Перейти к содержимому

Khit Thit Morning News | 27 October 2026

Khit Thit Media

0:00 / 0:00

Khit Thit Morning News | 27 October 2026

33 076 просмотров · 1 час назад
Khit Thit Media
3,31 млн подписчиков
33 076 просмотров · 1 час назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၂၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့်သတင်းတွေကတော့ -မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေအတွင်း လူသတ်မှု၊ နေအိမ်မီးရှို့ဖျက်ဆီးမှုနဲ့ လူပေါင်းသောင်းနဲ့ချီကို အတင်းအကျပ် နေရပ်စွန့်ခွာစေမှုတွေအတွက် ချင်းအမျိုးသမီးတစ်ဦးက ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင် မြို့ မှာ မြန်မာစစ်ဗိုလ်ချုပ်တစ်ဦးကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက် တင်သွင်းလိုက်ပါတယ်။ ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့မှာ မြန်မာအလုပ်သမားတွေကြား CI စာအုပ်မလုပ်ရေး လှုပ်ရှားမှု အရှိန်မြင့်လာတာကြောင့် မဟာချိုင် CI စင်တာကို လာရောက်လုပ်ကိုင်သူ အလွန်နည်းပါးနေတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာက ရွှေဂူနီဘုရားကြီးဝင်းအတွင်း ပတ်ပတ်လည်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်း၊ ရှော့တိုက်ဒုံးနဲ့ ၆၀ မမ လက်နက်ကြီးတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ပြီး တပ်စခန်းအတွင်းက ဂျန်ပါလည်း ပျက်စီးခဲ့တယ်လို့ မုံရွာမြို့နယ် ပကဖ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ မြောက်ကိုရီးယား ဘက်က တောင်ကိုရီးယားနဲ့ နယ်စပ်အနီးမှာ ဟောင်ဝစ်ဇာအမြောက်တစ်စင်းကို လူမြင်ကွင်းမှာ ရှားရှားပါးပါး ထုတ်ဖော်ပြသခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။