ပြင်ပဂြိုဟ်ဆီက ရေဒီယိုလှိုင်းများ (ဂြိုဟ်သားတွေဆီကလား?)
MM Pop Science
0:00 / 0:00
ပြင်ပဂြိုဟ်ဆီက ရေဒီယိုလှိုင်းများ (ဂြိုဟ်သားတွေဆီကလား?)
20 110 просмотров · 3 дня назад
MM Pop Science
120 тыс. подписчиков
20 110 просмотров · 3 дня назад
အာကာသထဲကနေ လာတဲ့ ရေဒီယိုလှိုင်းတွေအကြောင်း သတင်းတွေ တွေ့ဖူးပါသလား? ဂြိုဟ်သားတွေဆီကလို့ ထင်စရာရှိပေမယ့် တကယ့်သိပ္ပံပညာရပ်က ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။
ဒီတစ်ခေါက် MM pop science ဗီဒီယိုမှာတော့ ကမ္ဘာကနေ အလင်းနှစ် (၆၃) နှစ်ဝေးတဲ့ Beta Pictoris b လို့ခေါ်တဲ့ ဧရာမ ဓာတ်ငွေ့ဂြိုဟ်ကြီးအကြောင်းကို လေ့လာသွားကြပါမယ်။ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နက္ခတ္တဗေဒပညာရှင်တွေဟာ နေအဖွဲ့အစည်းပြင်ပက ဂြိုဟ်တစ်လုံးဆီကနေ ရေဒီယိုလှိုင်းတွေကို ဘယ်လိုဖမ်းယူနိုင်ခဲ့သလဲ?
အင်မတန် တောက်ပပြီး ဆူညံတဲ့ ကြယ်ကြီးတွေကြားထဲကနေ ဂြိုဟ်လေးရဲ့ အသံကို ဘယ်လို ခွဲခြားနားထောင်ခဲ့ကြသလဲ? Quasar တွေကို သုံးပြီး အာကာသမြေပုံ ဘယ်လိုဆွဲခဲ့သလဲ? ပြီးတော့ ဒီဂြိုဟ်ကြီးရဲ့ သံလိုက်စက်ကွင်း (Magnetic Field) ဟာ ကမ္ဘာထက် အဆပေါင်းထောင်ချီပြီး ဘာကြောင့် ပိုအားကောင်းနေရတာလဲ ဆိုတာတွေကို ရိုးရှင်းလွယ်ကူအောင် ရှင်းပြပေးထားပါတယ်။
သံလိုက်စက်ကွင်းဆိုတာ ဂြိုဟ်တစ်လုံးအတွက် အသက်အန္တရာယ်ကနေ ကာကွယ်ပေးတဲ့ "အာကာသထီး" (Invisible Umbrella) တစ်လက်နဲ့ တူပါတယ်။ ဒီထီးကို တိုင်းတာနိုင်ခြင်းအားဖြင့် နောင်တစ်ချိန်မှာ လူသားတွေ နေထိုင်နိုင်မယ့် ဒုတိယကမ္ဘာ (Earth 2.0) ကို ရှာဖွေရာမှာ ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို ဒီဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။
ဗီဒီယိုလေးကို သဘောကျတယ်ဆိုရင် Like & Subscribe လုပ်ပေးဖို့ မမေ့နဲ့နော်!
Chapters:
00:00 Introduction
03:10 ဧရာမဂြိုဟ်ပေါက်စလေး
08:26 စကြာဝဠာရဲ့ ရောင်စဉ်
12:37 သီတင်းကျွတ် ပြဿနာ
15:34 ရွှေစေတီလှည့်ကွက်
20:41 အာကာသ ဂျင်နရေတာကြီး
25:42 မမြင်ရတဲ့ ထီး
31:13 နိဂုံးချုပ်
#MMPopScience #Astronomy #Space #Exoplanet #Physics #MyanmarScience #ScienceInBurmese #BetaPictorisb