ထရမ့်ဆင်နွှဲနေတဲ့အီရန်စစ်ပွဲ အရှုပ်တော်ပုံကို အိုဘားမားဝေဖန်ထိုးနှက် | People's Spring
People's Spring
0:00 / 0:00
ထရမ့်ဆင်နွှဲနေတဲ့အီရန်စစ်ပွဲ အရှုပ်တော်ပုံကို အိုဘားမားဝေဖန်ထိုးနှက် | People's Spring
28 984 просмотра · 15 ч назад
People's Spring
707 тыс. подписчиков
28 984 просмотра · 15 ч назад
ထရမ့်ဆင်နွှဲနေတဲ့အီရန်စစ်ပွဲ အရှုပ်တော်ပုံကို အိုဘားမားဝေဖန်ထိုးနှက်
အောက်တိုဘာလ- ၂၅ ၊၂၀၂၆ ။People’s Spring
သက်တမ်းဝက် ရွေးကောက်ပွဲကြို ဒီမိုကရက်တစ် ပါတီအတွက် မဲဆွယ်ရာမှာ အမေရိကန် သမ္မတဟောင်း ဘာရတ် အိုဘားမားက လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဝေဖန် ထိုးနှက်သွားခဲ့ပါတယ်။
ထရမ့်ဆင်နွှဲတဲ့ အီရန်စစ်ပွဲ နောက်ဆက်တွဲ အရှုပ်တော်ပုံတွေ၊ အမေရိကန်မှာ လူနေမှုစရိတ် ကြီးမြင့်လာတာတွေကို အဓိက ပစ်မှတ်ထားပြီး အိုဘားမားက ထရမ့်ရဲ့ အစိုးရကို တိုက်ခိုက်သွားခဲ့ပါတယ်။
လက်ရှိ အစိုးရအဖွဲ့ရဲ့ ရူးမိုက်မှုတွေထဲက တချို့တလေကို ပြန်ပြင်ဆင်ခွင့်ရဖို့ အခုရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် နောက်ဆုံးနဲ့ အကောင်းဆုံး အခွင့်အရေး ဖြစ်တယ်လို့ အိုဟိုင်ယို ပြည်နယ်က မဲဆွယ်ပွဲ တစ်ခုမှာ အိုဘားမားက အောက်တိုဘာ ၂၄ ရက်နေ့တုန်းက ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဗြုတ်စဗြင်းတောင်း အရှုပ်အထွေးတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အဂတိကိစ္စတွေ၊ အရည်အချင်း မပြည့်မီတဲ့ ကိစ္စတွေကို မျက်မှောက်ခေတ် ကာလမျိုးမှာ မကြုံစဖူး အတိုင်းအတာထိ တွေ့မြင်ခဲ့ရကြောင်း၊ အခုတော့ ဒါတွေ တော်သင့်ပြီ ဆိုတာကို ထုတ်ပြောဖို့ လူထုမှာ အခွင့်အရေး ရှိလာပြီဖြစ်ကြောင်း အိုဘားမားက ကလိဗ်လန်းက မဲဆွယ်ပွဲမှာ ပြောကြားခဲ့ပါတယ်။
ပြီးတော့ ကုန်စျေးနှုန်းတွေက အရင်ကတည်းက ကြီးပါတယ်လို့ လူတိုင်းသိတဲ့ ပုဂ္ဂိုလ်က ပြောနေပေမယ့် လက်တွေ့အရ အခုဆိုရင် အားလုံးက အရင်ထက် စျေးတွေ ပိုကြီးနေပြီဖြစ်ကြောင်းလည်း အိုဘားမားက ဆိုပါတယ်။ သူဟာ လူတိုင်းသိတဲ့ ပုဂ္ဂိုလ်လို့ သုံးနှုန်းပြီး ထရမ့်ရဲ့ နာမည်ကို တိုက်ရိုက် မရည်ညွှန်းခဲ့ပါဘူး။
အီရန် စစ်ပွဲနဲ့ ပတ်သက်လို့လည်း အိုဘားမားက ဘယ်သူမှ မတောင်းဆိုတဲ့၊ ဘယ်သူမှ မထောက်ခံတဲ့၊ လိုလည်း မလိုအပ်တဲ့ စစ်ပွဲတစ်ခုကို ထရမ့်က သူ့သဘောနဲ့သူ စတင်ခဲ့တယ်လို့ ဝေဖန်သွားပါတယ်။ သူဦးဆောင်တဲ့ အစိုးရ လက်ထက်တုန်းက အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် မရအောင် ထိန်းချုပ်ထားမယ့် သဘောတူညီမှု တစ်ခုကို ရယူထားခဲ့တာကြောင့် အီရန်မှာ အဲဒီလက်နက်တွေ ရှိမနေခဲ့ဘူးလို့လည်း အိုဘားမားက ပြောပါတယ်။ အိုဘားမားရဲ့ ရာထူးကို ထရမ့်က ဆက်ခံပြီး ပထမ သမ္မတသက်တမ်းမှာတင် အဲဒီ အီရန် နျူကလီးယား ထိန်းချုပ်ရေး စာချုပ်ကို တစ်ဖက်သတ် ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။
အိုဘားမားက အိမ်ဖြူတော်က အခမ်းအနားတွေ ကျင်းပရာ ခန်းမဆောင်ကို အကြီးစား ပြင်ဆင်မှုတွေ လုပ်ဆောင်စေတဲ့ ထရမ့်ကိုလည်း လှောင်ပြောင်သွားခဲ့ပါတယ်။ သူ့ကိုယ်သူတော့ သတိထားမိပါ့မလား မသေချာပေမယ့် ထရမ့်ဟာ အိမ်တွေ မွမ်းမံရတာကို အရမ်း အာရုံစိုက်နေကြောင်း၊ အိမ်ဖြူတော်မှာလည်း အီရတ် အာဏာရှင်ဟောင် ဆက်ဒမ်ဟူစိန်က Cheesecake Factory ဆိုင်ဖွင့်သလိုတွေ လုပ်နေကြောင်း အိုဘားမားက ပြောပါတယ်။
