DVB - "ရန်ကုန် စည်ပင်သာယာ ရွေးကောက်ပွဲ ဘယ်လောက်အရေးပါလဲ?"
DVB TV News
0:00 / 0:00
DVB - "ရန်ကုန် စည်ပင်သာယာ ရွေးကောက်ပွဲ ဘယ်လောက်အရေးပါလဲ?"
3 382 просмотра · 7 л. назад
DVB TV News
3,74 млн подписчиков
3 382 просмотра · 7 л. назад
DVB Debate - "ရန်ကုန် စည်ပင်သာယာ ရွေးကောက်ပွဲ ဘယ်လောက်အရေးပါလဲ?"
“ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တည်ဆဲဥပဒေတွေကို မျက်ကွယ်ပြုပြီး စည်ပင်ရွေးကောက်ပွဲကိုဝင်ပြိုင်နေကြတဲ့ နိုင်ငံရေးပါတီတွေကို ထိန်းကျောင်းခြင်း မရှိဘဲ နှာစေးနေကြတယ်။ ”
ဇောတိကဦးခင်လှိုင် ။ (ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဝင်ဟောင်း)
“လက်ရှိစည်ပင်ဥပဒေကို မပြင်သင့်ဘူး။ ဘာလို့ လဲဆိုတော့ ပြည်သူလူထုကိုသနားလို့ ။ နည်းဥပဒေကို ထပ်ပြင်မယ်ဆိုရင် တနှစ်ခွဲနှစ်နှစ်ထပ်ကြာမယ်။လောလောဆယ်ရှိတဲ့ဥပဒေကတော်တော် အလုပ် လုပ်လို့ ရတဲ့ အမျိုးအစားဖြစ်ပါတယ်။ အရမ်းကောင်းတဲ့ဥပဒေကိုတော့ ဒီတိုင်းပြည် အခြေ အနေနဲ့  မျှော်လင့်လို့ မရပါဘူး”
ဦးကျော်စိုးထွဋ် (နွယ်ရိုး)။ ကိုယ်စားလှယ်လောင်းအဖြစ်လျှောက်ထားသူ (မဲဆန္ဒနယ်အမှတ် (၃) ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ)
“မြို့တော်ဝန်ကိုတိုက်ရိုက်ရွေးချယ်နိုင်တဲ့ဥပဒေရှိလာရင်တော့ အကောင်းဆုံးပေါ့။ဒါပေမယ့် အခုမရှိတဲ့ အချိန်မှာ ပြည်သူရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်လောင်းက ပြည်သူလူထုထောက်ခံမှုများမယ်ဆိုရင် ကော်မတီထဲမှာ သူရဲ့ပါဝင်တဲ့အသံက အားကြီးပါလိမ့်မယ်။သူပြောတဲ့တင်ပြချက်တွေဟာ သူ့နောက် မှာရှိတဲ့ လူသန်းနဲ့ချီရှိတဲ့တင်ပြချက်တွေဖြစ်လို့ ဒါကို မြို့တော်ဝန် နဲ့ အစိုးရကိုယ်တိုင်က စဉ်းစားရပါ လိမ့်မယ်”
ဦးဟန်စိုးထွန်း(စီမံကိန်းအစီအစဉ်မန်နေဂျာ၊ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့)
“အကောင်းဆုံးသောဒီမိုကရေစီနိုင်ငံမှာ ဥပဒေမပြင်သေးတဲ့နည်းလမ်းတစ်ခုဘဲရှိသေးတယ်။ဒါကဘာ လဲဆိုတော့ ဥပဒေပြုတဲ့ဖြစ်စဉ် ဟိုးအစကနေအဆုံးအထိကို ပြည်သူပါဝင်ခွင့်ကို တိုက်ရိုက်ဆွဲခေါ် လာဖို့ဘဲ။အချိန်ယူရင်ယူမယ်။ရှေရှည်တည်တံ့မယ်”
မသဉ္ဇာရွှန်းလဲ့ရည်(စည်ရုံးလှုံ့ဆော်ရေးမှူး၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီ)
DVB TV - 03.02.2019