ဆင်းရဲသားဟန်ဆောင်ထားတဲ့ ကုဋေရှစ်ဆယ် သန်းကြွယ်ဖခင်ကြီး (အစအဆုံး) | ယောက္ခမကို ပညာပြလိုက်တဲ့ အဖေ
MMH Recap
0:00 / 0:00
ဆင်းရဲသားဟန်ဆောင်ထားတဲ့ ကုဋေရှစ်ဆယ် သန်းကြွယ်ဖခင်ကြီး (အစအဆုံး) | ယောက္ခမကို ပညာပြလိုက်တဲ့ အဖေ
4 587 просмотров · 8 ч назад
MMH Recap
99,5 тыс. подписчиков
4 587 просмотров · 8 ч назад
သားဖြစ်သူ မာဝေ့မင်ကို ကုမ္ပဏီလုပ်ငန်းတွေ လွှဲပေးဖို့နဲ့ ချွေးမဖြစ်သူရဲ့ မိသားစု စိတ်ရင်းအမှန်ကို သိရဖို့အတွက် ကုဋေရာချီချမ်းသာတဲ့ ထျန်းယွီကုမ္ပဏီ ဥက္ကဋ္ဌကြီး မာဂေါက်ယုဟာ ရွာက ဆင်းရဲသား အဘိုးကြီးဟန်ဆောင်ပြီး သားဖြစ်သူရဲ့ အိမ်ကို ရုတ်တရက် ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ငွေမက်ပြီး အပေါ်ယံပဲ ကြည့်တတ်တဲ့ ယောက္ခမဖြစ်သူကတော့ သူ့ကို အမှိုက်ကောက်သမားလို့ ထင်ပြီး အိမ်ထဲတောင် ပေးမဝင်ချင်ခဲ့ပါဘူး။
အဲဒီအချိန်မှာပဲ ဟောင်ကောင်က သူဌေးကြီးဆိုတဲ့ ယောက္ခထီးရဲ့ အစ်ကိုတို့ သားအဖ ရောက်လာတဲ့အခါမှာတော့ ယောက္ခမရဲ့ မျက်နှာနှစ်ဖက်က ပိုပြီး သိသာလာခဲ့ပါတယ်။ ဟောင်ကောင်က အမျိုးတွေကိုတော့ အိမ်ဦးခန်းမှာ တယုတယ ဧည့်ခံပေမဲ့ သမက်ရဲ့ အဖေအရင်းကိုတော့ ဆိုဖာပေါ်တောင် ပေးမထိုင်ဘဲ ထမင်းဝိုင်းမှာလည်း အတူတူ ပေးမစားတဲ့အပြင် ညဘက်မှာ ထင်းစတိုခန်းထဲ သွားအိပ်ခိုင်းတဲ့အထိ ရက်စက်ခဲ့ပါတယ်။
ဒါ့အပြင် အဖေဖြစ်သူ တိတ်တဆိတ် ပို့ပေးခဲ့တဲ့ အိမ်ဝယ်ဖို့ ပိုက်ဆံ ရှစ်သောင်းကိုလည်း ယောက္ခမက သူ့ပိုက်ဆံလိုလို၊ ဟောင်ကောင်က ဦးကြီးဆီက ချေးထားသလိုလိုနဲ့ လိမ်ညာပြီး သမက်ကို အကြွေးနဲ့ ချုပ်ကိုင်ထားခဲ့ပါသေးတယ်။ ဒီလို အနှိမ်ခံနေရတဲ့ အဖေတစ်ယောက် သူ့ရဲ့ သူဌေးကြီးဘဝ အမှန်ကို ဘယ်လို ဖော်ထုတ်သွားမလဲ၊ လောဘကြီးတဲ့ ယောက္ခမနဲ့ ဟောင်ကောင်က အမျိုးတွေရော နောက်ဆုံးမှာ ဘယ်လို အရှက်ကွဲပြီး နောင်တရသွားမလဲ ဆိုတာကို ဒီဗီဒီယိုလေးထဲမှာ အစအဆုံး စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားပေးကြပါဦးနော်။
ဇာတ်လမ်းလေးကို သဘောကျနှစ်သက်တယ်ဆိုရင် Like & Share လုပ်ပေးပြီး MMH Recap Channel လေးကိုလည်း Subscribe လုပ်သွားပေးကြပါဦးနော်။
0:00 ဆင်းရဲသားဟန်ဆောင်လာတဲ့အဖေ
8:14 အနှိမ်ခံရတဲ့ ဖခင်ကြီး
16:44 အရှက်မရှိတဲ့ ဆင်ခြေများ
25:20 ဒူးထောက်တောင်းပန်တဲ့ချွေးမ
33:25 သိန်း၃၀တန်ကားနဲ့ရောက်လာသူ
40:16 သူဌေးစွန်းရဲ့ အကျပ်ကိုင်မှု
48:59 သည်းမခံနိုင်တော့တဲ့ သမက်
57:51 သားအဖနှစ်ယောက်ရဲ့ အကြံဆိုး
1:07:35 စက်ရုံစာရင်းထဲက ထူးဆန်းမှု
1:16:16 သူဌေးချန်ရဲ့ ကမ်းလှမ်းချက်
1:25:30 အဖေ့ရဲ့ သရုပ်မှန်သဲလွန်စ
1:33:56 စည်းကမ်းတင်းကျပ်တဲ့ ဝေ့မင်
1:41:31 ဆရာကျိုးရဲ့ လျှို့ဝှက်မှတ်စု
1:50:41 ယောက္ခမကြီးရဲ့ ဝန်ခံချက်
2:00:23 ဝေ့မင်ရဲ့ တိကျတဲ့အစီအစဉ်
Fictional Story: All visuals and characters are generated by AI. Do not imitate.
#MMHRecap #ဇာတ်လမ်းတို #မြန်မာစာတန်းထိုး #တရုတ်ဇာတ်လမ်းတွဲ #MovieRecapMyanmar #ChineseDramaRecap #ပညာပေးဇာတ်လမ်း #အစအဆုံး