Перейти к содержимому

Khit Thit Afternoon News | 26 August 2026

Khit Thit Media

0:00 / 0:00

Khit Thit Afternoon News | 26 August 2026

251 378 просмотров · 1 день назад
Khit Thit Media
3,27 млн подписчиков
251 378 просмотров · 1 день назад
Khit Thit သတင်းဌာန၏ ဩဂုတ် ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၂၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ဒေသတွေကို ကူညီရန် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အလှူရှင်တွေရဲ့ စုပေါင်းလှူဒါန်းမှုကနေ ကျပ်ငွေ ၂၃ ဘီလီယံကျော် ရရှိထားတယ်လို့ အာဏာသိမ်း စစ်အုပ်စုက ထုတ်ပြန်ထားပေမယ့် လက်တွေ့မှာ ရေဘေးသင့်ပြည်သူတွေဆီ အနည်းအကျဉ်းသာ ထောက်ပံ့တယ်လို့ ဒေသပြည်သူတွေနဲ့ လူမှုကူညီရေးလုပ်ဆောင်နေသူတွေက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။ -မြန်မာနိုင်ငံအပေါ် နိုင်ငံအချို့က စီးပွားရေးနဲ့ နိုင်ငံရေးအရ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားတာကြောင့် ပြည်ပက ချေးငွေတွေနဲ့ ထောက်ပံ့ငွေတွေကို အားကိုးလို့ မရတော့ဘူးလို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညဉ်းတွားပြောဆိုပါတယ်။ -ရေဘေးအန္တရာယ် ကြုံတွေ့နေရစဉ်အတွင်း အကြမ်းဖက် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၈၈ ဦးသေဆုံးပြီး ၁၅၇ ဦးဒဏ်ရာရရှိကာ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံ စုစုပေါင်း ၁၅ လုံး ပျက်စီးခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ပါတယ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ်လ ၂၅ ရက်နေ့တွင် ဟော်မုဇ်ရေလက်ကြားအတွင်း နိုင်ငံတကာရေပိုင်နက်၌ ချထားသည့် ရေမြှုပ်မိုင်းတွေကို အားလုံး ဖောက်ခွဲဖယ်ရှားပြီးပြီလို့ပြောတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။