ဟူစိန်က ရွှေရောင်တောက်တောက် အဆင်အပြင်တွေကို ကြိုက်သလို Cheesecake Factory ဆိုင်တွေရဲ့ အတွင်းပိုင်း ပြင်ဆင်မှုကို ပြိုးပြိုးပြက်ပြက် လင်းလင်းလက်လက် ဒီဇိုင်းမျိုးတွေ သုံးလေ့ရှိတာကို ဥပမာပေးပြီး အိုဘားမားက သရော်ခဲ့တာပါ။
ကိုဗစ်ကပ်ရောဂါ ကာလအပြီး အမေရိကန်မှာ ကြုံလာတဲ့ စီးပွားရေးနဲ့ ငွေကြေးဖောင်းပွမှုဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ဒီမိုကရက်တစ် ပါတီကို ကျောခိုင်းသွားခဲ့တဲ့ မဲဆန္ဒရှင်တွေကို နားလည်စာနာကြောင်း၊ ဒါပေမဲ့ လက်ရှိ ဖြစ်ပျက်နေတာတွေကိုတော့ ထရမ့်က သူ့ကိုယ်သူပဲ အပြစ်တင်ရမှာ ဖြစ်ကြောင်းလည်း အိုဘားမားက ပြောကြားသွားပါတယ်။
=====
တရုတ်နယ်စပ်မြို့ဆီ ကင်မ်ဂျုံအွန်း သွားရောက်လည်ပတ်
အောက်တိုဘာလ- ၂၅ ၊၂၀၂၆ ။People’s Spring
တရုတ်ရဲ့ နယ်စပ်မြို့ တစ်ခုကို သွားရောက်ခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ နေရပ်ကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့တုန်းက ကင်မ်ဟာ နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ တရုတ်ပိုင် တန်တောင်မြို့ကို သွားရောက်ခဲ့ကြောင်း တရုတ် အစိုးရ သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ကြိုတင် ကြေညာမှု မရှိတဲ့ အဲဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကိုတော့ မထုတ်ပြန်ပါဘူး။
ကင်မ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ဖွင့်လှစ်ထားတဲ့ နှစ်နိုင်ငံ နယ်စပ်တံတား အသစ်ကြီးကို ဖြတ်သန်းပြီး တရုတ်ပိုင်နက်ထဲ ဝင်ရောက်ခဲ့ပါတယ်။ ၁၂ နှစ်ကြာ အချိန်ယူ တည်ဆောက်ခဲ့တဲ့ အဲဒီ တံတားဟာ တရုတ်နဲ့ မြောက်ကိုရီးယားကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန် မြှင့်တင်လာမှုကို ထင်ဟပ်စေပါတယ်။
ကင်မ်ရဲ့ တစ်ရက်ကြာ နယ်စပ်ခရီးစဉ်နဲ့ ပတ်သက်လို့ မြောက်ကိုရီးယားရော၊ တရုတ်ကပါ ကြိုတင် ကြေညာတာမျိုး မရှိခဲ့ပါဘူး။ တောင်ကိုရီးယား လွှတ်တော်အမတ် ယွန်ကွန်ယောင်းကတော့ ကင်မ်ဟာ တန်တောင်မြို့မှာ တရုတ် ဝန်ကြီးချုပ် လီကျန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။
ဒါပေမဲ့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းဌာနရဲ့ ဖော်ပြမှုမှာတော့ ကင်မ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဒါမှမဟုတ် ဝန်ကြီးချုပ် လီတို့နဲ့ တွေ့ဆုံခဲ့သလား ဆိုတာမျိုး ဘာမှ ဖော်ပြမထားပါဘူး။ တန်တောင်ကို ကင်မ်ရောက်ရှိနေချိန်မှာ တရုတ် အစိုးရ ထိပ်တန်း နိုင်ငံရေး အကြံပေး အရာရှိ ဝမ်ဟူနင်းနဲ့ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိတို့က အဖော်ပြုပေးခဲ့တယ်လို့ပဲ ရှင်ဟွာက ဆိုပါတယ်။
အခု ခရီးစဉ်ဟာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုတွေကို ပိုမိုအားကောင်းလာစေမယ်လို့ ဝမ်က ချီးကျူးစကား ဆိုခဲ့ကြောင်း ရှင်ဟွာသတင်းမှာ ပါရှိခဲ့ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဘာရတ်အိုဘားမား #ဒေါ်နယ်ထရမ့် #အမေရိကန်ရွေးကောက်ပွဲ #အီရန်စစ်ပွဲ #ဒီမိုကရက်တစ်ပါတီ #ရီပတ်ဘလစ်ကန် #BarackObama #DonaldTrump #USMidterms #USPolitics #IranWar #USElections #ကင်မ်ဂျုံအွန်း #မြောက်ကိုရီးယား #တရုတ် #တန်တောင်မြို့ #ယာလူမြစ်ကူးတံတား #KimJongUn #NorthKorea #China #Dandong #ChinaNorthKorea #DPRK