လီယွန်ဂျေကော့ဘ်နှင့် ဗယ်လာရီမက်ဒန်နီရယ် တို့ရဲ့ မှားယွင်းခဲ့တဲ့ ဆုံးဖြတ်ချက်
Burmese Crime Teller
0:00 / 0:00
လီယွန်ဂျေကော့ဘ်နှင့် ဗယ်လာရီမက်ဒန်နီရယ် တို့ရဲ့ မှားယွင်းခဲ့တဲ့ ဆုံးဖြတ်ချက်
11 312 просмотров · 1 год назад
Burmese Crime Teller
37,3 тыс. подписчиков
11 312 просмотров · 1 год назад
ဗယ်လာရီ က တက္ကဆက် (Texas) A&M တက္ကသိုလ်ကနေ တိရစ္ဆာန်ဆေးပညာဘွဲ့ကို ရရှိခဲ့တယ်။ အဲဒီအချိန်ကာလမှာပဲ သူမ ရဲ့ ခင်ပွန်းဟောင်းဖြစ်သူ မက်ခ် မက်ဒေနီရယ် (Mac McDaniel) နဲ့ တွေ့ဆုံခဲ့ပါတယ်။ မက်ခ်က လက်ထပ်ခွင့်တောင်းခဲ့တယ်။ သူမအိပ်မက်ထဲက အမျိုးသားကို ရခဲ့တာလို့ Valerie အသံသွင်းခဲ့တဲ့ မှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်။ ဒီလိုနဲ့ သူတို့ လက်ထပ်ခဲ့ကြတယ်။ လှပတဲ့ ဒဏာရီဆန်တဲ့ မင်္ဂလာပွဲလေး ကျင်းပခဲ့ကြတယ်။ ပြီးတော့ Valerie မိဘတွေ ဝယ်ပေးထားတဲ့အိမ်မှာ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ မကြာခင်မှာတော့ ဗယ်လာရီက သူကိုယ်ပိုင်တိရစ္ဆာန်ဆေးခန်းဖွင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မက်ခ်ကိုတော့ သူမ ဆေးခန်းရဲ့ ရုံးမန်နေဂျာ ရာထူးကို ပေးခဲ့တယ်။ တိရစ္ဆာန်ဆေးခန်းလေးက တိုးတက်လာပေမယ့် သူတို့နှစ်ဦးစလုံးက ဒါထက်ပိုပြီး မိသားစုဘဝကို တောင့်တခဲ့ကြပါတယ်။ သူမမှာ ကလေးမရနိုင်တဲ့အတွက် မွေးစားဖို့က တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ သူတို့နှစ်ဦးဟာ အသက် ၂ ရက်သာရှိသေးတဲ့ သမီးလေးတစ်ဦးကို မွေးစားခဲ့ကြပါတယ်။ ဒါပေမယ့် မိသားစုအသစ်လေး စတင်တည်ဆောက်လာချိန်မှာပဲ သူတို့ရဲ့ အိမ်ထောင်ရေးက ပျက်စီးစပြုလာခဲ့ပါတယ်။ ဗယ်လာရီပြောပြတာကတော့ မက်ခ်နဲ့ဖောက်ပြန်နေတယ်လို့ ပြောတဲ့ အမျိုးသမီးတစ်ဦး သူ့စီကို ဖုန်းခေါ်ခဲ့ရာကနေ စတင်ခဲ့တာပါ။ ဖုန်းဆက်တဲ့အမျိုးသမီးဆက်ပြောပြတာက Markနဲ့ အတူအိပ်ခဲ့တဲ့ အမျိုးသမီးတွေရဲ့ စာရင်းကိုတောင် အဲဒီအမျိုးသမီးက Valerie ကိုပေးခဲ့ပါတယ်။ ဗယ်လာရီလည်း မက်ခ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရှင်းခဲ့ပြီး ခွင့်လွှတ်ခဲ့ပေမယ့် မကြာခင်မှာပဲ မက်ခ်က ထပ်မံဖောက်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က 'ကွာရှင်းမယ် (divorce)' ဆိုတဲ့စကားလုံးကို သူမ ပထမဆုံးအကြိမ် ပြောခဲ့တာ။ ဒါပေမယ့် ဗယ်လာရီ မက်ခ်ကို ထပ်ပြီး ခွင့်လွှတ်ခဲ့ပြန်ပေမယ့် မမျှော်လင့်တဲ့ တွေ့ဆုံမှုတစ်ခုက သူမဘဝရဲ့ လမ်းကြောင်းကို ပြောင်းလဲစေခဲ့ပါတော့တယ်။ အိမ်နီးချင်း ပြီးတော့ အိမ်ထောင်ရေးတွေကွာရှင်းမှုတွေမှာ အမှုလိုက်တဲ့ရှေ့နေလည်းဖြစ်တဲ့သူရဲ့ သားဖြစ်ပြီး သူမထက် ၉ နှစ်ငယ်တဲ့ လီယွန် ဂျေကော့ဘ် (Leon Jacob) နဲ့ မတွေ့ခင်အထိ သူမဟာ အတော်အတန် ပျော်ရွှင်မှုမရှိဘဲ နေထိုင်ခဲ့ရတာ။ မက်ခ်ရဲ့ ဖောက်ပြန်မှုတွေနဲ့ ဗယ်လာရီရဲ့ အချစ်သစ်ကြားမှာ သူတို့နှစ်ဦးစလုံးဟာ ဒီအိမ်ထောင်ရေးကနေ လွတ်မြောက်လိုခဲ့ကြပါတယ်။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ဗယ်လာရီဟာ မက်ခ်က ဖောက်ပြန်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကွာရှင်းရန် တင်ပြခဲ့ပါတယ်။ ၁၇ နှစ်ကြာ ပေါင်းသင်းခဲ့ပြီးနောက် သူတို့နှစ်ဦး ကွာရှင်းခဲ့ကြပြီး မွေးစားသမီးလေးကို အတူတူ ထိန်းသိမ်းစောင့်ရှောက်ဖို့ သဘောတူခဲ့ကြပါတယ်။