီးစောမုတ်သုံတို့ကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
သတင်း- ဆိုဒ်ဖါန်ဟှေဝ်
ဗီဒီယို - ရေကြီးရေလျှံထဲက ဆုတောင်းပွဲ
File - Supplied