ကိုမျိုးဝင်းအောင်နှင့် တွေ့ဆုံခြင်း
Si Thu Tun - ဘာသာပြန်
0:00 / 0:00
ကိုမျိုးဝင်းအောင်နှင့် တွေ့ဆုံခြင်း
1 242 просмотра · 3 месяца назад
Si Thu Tun - ဘာသာပြန်
60,9 тыс. подписчиков
1 242 просмотра · 3 месяца назад
ကိုမျိုးဝင်းအောင်ကို ပထမဆုံးဆုံဖူးတာ နန်နင်း ASEAN Expo မှာပါ။ ခပ်အေးအေး စကားပြောတတ်ပေမယ့် မြန်မာလက်ဖက်ကို value added လုပ်တဲ့အကြောင်းကနေ သူ့ငယ်ဘဝအကြောင်းပါ ရောက်သွားချိန်မှာမြန်မာနိုင်ငံမှာ လူတိုင်းသိတဲ့ မူလပထမလက်ဖက်ထုတ်ကုန်တခုကို ပထမဆုံး စွန့်ဦးတီထွင်လုပ်ခဲ့သူဆိုတာ သိလိုက်ရလို့ အံ့ဩခဲ့ရတယ်။
အဲဒါနဲ့မှ ဆက်စပ်သိချင်တာတွေမေးရင်း မြန်မာနဲ့ အာဆီယံနိုင်ငံတွေမှာပါ မရှိသေးတဲ့ စိုက်ပျိုးရေးနည်းစနစ်တွေကို စပြီး စမ်းသပ်လုပ်နေတာတွေပါ သိလိုက်ရတယ်။ (အင်တာဗျူးထဲမှာ အကုန်လုံးနီးပါး တွေ့ရမှာပါ)
ပထမအခေါက်တုန်းက ကင်မရာထောင်ပြီး မရိုက်မိလိုက်ဘူး။ အဲဒါနဲ့ နောက်တကြိမ် ရှန်ဟိုင်း CIIE 2025 မှာ ဒုတိယအကြိမ်ဆုံတော့ သေချာလေး စကားပြောဖြစ်ခဲ့တယ်။ (ဖြစ်ချင်တော့ ရှန်ဟိုင်းကို ပွဲလာတက်တာမှာ camera ရော tripod ရောမယူလာတာနဲ့ ဆိုင်ခန်းခင်းထားတဲ့စင်လေးပေါ်မှာပဲ osmo pocket 3 လေး ထောင်ပြီး ရိုက်ဖြစ်ခဲ့တာပါ။ ကင်မရာ angle လေး အဆင်မပြေဖြစ်သွားတာလေးတော့ သည်းခံပေးကြပါ)