အမြဲတမ်း စိတ်ပူတတ်၊ စိုးရိမ်တတ်သူများ (မဖြစ်မနေ နားယူရန် တရားတော်) #တရားတော်များ #သစ္စာရွေစည်ဆရာတော်
Dhamma Shelter - ဓမ္မခိုလှုံရာ
0:00 / 0:00
အမြဲတမ်း စိတ်ပူတတ်၊ စိုးရိမ်တတ်သူများ (မဖြစ်မနေ နားယူရန် တရားတော်) #တရားတော်များ #သစ္စာရွေစည်ဆရာတော်
9 просмотров · 3 недели назад
Dhamma Shelter - ဓမ္မခိုလှုံရာ
2,93 тыс. подписчиков
9 просмотров · 3 недели назад
#သစ္စာရွှေစည်ဆရာတော် #တစ်ခုခုတွေတွေးပြီးစိတ်ပူတဲ့ခါ #စိုးရိမ်သောကငြိမ်းစရာ #အတွေးလွန်ခြင်း #စိတ်အေးချမ်းမှု #dhamma #တရားတော်များ #mindfulness #စိတ်ခွန်အား
တရားချစ်ခင် သူတော်စင်အပေါင်းတို့ခင်ဗျာ...
ကျွန်တော်တို့ နေ့စဉ်လူမှုဘဝထဲမှာ မဖြစ်လာသေးတဲ့ အနာဂတ်အရေးတွေကို ကြိုတင်တွေးပူတာ၊ အတိတ်က အကြောင်းအရာတွေကို တွေးတောပြီး စိတ်မတည်ငြိမ်တာ၊ တစ်ခုခုဆိုတာနဲ့ စိုးရိမ်သောက ရောက်တတ်တာတွေဟာ စိတ်ရဲ့ မကောင်းတဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။ စိတ်ပူပန်မှုတွေ များလာတဲ့အခါ စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်ပြီး ဘဝမှာ မပျော်မရွှင် ဖြစ်လာတတ်ပါတယ်။
ဒီဗီဒီယိုလေးမှာတော့ သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ ဟောကြားတော်မူသော ဆုံးမဩဝါဒတရားတော်ကို အခြေခံပြီး မိမိတို့ရဲ့ စိတ်ကလေးကို ပိုပိုကောင်းအောင် ဘယ်လိုနည်းလမ်းမှန်မှန်နဲ့ ပြုပြင်ပြောင်းလဲ ကျင့်ကြံရမလဲဆိုတာကို လမ်းညွှန်ပြသပေးထားပါတယ်။ စိတ်ကလေး ပိုကောင်းလာတဲ့အခါ အေးချမ်းမှု၊ ချမ်းသာမှုနဲ့ သက်သာမှုကို လက်တွေ့ခံစားရမှာ ဖြစ်ပါတယ်။
အတွေးလွန်ပြီး စိတ်ပူပန်တတ်သူများ၊ စိတ်ဖိစီးမှု ခံစားနေရသူများ အားလုံး စိတ်အေးချမ်းသာစွာ နာယူကြည်ညိုပြီး သောကအပူတွေ ငြိမ်းအေးနိုင်ကြပါစေ။
ဓမ္မဒါနအဖြစ် အများသူငါ မြင်တွေ့ပြီး စိတ်အေးချမ်းမှု ရရှိနိုင်စေရန်အတွက် Like, Share နဲ့ Subscribe လုပ်ပေးခဲ့ဖို့ တောင်းဆိုပါရစေဦးနော်။ 🙏🙏🙏