Перейти к содержимому

အိုးစည်သံ_မြန်မာ့ရိုးရာသီချင်း_Burmese Folk Songs_စာတန်းထိုး

Ko Lwin

0:00 / 0:00

အိုးစည်သံ_မြန်မာ့ရိုးရာသီချင်း_Burmese Folk Songs_စာတန်းထိုး

36 693 просмотра · 4 года назад
Ko Lwin
24,9 тыс. подписчиков
36 693 просмотра · 4 года назад
မြန်မာ့ရိုးရာ သီချင်းများ၏ အမည်များသည်၊ အများအားဖြင့်၊ မြန်မာ့ရိုးရာ တူရိယာ ပစ္စည်းများဖြစ်သော စည်အမျိုးအစား အပါအဝင် “အိုးစည်၊ ဒိုးပတ်၊ ဗုံကြီး၊ စည်တော်” ဟုခေါ်သည့် တူရိယာ ပစ္စည်းများကို အကြောင်းပြု၍ ထွန်းကားပေါ်ပေါက်လာလေသည်။ အိုးစည်အဖွဲ့ဖြင့် တီးမှုတ် သီဆိုသော မြန်မာ့ရိုးရာ သီချင်းများကို အိုးစည်သံ၊ သို့မဟုတ် အိုးစည်သီချင်းဟု ခေါ်ဝေါ်ကြသည်။ အိုးစည်ဟူ၍ ခေါ်ဝေါ်ခြင်းအနက် အဓိပ္ပါယ်မှာ၊ အိုးနှင့် သဏ္ဌာန်တူသော စည်ဖြစ်ခြင်းကြောင့်ပင် ဖြစ်လေသည်။ အိုးစည်သည် တဖက်ပိတ် စည်အမျိုးအစားဖြစ်ပြီး ပခုံးတွင် လွယ်၍ တီးရသည်၊ အိုးစည်အဖွဲ့တွင် အိုးစည်တီးသူတယောက် ပြွေ၊ သို့မဟတ် နှဲမှုတ်သူ တယောက်၊ လင်းကွင်းတီးသူ တယောက်၊ ဝါးလက်ခုပ်တီးသူ အနည်းဆုံး နှစ်ယောက် ပါဝင်တီးမှုတ်ကြလေ့ ရှိသည်။ အိုးစည်သံရိုးရာ သီချင်းများကို မြန်မာတနိုင်ငံလုံးရှိ ပြည်ထောင်စု မြန်မာတိုင်းရင်းသား တောင်သူ လယ်သမားများသည်၊ ဆန်စပါး စိုက်ပျိုးခြင်းနှင့် ဆက်စပ်လျက်ရှိသော ပျော်ပွဲ ရွှင်ပွဲများ၌၄င်း၊ ဗုဒ္ဓဘာသာနှင့် ဆက်စပ်လျက်ရှိသော ပွဲတော်များ၌၄င်း၊ အများဆုံး သီဆိုတီးမှုတ် ကခုန်လေ့ရှိကြသည်။ #Ko Lwin #Burmese Folk Songs #မြန်မာ့ရိုးရာသီချင်း #အိုးစည်သံ