Перейти к содержимому

ဓရ်မန် အမ်သဝ် ၄သာ် (သကုတ် ၅)

သန္တိသုခ ဓမ္မဒေသနာ (MON) Santisukha Dhammadesanā

0:00 / 0:00

ဓရ်မန် အမ်သဝ် ၄သာ် (သကုတ် ၅)

706 просмотров · 22 часа назад
သန္တိသုခ ဓမ္မဒေသနာ (MON) Santisukha Dhammadesanā
1,04 тыс. подписчиков
706 просмотров · 22 часа назад
ကျာ်ဇၞော်အ္စာဘဒ္ဒန္တသုနန္ဒ ဘာသန္တိသုခ ဍုင်ဇြပ်ဗု ဟီုတွံစၞောန်ထ္ၜးလဝ် ဓရ် အမ်သဝ် ၄ သာ် (သကုတ် -၅) ဒုတိယ တထာဂတ အစ္ဆရိယသုတ် (အံ့သြဖွယ် ၄ ပါး) အပိုင်း-၃ ၁။ အာလယေ ပဒေသနတာ (တပ်မက်တွယ်တာမှု ၅ ပါး/ကာမဂုဏ်တို့၌ တပ်မက်ခြင်းကို ပယ်နိုင်ခြင်း) မြတ်စွာဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာသောအခါ သတ္တဝါများတို့သည် ကာမဂုဏ်အပေါ်၌ စွဲလမ်းတပ်မက်မှု (အာလယ) ကို ပယ်ရှားနိုင်ကြခြင်း။ ၂။ မာနေ ပဒေသနတာ (မာန်မာနကို ပယ်နိုင်ခြင်း) သတ္တဝါများသည် မိမိကိုယ်ကို အထင်ကြီးခြင်း၊ မာန်မာနထောင်လွှားခြင်းတို့ကို ပယ်ရှားနိုင်ကြခြင်း။ ၃။ ဥပသမသံဝတ္တနိတာ (ငြိမ်းချမ်းရာ နိဗ္ဗာန်သို့ ကူးပြောင်းနိုင်ခြင်း) စိတ်နှလုံး မငြိမ်းချမ်းဘဲ ပူပန်နေကြသော သတ္တဝါများသည် ငြိမ်းချမ်းအေးမြသည့် ကုသိုလ်တရားနှင့် နိဗ္ဗာန်ဘက်သို့ သက်ဝင်လာကြခြင်း။ ၄။ အဝိဇ္ဇာဝိဒ္ဓံသနတာ (အမိုက်မှောင် အဝိဇ္ဇာကို ဖျက်ဆီးနိုင်ခြင်း) သတ္တဝါတို့၏သန္တာန်တွင်ရှိသော မသိမလိမ္မာခြင်း (အဝိဇ္ဇာ) အမှောင်ထုကို ပညာဉာဏ်ဖြင့် ဖယ်ရှား ဖျက်ဆီးပစ်နိုင်ကြခြင်း။ ဤသို့ ဘုရားရှင်၏သာသနာတော်နှင့် တရားဓမ္မနှင့် ကြုံတွေ့ရခြင်းကြောင့် သတ္တဝါတို့၏သန္တာန်၌ တပ်မက်မှု၊ မာန၊ အငြိမ်မနေမှုနှင့် အဝိဇ္ဇာဟူသော အညစ်အကြေးများကို ဖယ်ရှားနိုင်ကြပုံကို ဟောကြားထားသည့် တရားတော် ဖြစ်ပါသည် နာယူမှတ်သား ကုသိုလ်ပွါးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။