ဓမ္မစေတီခေါင်းလောင်း တကယ်မရှိပါ
Phothagyan.archaung
0:00 / 0:00
ဓမ္မစေတီခေါင်းလောင်း တကယ်မရှိပါ
88 893 просмотра · 2 месяца назад
Phothagyan.archaung
63,2 тыс. подписчиков
88 893 просмотра · 2 месяца назад
လွန်ခဲ့တဲ့နှစ်ပေါင်း ၅၅၀ နီးပါးက အင်မတန်ကြီးမားတဲ့ ခေါင်းလောင်းကြီးတလုံးကို မွန်ဘုရင် ဓမ္မစေတီမင်းက သွန်းလုပ်ပြီး ရွှေတိဂုံစေတီကို လှူဒါန်းခဲ့ပါတယ်။ ဒီခေါင်းလောင်းကြီးကို ၁၆၁၂ခုနှစ်မှာ သန်လျင်ကို သိမ်းပိုက်ထားတဲ့ ဒီဗရစ်တို (ငဇင်ကာ)က အရည်ကြိုပြီး အမြောက်သွန်းလုပ်ဖို့ ရွှေတိဂုံစေတီကနေ သန်လျင်ကို သယ်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။ သယ်ဆောင်မှုက မအောင်မြင်ပဲ ကြေးပိဿချိန် ၁၈၀,၀၀၀ (တန်ချိန် ၂၉၄ တန်) ရှိတဲ့ ဓမ္မစေတီခေါင်လောင်းကြီးက ရန်ကုန်မြစ်ဝတနေရာမှာ နစ်မြုပ်သွားခဲ့ပါတော့တယ်။ ဒါကတော့ ဓမ္မစေတီခေါင်းလောင်းကြီးနဲ့ ပတ်သက်လို လူသိအများဆုံး ဇာတ်လမ်းတခုပါ။ ဒီခေါင်းလောင်းကြီးကို ပြန်လည်ဆယ်ယူဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အခုထိ မအောင်မြင်သေးပါ။ ကျနော်ကတော့ ဒီ ၂၉၄တန် အလေးချိန်ရှိတဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီးဆိုတာ နှုတ်ပြောပုံပြင်ထက်မပိုဘဲ လက်တွေ့မှာ လုံးဝမရှိဘူးလို့ ယူဆပါတယ်။ အခု ဗီဒီယိုမှာတော့ ဓမ္မစေတီခေါင်းလောင်းကြီး တကယ်မရှိတဲ့ အကြောင်း သုံးသပ်ဆွေးနွေးထားပါတယ်။
#Burma_Political_History #ဓမ္မစေတီခေါင်းလောင်း #ဓမ္မစေတီမင်း #ကုန်းဘောင်မင်းဆက် #ငဇင်ကာ #PhillipeDeBrito #YeHeinAung
Join this channel to get access to perks:
/ @phothagyan.archaung