Перейти к содержимому

ပထမရက် ဆေးခန်းသွားတဲ့ ဘလော့လေးပါ❤️🧿🪬

𝗔𝘂𝗴𝘂𝘀𝘁 𝗧𝗵𝗮𝗿 𝗖𝗵𝗶𝘁

0:00 / 0:00

ပထမရက် ဆေးခန်းသွားတဲ့ ဘလော့လေးပါ❤️🧿🪬

2 523 просмотра · 16 часов назад
𝗔𝘂𝗴𝘂𝘀𝘁 𝗧𝗵𝗮𝗿 𝗖𝗵𝗶𝘁
1,26 тыс. подписчиков
2 523 просмотра · 16 часов назад
ပထမရက် ဆေးခန်းသွားတဲ့ ဘလော့လေးပါ❤️🧿🪬 ကလေး စဖြစ်ခါစက မနက်စောကြီး လမ်းလျှောက်တုန်းကတောင် သစ်ပင်နှစ်ပင်ကို ခုန်တက်နိုင်ခဲ့တယ် အိမ်လည်းရောက်ပြီးတော့ ပုံမှန်အတိုင်း နေကြတယ် မနက်10နာရီနောက်ပိုင်း ကလေးကို ခုံကုတင်လေးမှာ အိပ်ဖို့အတွက် အမက ဖက်တုံးနှစ်တုံးလေး ထားပေးထားပြီး အပေါ် က ပန်ကာလေ ဖွင့်ပေးထားလိုက်ပြီးတော့ အမကကွန်ပျူတာရှေ့မှာ ထိုင်ပြီး အလုပ်လုပ် မေမေက ဘေးနားက ပုတီးစိတ်နေတုန်းက မောင်လေးက ဆိုင်ကယ်ပေါ် ကို ခုန်တက်တာ တက်မရဖူး ပြုတ်ကျတယ် အဲ့တာကို မေမေက မြင်တော့ " ဟယ် ကြောင်ကြီး ဖြစ်ပြီး မတက်နိုင်ဖူးတော် ဆိုပြီး မေမေက ရီပြီး လက်ခုတ်တွေ တီးပြီး သူ့သားကို လှမ်းစတော့ ကိုယ်ကလည်း ကလေးကို ရီပြီး လှမ်းစပြီး လှည့်အကြည့် အဲ့အချိန် ကလေးက ဆိုင်ကယ်ပေါ် ထပ်ပြီး တက်တာ မတက်နိုင်ဖူး နောက်ပြန်လေး ပြုတ်ကျသွားရော " အဲ့အချိန်မှာ ကိုယ်က ထိုင်ခုံကနေ ထပြီး ငါ့ မောင်လေးက တက်လေ ဘယ်လို ဖြစ်လို့ မတက်နိုင်တာလဲ ဆိုပြီး သူ့ နားလေး ငုတ်တုတ်လေး ထိုင်ပြီး ပြောတော့ သူက အားယူပြီး ထပ်တပ်မလို့ လုပ်တာ တက်မရတဲ့ ပုံစံဖြစ်သွားတော့ ရင်ထဲကို ထိတ်ကနဲ ဖြစ်သွားပြီးတော့ " မောင်လေး မတက်နိုင်ရင် မမက တက်ပေးမှာပေါ့ " ဆိုပြီး ကလေးကို ပွေ့ချီပြီး တင်ပေးလိုက်ရော အဲ့အချိန် မေမေ့ ကို လှမ်းပြောလိုက်မယ်တယ် မေမေ ကလေးက မတက်နိုင်တာလား မသိဖူးနော် မနက်တုန်းကတောင် သစ်ပင်နှစ်ပင်ပေါ် တက်နိုင်သေးတယ် ဆိုတော့ မေမေကလည်း စိတ်ပူနေတဲ့ ပုံစံနဲ့ ဘာမှ မပြောဖူး အဲ့အချိန်ထိ သားမိတွေ ဒီတိုင်းနေလိုက်ကြတာ နေ့လည်စာစားပြီးလို့ ကိုယ်က အလုပ် လုပ်နေ ကလေးက အမနားလေးက ထိုင်ခုံလေးမှာ သူတက်ထိုင်ဖို့အတွက် အားယူပြီး တက်တော့ တက်မရဖူး အဲ့တာနဲ့ လှည့်ကြည့်လိုက်တော့ ငုတ်တုတ်လေး ထိုင်ပြီး အမကို မော့ ကြည့်နေတာ သနားစရာလေး " ချစ်က တက်လေ ဒီ ထိုင်ခုံပေါ် ကို ချစ်က မတက်နိုင်ဖူးလား မေးတော့ မျက်နှာလေးက သနားစရာလေး မတက်နိုင်ဖူး ဖြစ်နေတာနဲ့ ထိုင်ခုံပေါ် ချီပြီး တင်ပေးလိုက်ပြီးတော့ မေမေ့ ကို မေမေ ကလေးက ထိုင်ခုံပေါ် တကယ်မတက်နိုင်ဖူးဗျ ဆေးခန်းသွားမှ ဖြစ်မှာ ဆိုပြီး ပြောပြီး သားမိတတွေ ကမ်းကတန်း ထပြီး သွားကြတာ" ( ကလေးက သူ ဒီလို မတက်နိုင်ဖူး ဖြစ်နေတာကို အမကို သိစေချင်လို့ အမနားလေးကပ်ပြီး အမူအရာနဲ့ လုပ်ပြတယ် ထင်တာပဲ ) သားချစ်လေး ဒီလို ထိုင်ခုံပေါ် မတက်နိုင်တာ ငယ်ငယ်တုန်းက သူ ငါးနှစ်ဝန်းကျင်တုန်းကလည်း တစ်ခါဖြစ်ဖူးတယ် အဲ့တုန်းက ဒီထက်ပိုဆိုးတယ် အဲ့တုန်းကလည်း အအေးပတ်တာ အရမ်းပူတော့ မေမေက ရေဖြန်းထားတာ သူက ရေဖြန်းတဲ့နေရာမှာ အိပ်တာ ညနေကျ ကလေးက မီးဖိုချောင်က စားပွဲခုံပေါ် တက်တာ ပြုတ်ကျတာ အောက်ဆင်းတော့လည်း ခြေထောက်က ယိုင်နေတာ အဲတုန်းကလည်း တစ်ပတ်လောက် ကုပြီး ဆေးထိုး ဆေးသောက် ဆေးလိမ်းနဲ့ သက်သာသွားဖူးတယ် အခုက အဲ့လောက် မဆိုးလို့ တော်သေးတယ် အမြင့်ပေါ် ပဲ မတက်နိုင်တာ လမ်းလျှောက်တာ ပုံမှန်ပဲရယ် သားချစ်မဖြစ်ခင် တစ်ညကကို ကိုယ့်စိတ်ထဲမှာ တွေးမိသေးတယ် မောင်လေး ငယ်ငယ်တုန်းက အဲ့လို အမြင့်ပေါ် မတက်နိုင်ဖြစ်ဖူးတာကုိ ထူးထူးခြားခြား သတိရမိသွားတယ် မနက်ကျ ကလေးက ဖြစ်ရော တော်ပါသေးတယ် ဒီကလေးကို အမြဲ အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတော့ သူဘာဖြစ်တာလဲဆိုတာကို ချက်ချင်းတန်းသိတော့ ချက်ချင်းကုလို့ရတယ် ❤️🧿🪬 #augusttharchit #ကော်ရီးသားချစ်