Shine- 1990 [Acoustic ]
Tay Than Thar
0:00 / 0:00
Shine- 1990 [Acoustic ]
1 729 164 просмотра · 6 л. назад
Tay Than Thar
559 тыс. подписчиков
1 729 164 просмотра · 6 л. назад
Title__1990
Vocal__Shine
Composer__Shine
••••••••••••••••••••••••••••••••••••••••••••
★★Lyrics-1990
ကျွန်တော်ဟာ ၂၀၂၀ ခုနှစ်
လူငယ်တစ်ယောက်ပေါ့
အဖေ ကျွန်တော့်အရွယ်တုန်းက
ဘယ်လိုနေမလဲပေါ့
ကျွန်တော် စဉ်းစားမိတယ်
ပူပင်စရာ သိပ်မလိုလားတဲ့
လူငယ်လေးလား
ဒါမှမဟုတ်
ရည်ရွယ်ချက်များနဲ့ အိပ်မက်တွေအတွက်
ကြိုးစားနေမလား
ပြေးကြည့်ချင်ခဲ့
အဖေငယ်တုန်းက ခုနှစ်တွေထဲ
ဟူး..ဟူး..ဟူး..
အဖေ့ရဲ့ နုနယ်စဉ်တုန်းကအချိန်တွေမှာ
သားလောက် မျက်ရည်လွယ်လား..အား..
ဘဝရဲ့ အတွေ့အကြုံတွေ
အဆုံးအမ ယူချိန်မှာ
အမြဲတမ်း ခေါင်းကိုမော့နေခဲ့သလား
ဒီကမ္ဘာမြေထဲက
ပေါင်းသင်းရခက်တဲ့ အပြုံးတုတွေအောက်
အဖေ ဒူးထောက် အရှုံးပေးချင်စိတ်များ ရှိခဲ့လား
ဆုံးဖြတ်ရခက်တဲ့ လမ်းကြောင်းတွေနောက်
တစ်ယောက်တည်း လျှောက်ဖို့သတ္တိတွေ လုံလောက်ခဲ့ရဲ့လား
အချိန်တွေသာ ကူးသွားလို့ရရင်ကျွန်တော်လေ ခဏပဲဖြစ်ဖြစ်
ကျွန်တော့်ရဲ့အသက်အရွယ်နဲ့ တူညီတဲ့
အဖေ့ရဲ့အတိတ်ကို ပြန်သွားကြည့်ချင်တယ်
စိတ်ဓာတ်ကျတဲ့ အချိန်တိုင်းမှာ
အဖေ ဘာများလုပ်နေခဲ့မလဲ
အားငယ်ချိန်တိုင်းမှာ ဘယ်လိုများ ရပ်တည်ခဲ့
သားသိချင်တယ် သားသိချင်ဆဲ
အဖေ ကျွန်တော့်အရွယ်တုန်းက အချိန်များထဲ
ဒုက္ခနဲ့ ကြုံတွေ့တိုင်းမှာ ဘယ်လိုများ တောင့်ခံခဲ့သလဲ
အဖေ့ရဲ့ အနားမှာ ဘယ်သူတွေများ ရှိနေခဲ့
သားသိချင်တယ် သားသိချင်ဆဲ
၁၉၉၀ ဝန်းကျင် ခုနှစ်တွေထဲ
ဖြစ်ချင်တာတွေနဲ့ ဖြစ်သင့်တာ ရွေးတဲ့အခါ..ရွေးတဲ့အခါ
ကျွန်တော့်လို ဇွတ်တရွတ်ခေါင်းမာခဲ့သလား
အမှားတွေအမှန်ပြင်ဖို့ နောက်ကျတဲ့အခါ
နောင်တတရားကို ပြက်ရယ်နေမလား
လူတွေနဲ့ ဝေးရာ ပြေးထွက်လို့ သွားချင်တဲ့နေ့ရက်များ
အဖေရော ကျွန်တော့်လိုထပ်တူ ခံစားမိခဲ့လား
ရှေ့ဆက်ဖို့အတွက် ခွန်အားမဲ့အချိန်မှာ
အခန်းထဲအောင်းကာ ကြိတ်ငိုနေမလား..အိုး
အချိန်တွေသာ ကူးသွားလို့ရရင်
ကျွန်တော်လေ ခဏပဲဖြစ်ဖြစ်
ကျွန်တော့်ရဲ့အသက်အရွယ်နဲ့ တူညီတဲ့
အဖေ့ရဲ့အတိတ်ကို ပြန်သွားကြည့်ချင်တယ်
စိတ်ဓာတ်ကျတဲ့ အချိန်တိုင်းမှာ
အဖေ ဘာများလုပ်နေခဲ့မလဲ
အားငယ်ချိန်တိုင်းမှာ ဘယ်လိုများ ရပ်တည်ခဲ့
သားသိချင်တယ် သားသိချင်ဆဲ
အဖေ ကျွန်တော့်အရွယ်တုန်းက အချိန်များထဲ
ဒုက္ခနဲ့ ကြုံတွေ့တိုင်းမှာ ဘယ်လိုများ တောင့်ခံခဲ့သလဲ
အဖေ့ရဲ့ အနားမှာ ဘယ်သူတွေများ ရှိနေခဲ့
သားသိချင်တယ် သားသိချင်ဆဲ
၁၉၉၀ ဝန်းကျင် ခုနှစ်တွေထဲ.....
••••••••••••••••••••••••••••••••••••••••••••
★★Download Tay Than Thar App Here!
➤For iOS👉🏼apple.co/2Oi1msp
➤For Android👉🏼 http://bit.ly/2LblN70
••••••••••••••••••••••••••••••••••••••••••••
★★Follow us everywhere!
➤YouTube👉🏼 https://bit.ly/2RobnDR
➤Facebook👉🏼 / taythantharmusic
➤Website👉🏼 https://www.taythanthar.com/
🎧တေးသံသာမှာ သီချင်းနားထောင်ပါ🎧
#taythanthar#Shine#1990