Перейти к содержимому

စစ်တပ်က သီတင်းကျွတ် ပျော်ပွဲရွှင်ပွဲများဖန်တီးကာ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီး လုပ်ဆောင်နေ

Thanlwin Myanmar Channel

0:00 / 0:00

စစ်တပ်က သီတင်းကျွတ် ပျော်ပွဲရွှင်ပွဲများဖန်တီးကာ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီး လုပ်ဆောင်နေ

220 просмотров · 3 дн. назад
Thanlwin Myanmar Channel
1,14 тыс. подписчиков
220 просмотров · 3 дн. назад
သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၃ စစ်ကောင်စီက သီတင်းကျွတ်ကာလ ပျော်ပွဲရွှင်ပွဲများကို ဖန်တီးကာ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီး ရန် လုပ်ဆောင်နေကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။ မြို့ပေါ်တွင်နေထိုင်ကြသော လူငယ်များ၊ ယင်းလူငယ်များ၏ မိဘများအနေဖြင့် သေသေချာချာစဉ်းစား ဆုံးဖြတ်ရမည့်အချိဖြစ်ကြောင်း၊ စစ်ကောင်စီ၏ အမျိုးမျိုးသော ဝါဒဖြန့်မှုကြားတွင် နစ်မွန်းမနေကြပဲ အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ထုတ်ရေးတွင် ပူးပေါင်းပါဝင်ရန်အချိန်ကျရောက်ပြီဖြစ်ကြောင်း အသိ ပေးထားသည်။ “သီတင်းကျွတ်လပြည့်နေ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ လူငယ်တွေကို စုစည်းပြီးတော့ ပေါ်တာဆွဲဖို့ ကိစ္စတွေ အ ခြားသော ကဏ္ဍရပ်တွေ အများကြီး ရှိပါတယ်။ မြို့ပေါ်မှာရှိတဲ့ ပြည်သူတွေနဲ့ လူငယ်တွေ အနေနဲ့ ဒါတွေ ကို သိမှာပါ။ ဒါ့ကြောင့်မို့လို့ ရန်သူ့ရဲ့ ဝါဒမှိုင်း၊ ပျော်ရွှင်မှု အတုအယောင်တွေကြားထဲမှာ ပိတ်မိ ပြီးတော့ ကိုယ့်ဘဝကို အနစ်မွန်း ခံမှာလား၊ ဒါမှမဟုတ်လို့ရှိရင်အာဏာရှင် စနစ်ကို ကျနော်တို့ညီအစ်ကိုတွေနဲ့အ တူတူတော်လှန်တိုက်ခိုက်မှာလား၊ ပြည်သူ့ဘက်၊ ဓမ္မဘက်ကိုရွေးမလား။ အဓမ္မဘက်ကို ရွေးပြီး တော့ပဲ ကိုယ့်ရဲ့ဘဝကို အနစ်မွန်းခံမလား၊ အသေခံမလားဆိုတာ စဉ်းစားဆုံးဖြတ်ရမယ့်အချိန်ရောက်လာပါပြီ။” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။ ထို့ကြောင့် မြို့ပေါ်နေ လူငယ်များအနေဖြင့် ဓမ္မဘက်သို့ ရပ်တည်ကာ ပြည်သူလူထုနှင့်အတူတူ တော် လှန်တိုက်ပွဲဝင်ရေး ဆုံးဖြတ်ကြရန်နှင့် ၎င်းတို့၏ ဆုံးဖြတ်ချက်သည် တိုင်းပြည်အနာဂတ်အတွက် အများ ကြီး အပြောင်းအလဲသွားနိုင်ကြောင်း ဆက်လက်ပြောဆိုသည်။