Перейти к содержимому

Khit Thit Morning News | 30 August 2026

Khit Thit Media

0:00 / 0:00

Khit Thit Morning News | 30 August 2026

413 915 просмотров · 17 часов назад
Khit Thit Media
3,27 млн подписчиков
413 915 просмотров · 17 часов назад
Khit Thit သတင်းဌာန၏ ဩဂုတ် ၃၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၃၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာနိုင်ငံမှာ သမဝါယမစနစ် ပြန်လည်ရှင်သန်အားကောင်းလာစေရေးအတွက် တစ်နိုင်ငံလုံးက သမဝါယမအသင်းတွေရဲ့ အမှုဆောင်အဖွဲ့တွေကို ပြန်လည်ဖွဲ့စည်းဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ညွှန်ကြားလာပြန်တယ်လို့ သမဝါယမဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်တပ်က နောက်ဆုံးထိန်းချုပ်လို့ရနေသေးတဲ့ နောက်ဆုံးလက်ကျန် မြို့ ၃ မြို့ထဲက ကျောက်ဖြူမြို့နယ်မှာ စစ်တပ် ဗိုလ်ကြီး အောင်ဖြိုးဦး ဆိုသူက ကုန်ပစ္စည်း သယ်ယူရောင်းချခွင့်ကို ထိန်းချုပ်ပြီး နီးစပ်ရာကုန်သည်တွေကိုသာ လာဘ်ငွေယူ လုပ်ပိုင်ခွင့်ချထားပေးမှုနဲ့ ကုန်စည်ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတဲ့အတွက် ကုန်စျေးနှုန်းတွေ အဆမတန်ထိုးတက်နေတယ်လို့ ဒေသခံတွေနဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ရန်ကုန်၊ ညောင်ဦးနဲ့ မုံရွာမြို့တွေမှာ စစ်တပ်က လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေနဲ့ ငွေညှစ်မှုတွေ အကြီးအကျယ် ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေဿခံတွေက ပြောလာကြပါတယ်။ အမေရိကန်က ဗင်နီဇွဲလားရဲ့ ရေနံစည် ၆၅ ဘီလီယံကျော်ကို ထိန်းချုပ်ခွင့်ရတဲ့ ကမ္ဘာ့သမိုင်း တစ်လျှောက် အကြီးမားဆုံး ရေနံသဘောတူညီချက် ရရှိခဲ့တယ်လို့ သမ္တတ Trump က ကြေညာတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို သတင်းတွေကို တင်ဆက်ပေးပါမယ်။