ယနေ့ ( ၂၉ - ၇ - ၂၀၂၆ ) အတွက် မိုးလေဝသခန့်မှန်းချက်များ
PSM Myanmar
0:00 / 0:00
ယနေ့ ( ၂၉ - ၇ - ၂၀၂၆ ) အတွက် မိုးလေဝသခန့်မှန်းချက်များ
42 121 просмотр · 2 месяца назад
PSM Myanmar
54,7 тыс. подписчиков
42 121 просмотр · 2 месяца назад
အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေ ဟယ်လ်ဒီယာ(Haldia)မြို့အနီးကနေ ဖြတ်ကျော်လာတဲ့ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) ဟာ အနောက်တောင်ဘက်ကို ရွေ့လျားခဲ့ပြီး မုန်တိုင်းငယ် (Depression) အဖြစ်ကို အားလျော့သွားခဲ့ပြီဖြစ်ပါတယ်။
ဒီမုန်တိုင်းငယ်ဟာ အနောက် အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး အန္ဒိယနိုင်ငံ ဩရိသပြည်နယ်မြောက်ပိုင်းကိုဖြတ်ကျော်ကာ တဖြည်းဖြည်း အားလျော့သွားမှာဖြစ်တာကို အန္ဒိယမိုးလေဝသ IMD နဲ့ မိုးဇလတို့က ထုတ်ပြန်ထားပြန်ထားပါတယ်။
ဒါ့အပြင် ဥရောပမော်ဒယ်ဖြစ်တဲ့ မုန်တိုင်းဖြစ်နိုင်ခြေ ရက်အလိုက် ရာခိုင်နှုန်းပြမြေပုံ အချက်အလက်တွေအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ အန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်အတွင်း လာမယ့် ဇူလိုင် ၃၁ ရက်နေ့အထိ မုန်တိုင်းဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းရှိနေတာကို တွေ့ရပါတယ်။
မုန်တိုင်းဖြစ်နိုင်ခြေ ရာခိုင်နှုန်းပြမြေပုံရဲ့ အပတ်စဉ်အလိုက်မြေပုံမှာလည်း လာမယ့် ဩဂုတ်လ ၃ ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းဖြစ်နိုင်ခြေရာခိုင်နှုန်းက ယခင် ၁၀ % ရှိနေရာကနေ ဩဂုတ်လ ၁၀ ရက်နေ့အထိ မုန်တိုင်းဖြစ်နိုင်ခြေမရှိတော့တာကို တွေ့ရပါတယ်။
ဒါ့ကြောင့် ဘင်္ဂလားပင်လယ်အော်အတွင်း ဩဂုတ်လ ၁၀ ရက်နေ့အထိ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်လာနိုင်ခြေ မရှိသလောက်ဖြစ်နေနိုင်ပါတယ်။
လက်ရှိမှာတော့ အန္ဒိယကုန်းတွင်းပိုင်းကို ဝင်ရောက်သွားတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် အနောက်တောင်မုတ်သုံလေက အားကောင်းနေသလို ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်က ထူထပ်နေတဲ့ မိိုးတိမ်တွေကလည်း မြန်မာနိုင်ငံ အတွင်း ဝင်ရောက်နေတာကို မိုးလေဝသခန့်မှန်းမော်ဒယ်တွေမှာ တွေ့ရပါတယ်။
ထိုင်းမိုးလေဝသဌာရဲ့ ထုတ်ပြန်ချက်မှာ မုတ်သုံမြောင်တန်းနဲ့ မုတ်သုံလေတို့ရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေနဲ့ အရှေ့ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း ကချင်ပြည်နဲ့ ရှမ်းပြည်တို့မှာ မိုးအားကောင်းလာနိုင်မှာဖြစ်တာကြောင့် မြစ်ရေကြီးမှုအခြေအနေတွေလည်း မြင့်တက်နိုင်တာကို သတိပြုရမှာဖြစ်ပါတယ်။
ဒါ့အပြင် မုတ်သုံလေတိုက်ရိုက်ဝင်ရောက်နေတဲ့ မြန်မာကမ်းရိုးတန်းတလျောက်နဲ့ ရခိုင် ဧရာဝတီ ရန်ကုန် ပဲခူး မွန် ကရင်နဲ့ တနင်္သာရီတို့မှာလည်း မိုးများနိုင်မှာဖြစ်တာကြောင့် ရေကြီး ရေလျှံမှုတွေကို သတိထားရမှာဖြစ်သလို တောင်တန်းဒေသတွေမှာလည်း တောင်ကျရေလျှံတာ မြေပြိုတာတွေကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်။
ဒီနေ့မှာတော့ ချင်းပြည် ရခိုင်ပြည် ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း မွန်ပြည် တနင်္သာရီတိုင်း ကရင်ပြည် ရှမ်းပြည်မြောက်ပိုင်း အရှေ့ပိုင်း ကချင်ပြည် နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ မိုးအသင့်အတင့် ရွာသွန်းနိုင်ပြီး ဧရာဝတီ ရန်ကုန် ပဲခူး မွန်နဲ့ ကရင်ပြည်တို့မှာတော့ နေရာအနှံ့မိုးများနိုင်မှာဖြစ်ပါတယ်။
