Перейти к содержимому

လူတိုင်းနှင့် သက်ဆိုင်သော ဂီတ

My Notes

0:00 / 0:00

လူတိုင်းနှင့် သက်ဆိုင်သော ဂီတ

77 837 просмотров · 1 дн. назад
My Notes
688 тыс. подписчиков
77 837 просмотров · 1 дн. назад
လူသားတွေဟာ ဘာကြောင့် ဂီတကို ဖန်တီးခဲ့ကြတာလဲ။ ဂီတဟာ ကျွန်တော်တို့ရဲ့ ဦးနှောက်၊ စိတ်ခံစားချက်နဲ့ လူ့အဖွဲ့အစည်းအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနေသလဲ။ ဂီတဆိုတာ ဖျော်ဖြေရေးတစ်ခုသက်သက် မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကတည်းက လူသားတွေဟာ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားနေရင်းနဲ့တောင် ဂီတတူရိယာတွေကို ဖန်တီးခဲ့ကြပါတယ်။ သမိုင်းတစ်လျှောက် ဂီတဟာ လူတွေကို စည်းလုံးစေခဲ့သလို စစ်ပွဲတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်း အသုံးပြုခံခဲ့ရပါတယ်။ ဒါပေမဲ့ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက ဂီတနဲ့ လူသားတွေရဲ့ စိတ်ခံစားချက်အကြား ဆက်စပ်မှုပါပဲ။ သီချင်းတစ်ပုဒ်ကြားလိုက်ရုံနဲ့ နှစ်ပေါင်းများစွာ မေ့နေခဲ့တဲ့ လူတစ်ယောက်ကို ဘာကြောင့် ပြန်သတိရလာတာလဲ။ ဝမ်းနည်းနေတဲ့အချိန်မှာ ဘာကြောင့် ဝမ်းနည်းစရာသီချင်းတွေကိုပဲ ထပ်ခါထပ်ခါ နားထောင်ချင်ကြတာလဲ။ သီချင်းတစ်ပုဒ်ကြောင့် ဘာကြောင့် ကြက်သီးထပြီး မျက်ရည်ကျတဲ့အထိ ခံစားရတာလဲ။ ဒီတစ်ပတ် ရဲ့ “လူတိုင်းနှင့် သက်ဆိုင်သော” အစီအစဉ်မှာ ဂီတရဲ့ သမိုင်းကြောင်း၊ သိပ္ပံပညာ၊ စိတ်ပညာ၊ လူ့ယဉ်ကျေးမှုနဲ့ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုတွေကို စိတ်ဝင်စားစရာ ဇာတ်လမ်းတွေနဲ့အတူ လေ့လာကြည့်ကြမှာ ဖြစ်ပါတယ်။ မြန်မာ့ဂီတနဲ့ ကမ္ဘာ့ဂီတရဲ့ ကွဲပြားခြားနားမှုတွေ၊ ဂီတပညာရှင်ကြီးတွေရဲ့ ဘဝဇာတ်လမ်းတွေအပြင် AI ခေတ်မှာ ဂီတရဲ့ အနာဂတ်ဟာ ဘယ်လိုပြောင်းလဲလာနိုင်သလဲဆိုတာကိုလည်း ဆွေးနွေးထားပါတယ်။ နောက်ဆုံးမှာတော့ စဉ်းစားစရာ မေးခွန်းတစ်ခု ကျန်နေပါတယ်။ ကျွန်တော်တို့က သီချင်းတွေကို အမှတ်တရအဖြစ် သိမ်းထားတာလား။ ဒါမှမဟုတ် သီချင်းတွေကပဲ ကျွန်တော်တို့ရဲ့ ဘဝဇာတ်လမ်းတွေကို သိမ်းထားပေးနေတာလား။ #MyNotes #လူတိုင်းနှင့်သက်ဆိုင်သော #ဂီတ #Music #MusicHistory #Psychology #Humanity