ပဲကပ်ကြော် (Chickpea tempura)
Cook for K1
0:00 / 0:00
ပဲကပ်ကြော် (Chickpea tempura)
15 498 просмотров · 6 лет назад
Cook for K1
461 тыс. подписчиков
15 498 просмотров · 6 лет назад
စင်းလုံးချောသိပ်ပြီး မမွတဲ့ Cookfork1 ပဲကပ်ကြော်လေးပါ။ မုန့်ဟင်းခါးဆိုင်က ပဲကပ်ကြော်တွေ ဆိုရင် မွပြီး တော့ ကြွပ်ရွရွနဲ့ ဝါးပြီးရင်းဝါးချင်မှာပါ...
ပဲကပ်ကြော် ကြွပ်တာချည်းမဟုတ်ဘဲ...ကြွပ်မွ ကြွပ်မွဖြစ်အောင် ကြော်ပုံကြော်နည်း ကို သိတဲ့ သူငယ်ချင်းတွေ နည်းလေးတွေကို မျှဝေပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ...
အလုပ်မဆင်းသေးတဲ့ သူငယ်ချင်းတွေအနေနဲ့ အိမ်မှာ အပျင်းပြေ ကြော်စားလို့ရတဲ့ snack လေးတခုပါ။
(ပဲကပ်ကြော် ဗီဒီယိုအတွက် အသံသွင်းတုန်းက စိတ်နဲ့ လူနဲ့ မကပ်ဘဲ ၁၀ ခေါက်လောက်ပြန်သွင်းလိုက်ရပါတယ်)
ပါဝင်တဲပစ္စည်းတွေကတော့
ကုလားပဲ - ၁၆၀ ဂရမ် ( အကြော်ခံမှုန့် နဲ့ ဆ တူ အလေးချိန်ပါ- ကြိုက်တဲ့ တံဆိပ်သုံးလု့ိရပါတယ်..ကုလားပဲ ဖြစ်ရင် ရပါပြီ)
ရွှေလိပ်ပြာ အကြော်ခံမှုန့် - ၁ ထုတ် (အခြားတံဆိပ်သုံးရင် ၁၅၀ ဂရမ်ပဲသုံးပါ... )
ရေ - ၄၀၀ မီလီလီတာ (ရေသန့်ဘူးသေး ၁ ဘူး ခပ်လျော့လျော့)
ဆား - လက်ဖက်ရည်ဇွန်းတဝက် (ဒါမှမဟုတ်...စိတ်ကြိုက်ထည့်ပါ)
အချိုမှုန့်၊ ကြက်သားမှုန့် - ပါလေရာ... (မထည့်လည်းရပါတယ်)
ဆနွင်းမှုန့် - ပါလေရာ (များလေ..ဝါလေ..ဆိုတော့...အကြော်က ကျက်မကျက်...အရောင်မှန်းရခက်ပါတယ်)
ကြက်သွန်ဖြူ - ၅ မွှာ (မွှေးချင်ရင် ပိုထည့်ပါလေ... ကုလားပဲထက်တော့ မများစေပါနဲ့)
ဂျင်း - လက်တဆစ် (ဂျင်းက ခြောက်နေပြီး အရေမရွှမ်းရင် လက် ၂ ဆစ်ထည့်ပါ... အရမ်းခြောက်နေရင် ပိုထည့်ပါ)
ကြော်ရန် - ဆီ...များများ သုံးပါ...
Recipe တွေကို ကျွန်တော် ဖတ်တိုင်း ပျင်းပါတယ်။ ဒါကြောင့် ဖတ်တဲ့အခါ မပျင်းအောင်ရေးပေးတာပါ :D
ဒီပေ့ချ်လေးက ပို့စ်တင်ပေမယ့် လူတိုင်းဆီကိုမရောက်တဲ့ အတွက် ယူကျူ့မှာ Subscribe လုပ်တဲ့အခါ ဘေးနားက ခေါင်းလောင်းလေးကိုနှိပ်ထားရင် ပို့စ်အသစ်တင်တိုင်း Notification ကို သိရှိမှာဖြစ်ပါတယ်။
ဗီဒီယိုကိုကြည့်ပြီး မရှင်းလင်းတာရှိရင်လည်း comment ပေးပြီးမေးလို့ရပါတယ်။ ကျွန်တော် K2 ရဲ့ ဟင်းချက်တဲ့ ဗီဒီယိုလေးများကို အမြဲကြည့်ရှှုဖို့ ယူကျု့မှာ Subscribe လုပ်ပေးပါဦးခင်ဗျာ။ ဗီဒီယိုလေးတွေထပ်ပြီးတင်သွားဖို့ အားတွေက ကျွန်တော့် အချစ်ဆုံး K1 နဲ့ ကျွန်တော့်ရဲ့ ဗီဒီယိုလေးကို အမြဲအားပေးကြည့်ရှုပေးတဲ့ မိတ်ဆွေ တွေပါ။
လာရောက်ကြည့်ရှုသူ မိတ်ဆွေ တွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။
Cook for K1_ Youtube Channel
/ cookfork1
Cook for K1 _Facebook page
/ cookfork1
#cookfork1 #CookforK1 #ပဲကပ်ကြော် #chickpea
Zaw Gyi
ပဲကပ္ေၾကာ္ (Chickpea tempura)
စင္းလုံးေခ်ာသိပ္ၿပီး မမြတဲ့ Cookfork1 ပဲကပ္ေၾကာ္ေလးပါ။ မုန္႔ဟင္းခါးဆုိင္က ပဲကပ္ေၾကာ္ေတြ ဆိုရင္ မြၿပီး ေတာ့ ႂကြပ္႐ြ႐ြနဲ႔ ဝါးၿပီးရင္းဝါးခ်င္မွာပါ...
