Перейти к содержимому

ယနေ့ ( ၂၀ - ၁၀ - ၂၀၂၆ ) အတွက် မိုးလေဝသခန့်မှန်းချက်များ

PSM Myanmar

0:00 / 0:00

ယနေ့ ( ၂၀ - ၁၀ - ၂၀၂၆ ) အတွက် မိုးလေဝသခန့်မှန်းချက်များ

35 333 просмотра · 14 ч назад
PSM Myanmar
60,6 тыс. подписчиков
35 333 просмотра · 14 ч назад
ဒီနေ့မှာတော့ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လာမယ့် မိုးလေဝသ အခင်းအကျင်းနဲ့ လေဖိအားနည်းရပ်ဝန်းကနေ ဆိုင်ကလုန်မုန်တိုင်းအထိ ဖြစ်နိုင်ခြေရှိနေတာကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။  Windy App ရဲ့ ဥရောပမိုးလေဝသခန့်မှန်းရေးမော်ဒယ် ECMWF မှာ တွေ့ရှိချက်အရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ လေဖိအားနည်းစနစ်တွေ ပြန်ကျဲနေပြီး အရှေ့တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းတို့မှာ လေရစ်ဝဲစနစ်တွေ ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ အဆိုပါလေဖိအားနည်းစနစ်တွေအားကောင်းလာပြီး လာမယ့်အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်တာကို တွေ့ရပြီး အောက်တိုဘာ ၂၃ ရက်နေ့မှာတော့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ် အားကောင်းလာတာကို တွေ့ရပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်အားကောင်းကာ အားကောင်းတဲ့မုန်တိုင်းငယ်အဖြစ် ဖြစ်ပေါ်လာနိုင်တာကို တွေ့ရပြီး အောက်တိုဘာ ၂၄ ၂၅ ဝန်းကျင်မှာတော့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဖြစ်ပေါ်လာနိုင်တာကို တွေ့ရပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက်ဝန်းကျင်မှာ ဗဟိုလေဖိအား ၉၈၀ hPa ကနေ 970 hPa အထိ ကျဆင်းနိုင်ပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၆၀ ကနေ တစ်နာရီမိုင် ၉၀ အထိ အလွန်အမင်း အားကောင်းလာနိုင်တာကို တွေ့ရပါတယ်။ လာမယ့် အောက်တိုဘာလ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာတော့ မုန်တိုင်းဟာ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းကမ်းရိုးတန်းဒေသကနေ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်နိုင်ပြီး ကုန်းမြေနဲ့ ထိတွေမှုကြောင့် တဖြည်းဖြည်း ပြန်လည် အားလျော့သွားနိုင်မှာဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လာမယ့် မုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသတွေနဲ့ ကုန်တွင်းပိုင်းဒေသတွေဆီ စိုထိုင်းစများတဲ့ လေထုတွေ တိုးဝင်လာမှာဖြစ်တဲ့အတွက် နိုင်ငံတဝန်း မိုးရွာသွန်းမှုတွေ ပြန်လည်မြင့်တက်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တနင်္သာရီတိုင်း၊ ကရင်ပြည်၊ မွန်ပြည်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်တို့မှာ  ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှ တိုက်ရိုက်တိုးဝင်လာတဲ့ ပင်လယ်လေကြောင့် ဒီနေ့ကနေ လာမယ့် အောက်တိုဘာ ၂၅ ရက်အတွင်း မိုးရွာသွန်းမှု ပိုမိုအားကောင်းလာပြီး နေရာကွက်ကျား မိုးကြီးခြင်းနဲ့ မိုးသက်လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်နိုင်ပြီး အချို့ဒေသတွေမှာ မိုးရေချိန် ၃ လက်မမှ ၅ လက်မအထိ ရရှိတဲ့အတွက် မိုးအလွန်ကြီးတာတွေဖြစ်ပေါ်နိုင်ပါတယ်။ ချင်းပြည် စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နဲ့ ရှမ်းပြည်တို့မှာလည်း အရှေ့တောင်ဘက်နဲ့ အရှေ့ဘက်အရပ်ကနေ လေပူအစိုများ ကုန်းတွင်းပိုင်းကို တိုးဝင်လာမှုနဲ့ တောင်တန်းဒေသ ပထဝီဝင်အနေအထားတို့ကြောင့် မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ မိုးတိမ်တောင်များ ဖြစ်ထွန်းကာ မိုးအသင့်အတင့်မှ မိုးထစ်ချုန်းရွာသွန်းနိုင်မှာပါ။ ဒါ့အပြင် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်းနဲ့ ကရင်နီပြည်တို့မှာလည်း အောက်တိုဘာ ၂၃ ရက်နောက်ပိုင်းကနေစပြီး လေဖိအားနည်းစနစ်ရဲ့ အရှိန်ကြောင့် မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ မိုးတိမ်တောင်များ ဖြစ်ထွန်းကာ မိုးထစ်ချုန်းရွာသွန်းမှု ပြန်လည် မြင့်တက်လာနိုင်မှာဖြစ်ပါတယ်။ တောင်သူဦးကြီးတွေအတွက်တော့ အောက်တိုဘာ ၂၂ ရက်နေ့အထိ မိုးခေတ္တပါးသွားမှာဖြစ်တာကြောင့် မိုးးပါးနဲ့ သီးနှံများကို အမြန်ဆုံးရိတ်သိမ်းခြွေလှေ့သင့်တယ်လို့ အကြံပြုလိုပါတယ်။  လာမယ့် အောက်တိုဘာ ၂၃ နောက်ပိုင်းမှာတော့ မိုးရွာသွန်းမှုတွေ ပြန်လည်မြင့်တက်လာနိုင်တာကြောင့် ရိတ်သိမ်းပြီးတဲ့ စပါးနဲ့ သီးနှံတွေကို ကွင်းပြင်မှာ စုပုံထားခြင်း မပြုဘဲ မိုးလွတ်သည့် အမိုးအကာအောက်ထားရှိတာ၊ တာပေါ်လင်စများနဲ့ အုပ်ဆိုင်းထားတာ၊ စပါးကျီများအတွင်း သေချာစွာ မိုးလုံအောင် ဖုံးအုပ်သိမ်းဆည်းထားကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီနေ့ရဲ့ မိုးရွာသွန်းမှုအခြေအနေကို တင်ပြရမယ်ဆိုရင် ချင်းပြည်တောင်ပိုင်းနဲ့ ရခိုင်ပြည်တို့မှာ  နေရာအနှံ့အပြား မိုးအနည်းငယ်ကနေ မိုးအသင့်အတင့်ရွာနိုင်တာကို တွေ့ရပါတယ်။  အထူးသဖြင့် ရခိုင်ရိုးမ၊ ချင်းတောင်တန်းတွေနဲ့ ကပ်လျပ်ရှိတဲ့ မကွေးတိုင်းအနောက်ပိုင်း ဒေသတွေနဲ့ ရခိုင်ရိုးမပေါ်မှာ  မိုးအသင့်အတင့်ကနေ မိုးများနိုင်မှာဖြစ်ပြီး နေရာကွက် မိုးသည်းထန်နိုင်တာကြောင့် ရုတ်တရက် တောင်ကျရေစီးတာ ခဏတာရေကြီးတာမျိုးတွေကို အထူးသတိပြုရမှာဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း မန္တလေးတိုင်းအထက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းတိုမှာလည်း နေရာစိပ်စိပ်ကနေ နေရာကျဲကျဲ မိုးအနည်းငယ်ရွာသွန်းနိုင်ပြီး နေရာကွက် မိုးသည်းထန်နိုင်ပါတယ်။ ဒါ့အပြင် နေပြည်တော်၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နဲ့ တနင်္သာရီတိုင်းတို့မှာ နေရာကွက်ကျား မိုးအနည်းငယ်ရွာသွန်းနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ များသောအားဖြင့် သာယာနိုင်မှာဖြစ်ပါတယ်။ နေ့အပူချိန်တွေမှာတော့ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ၃၄ ဒီဂရီဆဲလ်စီးယပ်အထိ အမြင့်ဆုံးမြင့်တက်နိုင်ပြီး မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေဖြစ်တဲ့ ပဲခူးတိုင်း ရန်ကုန်တိုင်း မွန်ပြည်နဲ့ ကရင်ပြည်တို့မှာတော့ ၃၆ ဒီဂရီကနေ ၃၈ ဒီဂရီလောက်အထိ နေ့အပူချိန် အမြင့်ဆုံး မြင့်တက်နိုင်မှာဖြစ်ပါတယ်။  အပူချိန်မြင့်တက်လာပြီး စိုထိုင်းဆတွေကြောင့် အပူရှိန်မြင့်တက်နိုင်တဲ့ဒေသတွေကတော့ ရခိုင်ပြည် မကွေးတိုင်း နေပြည်တော် ပဲခူးတိုင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း မွန်ပြည်နဲ့ ကရင်ပြည်တို့ဖြစ်ပြီး အဆိုပါဒေသတွေမှာ ၄၀ ဒီဂရီကနေ ၄၂ ဒီဂရီလောက်အထိ အပူရှိန်ကိုခံစားရနိုင်တဲ့အတွက် ပူအိုက်နေမှာဖြစ်ပါတယ်။  ဒါ့အပြင် ရခိုင်ပြည် မကွေးတိုင်း နေပြည်တော် စစ်ကိုင်းတိုင်းအောက်ပိုင်း မန္တလေးတိုင်း ရှမ်းပြည်မြောက်ပိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နိုင်ပြီး မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက် မိုးသည်းထန်စွာရွာတာ၊ လေပြင်းတိုက်ခတ်တာ၊ လျှပ်စီးလက်တာ၊ မိုးခြိမ်းတာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်နိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ အကြံပြုလိုပါတယ်။ PSM ရဲ့ ပရိတ်သတ်များရှင် မိုးလေဝဖြစ်စဉ်တွေဟာ များသောအားဖြင့် ၇၀ ရာခိုင်နှုန်းခန့်သာ မှန်နိုင်ပြီး အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။  #psm_weather #psm_myanmar #psm_news