Перейти к содержимому

တနင်္ဂနွေနေ့ကစပြီး နိုဝင်ဘာ ၃ ရက်အထိ ကမ်းရိုးတန်းဒေသတွေ မိုးဆက်တိုက်ရွာနိုင်

CJ Platform

0:00 / 0:00

တနင်္ဂနွေနေ့ကစပြီး နိုဝင်ဘာ ၃ ရက်အထိ ကမ်းရိုးတန်းဒေသတွေ မိုးဆက်တိုက်ရွာနိုင်

20 078 просмотров · 1 дн. назад
CJ Platform
148 тыс. подписчиков
20 078 просмотров · 1 дн. назад
တနင်္ဂနွေနေ့ကစပြီး နိုဝင်ဘာ ၃ ရက်အထိ ကမ်းရိုးတန်းဒေသတွေ မိုးဆက်တိုက်ရွာနိုင် မနက်ဖြန် နိုဝင်ဘာ ၁ ရက် တနင်္ဂနွေနေ့အတွက် မိုးလေဝသခန့်မှန်းချက် CJ Platform မနက်ဖြန် နိုဝင်ဘာလ ၁ ရက် တနင်္ဂနွေနေ့အတွက် မိုးလေဝသ ခန့်မှန်းချက်တွေကိုတင်ဆက်ပေးသွားပါမယ်။ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ‘မုန်တိုင်းငယ်’ အဖြစ် စတင် အားကောင်းလာခဲ့ပါပြီ။ ဒီမုန်တိုင်းငယ်ဟာ အိန္ဒိယကမ်းရိုးတန်းဘက်ကို ဦးတည် ရွေ့လျားသွားမှာ ဖြစ်ပေမဲ့ သူ့ရဲ့ အရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁၁ ပေအထိ လှိုင်းကြီးနိုင်သလို၊ မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်တဲ့ အခြေအနေတွေအပြင် မိုးစပါး ရိတ်သိမ်းနေကြတဲ့ တောင်သူဦးကြီးတွေအတွက် အရေးပေါ် သတိပေးချက်တွေကို အဓိကထား တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။"ကမ္ဘာ့မိုးလေဝသ ခန့်မှန်းချက် မော်ဒယ်တွေအရ ဒီမုန်တိုင်းငယ်ဟာ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားရင်း နိုဝင်ဘာလ ၂ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းဆီ ရောက်ရှိကာ ပိုမို အားကောင်းလာနိုင်ပါတယ်။ နိုဝင်ဘာလ ၃ ရက်နဲ့ ၄ ရက်တွေမှာတော့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းကနေတစ်ဆင့် ကုန်းတွင်းပိုင်းကို ဝင်ရောက် အားပျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။ #CJPlatform #မိုးလေဝသ #မိုးလေဝသခန့်မှန်းချက် #မုန်တိုင်းငယ် #ရာသီဥတုပြောင်းလဲမှု