ပဲကပ္ေၾကာ္ ၾကြပ္တာခ်ည္းမဟုတ္ဘဲ...ၾကြပ္မြ ၾကြပ္မြျဖစ္ေအာင္ ေၾကာ္ပုံေၾကာ္နည္း ကို သိတဲ့ သူငယ္ခ်င္းေတြ နည္းေလးေတြကို မွ်ေဝေပးဖို႔ ေတာင္းဆိုပါတယ္ခင္ဗ်ာ...
အလုပ္မဆင္းေသးတဲ့ သူငယ္ခ်င္းေတြအေနနဲ႔ အိမ္မွာ အပ်င္းေျပ ေၾကာ္စားလို႔ရတဲ့ snack ေလးတခုပါ။
(ပဲကပ္ေၾကာ္ ဗီဒီယိုအတြက္ အသံသြင္းတုန္းက စိတ္နဲ႔ လူနဲ႔ မကပ္ဘဲ ၁၀ ေခါက္ေလာက္ျပန္သြင္းလိုက္ရပါတယ္)
ပါဝင္တဲပစၥည္းေတြကေတာ့
ကုလားပဲ - ၁၆၀ ဂရမ္ ( အေၾကာ္ခံမႈန႔္ နဲ႔ ဆ တူ အေလးခ်ိန္ပါ- ႀကိဳက္တဲ့ တံဆိပ္သုံးလု႔ိရပါတယ္..ကုလားပဲ ျဖစ္ရင္ ရပါၿပီ)
ေ႐ႊလိပ္ျပာ အေၾကာ္ခံမႈန႔္ - ၁ ထုတ္ (အျခားတံဆိပ္သုံးရင္ ၁၅၀ ဂရမ္ပဲသုံးပါ... )
ေရ - ၄၀၀ မီလီလီတာ (ေရသန႔္ဘူးေသး ၁ ဘူး ခပ္ေလ်ာ့ေလ်ာ့)
ဆား - လက္ဖက္ရည္ဇြန္းတဝက္ (ဒါမွမဟုတ္...စိတ္ႀကိဳက္ထည့္ပါ)
အခ်ိဳမႈန႔္၊ ၾကက္သားမႈန႔္ - ပါေလရာ... (မထည့္လည္းရပါတယ္)
ဆႏြင္းမႈန႔္ - ပါေလရာ (မ်ားေလ..ဝါေလ..ဆိုေတာ့...အေၾကာ္က က်က္မက်က္...အေရာင္မွန္းရခက္ပါတယ္)
ၾကက္သြန္ျဖဴ - ၅ မႊာ (ေမႊးခ်င္ရင္ ပိုထည့္ပါေလ... ကုလားပဲထက္ေတာ့ မမ်ားေစပါနဲ႔)
ဂ်င္း - လက္တဆစ္ (ဂ်င္းက ေျခာက္ေနၿပီး အေရမ႐ႊမ္းရင္ လက္ ၂ ဆစ္ထည့္ပါ... အရမ္းေျခာက္ေနရင္ ပိုထည့္ပါ)
ေၾကာ္ရန္ - ဆီ...မ်ားမ်ား သုံးပါ...
Recipe ေတြကို ကြၽန္ေတာ္ ဖတ္တိုင္း ပ်င္းပါတယ္။ ဒါေၾကာင့္ ဖတ္တဲ့အခါ မပ်င္းေအာင္ေရးေပးတာပါ :D
ဒီေပ့ခ်္ေလးက ပို႔စ္တင္ေပမယ့္ လူတိုင္းဆီကိုမေရာက္တဲ့ အတြက္ ယူက်ဴ႕မွာ Subscribe လုပ္တဲ့အခါ ေဘးနားက ေခါင္းေလာင္းေလးကိုႏွိပ္ထားရင္ ပို႔စ္အသစ္တင္တိုင္း Notification ကို သိရွိမွာျဖစ္ပါတယ္။
ဗီဒီယိုကိုၾကည့္ၿပီး မရွင္းလင္းတာရွိရင္လည္း comment ေပးၿပီးေမးလို႔ရပါတယ္။ ကြၽန္ေတာ္ K2 ရဲ႕ ဟင္းခ်က္တဲ့ ဗီဒီယိုေလးမ်ားကို အၿမဲၾကည့္ရွႈဖို႔ ယူက်ဳ႕မွာ Subscribe လုပ္ေပးပါဦးခင္ဗ်ာ။ ဗီဒီယိုေလးေတြထပ္ၿပီးတင္သြားဖို႔ အားေတြက ကြၽန္ေတာ့္ အခ်စ္ဆုံး K1 နဲ႔ ကြၽန္ေတာ့္ရဲ႕ ဗီဒီယိုေလးကို အၿမဲအားေပးၾကည့္ရႈေပးတဲ့ မိတ္ေဆြ ေတြပါ။
လာေရာက္ၾကည့္ရႈသူ မိတ္ေဆြ ေတြအားလုံး က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။
Cook for K1_ Youtube Channel
/ cookfork1
Cook for K1 _Facebook page
/ cookfork1
#cookfork1 #CookforK1 #ပဲကပ္ေၾကာ္ #chickpea