Перейти к содержимому

အညာက အမျိုးသမီးတွေ ဘာတွေ စိန်ခေါ်မှုကြုံနေရလဲ (ချစ်သောအညာမြေ)

MizzimaTV

0:00 / 0:00

အညာက အမျိုးသမီးတွေ ဘာတွေ စိန်ခေါ်မှုကြုံနေရလဲ (ချစ်သောအညာမြေ)

5 890 просмотров · 19 часов назад
MizzimaTV
3,35 млн подписчиков
5 890 просмотров · 19 часов назад
မြန်မာပြည်အလယ်ပိုင်း အညာဒေသမှာ ပဋိပက္ခတွေနဲ့အတူ ဒေသန္တရအုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်ဖို့ ကြိုးပမ်းနေကြရပါတယ်။ ဒီလိုအခြေအနေမှာ အမျိုးသမီးတွေဟာ လူမှုရေး၊ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ အခက်အခဲတွေအပြင် ဒေသန္တရအုပ်ချုပ်ရေးနဲ့ တရားမျှတမှုစနစ်တွေမှာ ပါဝင်ဆောင်ရွက်ရာမှာလည်း စိန်ခေါ်မှုတွေ ကြုံတွေ့နေရပါတယ်။ အမျိုးသမီးမဟာမိတ်အင်အားစု (WAB) က စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း ပသုံးလုံးယန္တရားတွေရဲ့ လက်ရှိအခြေအနေ၊ တရားရေးမဏ္ဍိုင်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ အမျိုးသမီးတွေရဲ့ ဦးဆောင်ပါဝင်မှုအခန်းကဏ္ဍတွေကို ဆန်းစစ်လေ့လာပြီး လိုအပ်တဲ့ အစီအမံတွေနဲ့ ရှေ့ဆက်ဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ပါတယ်။ အညာဒေသက အမျိုးသမီးတွေ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့နေရသလဲ၊ ဒေသန္တရအုပ်ချုပ်ရေးနဲ့ တရားမျှတမှုစနစ်တွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ဘယ်လိုမြှင့်တင်နိုင်မလဲဆိုတာတွေကို ဒီတပတ် ချစ်သောအညာမြေ စကားဝိုင်း အစီအစဉ်မှာ ဆွေးနွေးတင်ဆက်ထားပါတယ်။ မေးမြန်း - နောင်နောင် တည်းဖြတ် - မဇ္ဈိမ #ချစ်သောအညာမြေ #အညာဒေသ #အမျိုးသမီးဦးဆောင်မှု #ဒေသန္တရအုပ်ချုပ်ရေး #WAB ---------------------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm Subscribe Mizzima TV :    / @mizzimanewstv   One link to follow all Mizzima platforms: https://mizzima.carrd.co