ရှမ်းပြည်တောင်ပိုင်း ကရင်နီပြည် နေပြည်တော် မကွေးတိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မန္တလေးတိုင်းတို့မှာတော့ နေရာစိပ်စိပ်ကနေ နေရာကျဲကျဲ မိုးအနည်းငယ်ရွာသွန်းနိုင်ပြီး နေရာကွက် မိုးများနိုင်မှာဖြစ်ပါတယ်။
နောက်နှစ်ရက်အတွင်းမှာတော့ စစ်ကိုင်းတိုင်း ကချင်ပြည် ရှမ်းပြည် ကရင်နီပြည် ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ မိုးပိုလာနိုင်ပြီး နေရာအနှံ့အပြား မိုးအသင့်အတင့်ကနေ မိုးများနိုင်ပါတယ်။
မြစ်ရေကြီးခြင်း သတိပေးချက်အနေနဲ့ ပဲခူး မဒေါက်နဲ့ ဆိပ်သာမြို့တို့ကတော့ စိုးရိမ်ရေအမှတ်ကို ရောက်ရှိနိုင်တာကြောင့် မိုးဇလက ဒီနေ့မှာပဲ သတိပေးထုတ်ပြန်ထားပါတယ်။
ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ စိုးရိမ်ရေအမှတ်အောက် ၂ ပေကျော်အလွန်မှာ ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေအမှတ်ကိုရောက်ရှိနေသလို စစ်တောင်းမြစ်ရေကလည်း မဒေါက်မြို့မှာ စိုးရိမ်ရေအမှတ်အောက် ပေဝက်ခန့် ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေအမှတ်ကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ဧရာဝတီမြစ်ရေကလည်း ဆိပ်သာမြို့မှာ စိုးရိမ်ရေအမှတ်အောက် ၁ ပေခန့်အလိုမှာ ရောက်ရှိနေပြီး နောက် ၃၆ နာရီအတွင်း စိုးရိမ်ရေအမှတ်ကို ရောက်ရှိနိုင်ပါတယ်။
ဒါကြောင့် ပဲခူး မဒေါက် ဆိပ်သာ မြို့ဝန်းကျင်က မြစ်ချောင်းအနီးနေထိုင်သူတွေနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားကြဖို့ တိုက်တွန်းလိုပါတယ်။
ဧရာဝတီမြစ်ရေဟာမြစ်ကြောင်း တလျောက်မြို့တွေမှာ စိုးရိမ်ရေအမှတ်အောက်မှာရှိနေသေးပြီး ညောင်ဦး ဆိပ်သာ ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာ စိုးရိမ်ရေအမှတ်အနီးကို ရောက်ရှိနေကာ နောက် ၂၄ နာရီအတွင်း မြစ်ကြောင်းတစ်လျောက် လက်မ အနည်းငယ်ကနေ ပေဝက်ဝန်းကျင်အထိ အတက်အကျ အနည်းငယ် ရှိနိုင်မှာ ဖြစ်ပါတယ်။
ချင်းတွင်းမြစ်ရေကတော့ မြစ်ကြောင်းတလျောက်လုံး အကျဘက်မှာ ရှိနေပြီး ဒုဋ္ဌဝတီမြစ်ရေကလည်း ရွှေစာရံမှာ ၄ လက်မဝန်းကျင်ခန့်မြင့်တက်နိုင်ပေမဲ့ မြစ်ကြောင်းတလျောက် ကျဆင်းနေမှာဖြစ်ပါတယ်။
မြစ်သာမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျမြစ်၊ ပဲခူးမြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်၊ ဘီးလင်းမြစ်၊ တို့ကတော့ နောက် ၂၄ နာရီအတွင်း အနည်းငယ်ဆီအသီးသီးမြင့်တက်နိုင်ပြီး သံလွင်မြစ်ကတော့ ဘားအံမှာ ၂ လက်မ ဝန်းကျင် ကျဆင်းနိုင်ကာ နန့်ယင်းချောင်းနဲ့ နန့်ကောင်းချောင်းရေတွေကတော့ အတက်အကျ အနည်းငယ်မျှသာ ရှိနေမှာဖြစ်ပါတယ်။
နောက်ပိုင်းရက်တွေမှာလည်း မိုးရွာသွန်းမှုတွေက ကျယ်ပြန့်နေဦးမှာဖြစ်တာကြောင့် ရေမြင့်တက်မှုက ရှိနေဦးမှာဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ထားသင့်ပါတယ်ရှင်။
မြန်မာ့ပင်လယ်ပြင်အခြေအနေမှာတော့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်နာရီ ၃၅ မိုင်အထိ မိုးသက်လေပြင်းများတိုက်ခတ်ကာ လှိုင်းအမြင့် ၁၀ ပေကနေ ၁၂ ခန့် ရှိနိုင်ပြီး လှိုင်းကြီးနိုင်သလို မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း တစ်နာရီ မိုင် ၃၀ အထိ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေ အထိ မြင့်တက်နိုင်ကာ လှိုင်းကြီးနိုင်ပါတယ်။
PSM ရဲ့ ပရိတ်သတ်များရှင် မိုးလေဝဖြစ်စဉ်တွေဟာ များသောအားဖြင့် ၇၀ ရာခိုင်နှုန်းခန့်သာ မှန်နိုင်ပြီး အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
#psm_weather #psm_myanmar #psm_news