မိုးကုတ်စက်ဝိုင်းပေါ်မှာ ပျောက်လွယ်ခက် - ထူးအိမ်သင်
Music Diary
0:00 / 0:00
မိုးကုတ်စက်ဝိုင်းပေါ်မှာ ပျောက်လွယ်ခက် - ထူးအိမ်သင်
17 423 просмотра · 4 года назад
Music Diary
67,5 тыс. подписчиков
17 423 просмотра · 4 года назад
မြို့မဧည့်ခံတေး အမှတ် (၅) (၁၉၉၂ ခုနှစ်)
(ဤသီချင်းစာသားများကို သီချင်းနားထောင်ရင်းမှ စာသားများကို ချရေးထားသည့်အတွက် အမှားအယွင်း ရှိခဲ့သော စာသားများအတွက် တေးရေးဆရာကြီးမြို့မငြိမ်းကို တောင်းပန်အပ်ပါသည်။)
မိုးကုတ်စက်ဝိုင်းပေါ်မှာပျောက်လွယ်ခက်
သံစဉ်/စာသား- မြို့မငြိမ်း
တေးဆို - ထူးအိမ်သင်
တီးဝိုင်း-မြို့မအပျော်တမ်းတူရိယာအသင်း
အသည်းလေးကျွမ်းလောက်အောင် လွမ်းသလားအချစ်ရယ်
မခွဲစဖူးကွယ် ခွဲခဲ့ရတို့နှယ် ဆုံးဖြတ်ချက်များလည်း ရှိစေ
မောင်ဘယ်လိုနေစိမ့်ပါ့မလဲ လွမ်းမိုးရက်စက် အချစ်အတွက် စွေခဲ့ပေ
အနီးအဝေးသဘောများရယ် တွေးဆကြတယ်
မိုးကုတ်စက်ဝိုင်းမျဉ်းကြောင်းအထက်ဝယ်
ပျောက်လို့ကွယ်သွားရတဲ့အစက်လို
ဆုံကာလေ ပြန်တွေ့မယ့်အဖြစ်ကို
နီးများနီးမလား စောင့်ရကိုယ့်ဘဝအခြေ
မတွေ့ကြရတဲ့မျဉ်းပြိုင်လိုသာ ခြားနားလှတဲ့ဘဝခွီလာပါ
ဓနနဲ့အရင်းပြု ဘဝကိုအဖြေရှာ
မင်းမိဘနဲ့အသိုင်းအဝိုင်းများကြား ကိုယ်မနေလိုပါ
အသည်းချင်း အသည်းချင်း ထပ်တူညီစွာ
မခွဲဘူး မခွဲဘူး သစ္စာဆိုကာ တို့ဘဝ တို့အလှ အမြဲသာဖွေရှာ
ဆုံးဖြတ်ထားတဲ့ နှစ်ဦးသားတို့အချစ် ရောင်ခြည်ဦးဖြာ
(တစ်ချိန်က မြို့မအဖွဲ့ကို စိတ်တိုင်းမကျ၍ ဆရာငြိမ်းက တီးဝိုင်းအဖွဲ့ငယ် တစ်ခု လူ ၇ ယောက် ၈ ယောက်နှင့်ထောင်သည်။ ထိုအဖွဲ့တွင် ကိုရင်လေး(တယော)၊ ကိုသိန်းဟန်(တယော)၊ ကိုဘသိန်း(ဘင်ဂျို)၊ မောင်ကံ (တယော)၊ ကိုသိန်းတန် (အဆို)၊ မောင်အေးမောင် (စန္ဒယား)၊ ဆရာကြီးဦးဘသက် (တယော) တို့ပါဝင်ကြသည်။ ဤအဖွဲ့ကို ကရဝိက် (သ)မြူးစစ်ဟု အမည်ပေးထားသည်။ ထိုအဖွဲ့ တီးမှုတ်ရန် ရေးပေးသည့် သီချင်းဖြစ်သည်။ ဤသီချင်းကို Jazz သဘောဖြင့် တီးမှုတ် သီဆိုရန် ရည်ရွယ်ရေးစပ်သည်။ Jazz ၏ သဘောသည် စည်းကမ်း ကလနား မထားဘဲ ဂီတပညာ၏ ကျွမ်းကျင်မှု၊ ခံစားမှုတို့တွင် အခြေခံ၍ တီးမှုတ်ပါသည်။)
---- လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်မှ)
Crd : Vision Entertainment
.........................................................................................................................................
@Credit to Original Creators & Owners
NO COPYRIGHT INFRINGEMENT INTENDED
"Copyright Disclaimer Under Section 107 of the Copyright Act 1976, allowance is made for "fair use" for purposes such as criticism, comment, news reporting, teaching, scholarship, and research. Fair use is a use permitted by copyright statute that might otherwise be infringing. Non-profit, educational or personal use tips the balance in favor of fair use"
.........................................................................................................................................