မင်းတပ်မြို့မှာ စစ်ကောင်စီကင်းစင်ပြီလို့ CB ကြေညာ... လွိုင်ကော်တိုက်ပွဲမှာ စစ်သား ၁၀ ကျော်သေဆုံး...
Htet Aung Kyaw
0:00 / 0:00
မင်းတပ်မြို့မှာ စစ်ကောင်စီကင်းစင်ပြီလို့ CB ကြေညာ... လွိုင်ကော်တိုက်ပွဲမှာ စစ်သား ၁၀ ကျော်သေဆုံး...
19 072 просмотра · 1 г. назад
Htet Aung Kyaw
214 тыс. подписчиков
19 072 просмотра · 1 г. назад
မင်းတပ်မြို့မှာ စစ်ကောင်စီကင်းစင်ပြီလို့ CB ကြေညာ... လွိုင်ကော်တိုက်ပွဲမှာ စစ်သား ၁၀ ကျော်သေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
(၂၃- ၁၂- ၂၀၂၄)
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ နောက်ဆုံးကျန်နေတဲ့ ခလရ ၂၇၄ ကို ဒီဇင်ဘာ ၂၁ မှာ သိမ်းပိုက်ပြီးတဲ့နောက် မင်းတပ် တမြို့နယ်လုံး စစ်ကောင်စီ ကင်းစင်သွားပြီလို့ CB (ချင်းညီနောင်အဖွဲ့) က သတင်းထုတ်ပြန်ပါတယ်။
ဟောင်ဝစ်ဇာ လက်နက်ကြီး အပါအဝင် လက်နက်တွေ ရာနဲ့ချီ သိမ်းမိထားပုံတွေ၊ စစ်သားတွေ ရာနဲ့ချီ လက်နက်ချနေပုံတွေကို ဖော်ပြထားပါတယ်။
၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ် အာဏာသိမ်းပြီးနောက် မင်းတပ်ဟာ တူမီးသေနတ် ကိုင်ပြီး နွေဦးတော်လှန်ရေးကို ပထမဆုံး စတင်တဲ့မြို့ပါ။
အခု စစ်ဆင်ရေးမှာ ချင်းညီနောင် တပ်တွေနဲ့ အတူ မဟာမိတ်တွေဖြစ်တဲ့ YDF (Yaw Defense Foorce)၊ YA (Yaw Army) နဲ့ PDF မုံရွာခရိုင် တပ်ရင်း ၃ တို့ ဟန်ချက်ညီ ပူးပေါင်းပါဝင် တိုက်ခိုက်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် AA (အာရက္ခတပ်တော်) ကလည်း စစ်လက်နက်၊ ခဲယမ်းတွေအပြင် စစ်ရေးဆိုင်ရာ အကြံပေးချက်နဲ့ လိုအပ်ချက်တွေကို ကူညီပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
မင်းတပ်မြို့မှာ စစ်ကောင်စီ ကင်းစင်ပြီးနောက် ချင်းပြည်နယ်မှာ ကျန်နေသေးတဲ့ စစ်ကောင်စီစခန်းတွေ အားလုံး ကင်းစင်သွားအောင် ဆက်လက် တိုက်ခိုက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်...
ကန်ပက် မြို့သိမ်း စစ်ဆင်ရေးကို ဒီဇင်ဘာ ၂၂ မှာ စတင်နေပြီလို့ CB (ချင်းညီနောင်အဖွဲ့) က ကြေညာပြီးနောက် စစ်သားနဲ့ရဲတွေ စခန်းစွန့်ပြီး ထွက်ခွာသွား...
ရခိုင်နဲ့ ဧရာဝတီအစပ်မှာ ကျန်နေတဲ့ ဂွမြို့ကို AA (အာရက္ခတပ်တော်) က အရှိန်မြှင့် ထိုးစစ်ဆင်နေပြီး တောင်တုတ်မြို့သိမ်း ဓာတ်ပုံမှတ်တမ်းတွေ ထုတ်ပြန်...
ငဖဲမြို့ကနေ အမ်းမြိုံကို စစ်ကူသွားဖို့ ပြင်နေတဲ့ စစ်ကောင်စီ တပ်ကို ACDF (အရှို-ချင်းကာကွယ်ရေးတပ်) က ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၁၄ ဦး သေဆုံး...
မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းရွာမှာ ဒီဇင်ဘာ ၁၉ ရက်၊ မနက် ၉ နာရီက တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူများ၊ အချို့ကို လက်ရဖမ်းမိ၊ လက်နက်အချို့ ရရှိတယ်လို့ PDF-MDY က သတင်းထုတ်ပြန်...
လွိုင်ကော်မြို့ပြင်ရှိ အောင်သပြေဂူက စစ်ကောင်စီ တပ်စခန်းကို ကရင်နီ တပ်ပေါင်းစုက ဝင်တိုက်ရာမှာ စစ်သား ၉ ဦးသေ၊ ၄ ဦးကို လက်ရဖမ်းမိ၊ လက်နက် ၁၂ လက် ရရှိ...
မာနယ်ပလော စခန်းသိမ်းတိုက်ပွဲ ပွိုင့် ၉၁၃ နို့ဒေးစခန်းကနေ ထွက်ပြေး လွတ်မြောက်သွားတဲ့ စစ်ကောင်စီ တပ်သား ၃၀ ကျော်ထဲက ၂၂ ဦးကို KNLA (ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) နဲ့ ပူးပေါင်းတပ်က ၂၀ နဲ့ ၂၁ တိုက်ပွဲတွေမှာရှင်းလင်းလိုက်ပြီး လက်နက် ၂၃ လက် ရရှိ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
/ burmanewsnetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။