တစ်ပတ်အတွင်း တနင်္သာရီသတင်း
Dawei Watch TV
0:00 / 0:00
တစ်ပတ်အတွင်း တနင်္သာရီသတင်း
8 906 просмотров · 4 дня назад
Dawei Watch TV
114 тыс. подписчиков
8 906 просмотров · 4 дня назад
ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
• ဘုန်းကြီးကိုယ်တိုင် ကားမောင်းရင် ဖမ်းဆီးဖို့ စစ်အုပ်စုညွှန်ကြား
• ထားဝယ် ရေဝိုင်းရွာဝန်းကျင်ကို လေယာဥ်နဲ့ဗုံးကြဲပြီး လက်နက်ကြီးပစ် စစ်ကြောင်းထိုး
• တနင်္သာရီမှာ စစ်အာဏာရှင်တပ်က လူသတ်ပြီး ချောင်းထဲစွန့်ပစ်တယ်လို့ မျက်မြင်တွေပြော
• စစ်အာဏာရှင်တပ်က မြိတ်ခရိုင်အတွင်း နေအိမ် ကိုးဆောင်မီးရှို့ပြီး ဒေသခံနှစ်ဦးကို ပစ်သတ်
• မောတောင်မြို့မှာ လက်နက်နဲ့ လုပ်ပိုင်ခွင့်ကြောင့် ပျူစောထီး ဝင်လုပ်သူများလာ
• ရေဖြူ ရာဖူးရွာမှာ ပစ်ခတ်မှုဖြစ်ပြီး အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်တဲ့သတင်းအပါအဝင်
တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
• ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် " စစ်အာဏာရှင်တပ်က လုယက်ဖျက်ဆီးသွားတဲ့ စစ်ဘေးရှောင်တွေရဲ့ စည်းစိမ်တွေ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။
#DaweiWatch #DVB #Tanintharyi #တနင်္သာရီ #တစ်ပတ်အတွင်း တနင်္သာရီသတင်း#DaweiWatch
Dawei Watch သတင်းဌာနကို ၂၀၁၂ ခုနှစ် မေလတွင် ထားဝယ်မြို့ အခြေစိုက် စတင် တည်ထောင်ခဲ့သည်။ Dawei Watch သည် ကနဦးတွင် တစ်နိုင်ငံလုံးခြုံထုတ်ဝေသည့် နေ့စဉ် သတင်းစာများ၊ အပတ်စဉ်များကို အဓိကအားဖြင့် တနင်္သာရီတိုင်း နှင့် မွန်ပြည်နယ်အတွင်းမှ သတင်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ယင်းအပြင် ထူးခြားမှုအလိုက် ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းလုပ်သားများ သတင်းကိုလည်း တင်ဆက်သည်။