ထိုင်းမှာရေကြီးနေတဲ့ဒေသတွေဆီကူညီရေးအတွက်စစ်သား ၁၀,၀၀၀ ကျော်ပို့ထား | People's Spring
People's Spring
0:00 / 0:00
ထိုင်းမှာရေကြီးနေတဲ့ဒေသတွေဆီကူညီရေးအတွက်စစ်သား ၁၀,၀၀၀ ကျော်ပို့ထား | People's Spring
9 046 просмотров · 9 часов назад
People's Spring
700 тыс. подписчиков
9 046 просмотров · 9 часов назад
ထိုင်းမှာရေကြီးနေတဲ့ဒေသတွေဆီကူညီရေးအတွက်စစ်သား ၁၀,၀၀၀ ကျော်ပို့ထား
စက်တင်ဘာလ- ၂၇ ၊၂၀၂၆ ။People’s Spring
ထိုင်းနိုင်ငံက ရေကြီးမှုဒဏ် ခံနေရတဲ့ ပြည်နယ်တွေဆီ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေး လုပ်ငန်းတွေမှာ ပါဝင်ဖို့ စစ်သည် ၁၀၀၀၀ ကျော် ဖြန့်ကျက် စေလွှတ်ထားကြောင်း သိရပါတယ်။
ထိုင်းရဲ့ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက စုစုပေါင်း ပြည်နယ် ၁၂ ခုမှာ ရေကြီးမှုတွေ ကြုံနေကြောင်း သဘာဝ ဘေးအန္တရာယ် ကြိုတင်တားဆီးရေးနှင့် လျှော့ချရေးဌာန (DDPM)က ကြေညာပါတယ်။
စစ်တပ်က တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးထားသလို သူ့ရဲ့ဌာနကလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်း အလုပ်လုပ်ဖို့ ကျွမ်းကျင်သူတွေ၊ အကြီးစား စက်ယန္တရားတွေ ပေးပို့ထားတယ်လို့ DDPM အတွင်းရေးမှူးချုပ် တီရာပတ် ကွတ်ချာမတ်သ်က ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ ရေဘေးသင့် ဧရိယာတွေမှာ ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်နေသလို အန္တရာယ် အများဆုံး ဇုန်နေရာတွေမှာ နေထိုင်သူတွေကိုလည်း အရေးပေါ် ရွှေ့ပြောင်းပေးနေတယ်လို့ သိရပါတယ်။
ရေကြီးနေတဲ့ ပြည်နယ်တွေကတော့ ဖက်ချာဘွန်၊ နတ်ခွန်ဆာဝမ်၊ ဥထိုင်းဌာနီ၊ ဆင်ဘူရီ၊ ဆူဖန်ဘူရီ၊ ဆာရာဘူရီ၊ အယုဒ္ဓယ၊ ချန်သာဘူရီ၊ ချချန်းစောင်၊ စကယောက်၊ ထရတ်နဲ့ ဆူရင်တို့ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းကစလို့ ထိုင်းရဲ့မြို့တော် ဘန်ကောက်မှာလည်း ရေဆင်း တူးမြောင်းတွေပါ ရေပြည့်ကုန်လို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး ရာသီဥတုဆိုင်ရာ အရေးပေါ် အခြေအနေတွေပါ ကြေညာထားရပါတယ်။
DDPMက လေဖိအားနည်း ရပ်ဝန်းတစ်ခုရဲ့ သက်ရောက်မှုကြောင့် စက်တင်ဘာ ၂၇ ရက်ထိ နိုင်ငံအရှေ့ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ မိုးသည်းသည်းထန်ထန် ဆက်ရွာနိုင်ကြောင်း သတိပေးထားပါတယ်။
အကျိုးဆက်အဖြစ် ရေကြီးတာ၊ တောင်ကျရေတွေ ရုတ်တရက် စီးဆင်းတာ၊ မြေပြိုတာ၊ မြစ်ရေလျှံတာတွေ ကြုံနိုင်တယ်လို့လည်း DDPMက ထုတ်ပြန်ထားပါတယ်။
=====
ဟောမုဇ် ရေလက်ကြား ဖွင့်ပေးမယ့် အီရန်ရဲ့ ကမ်းလှမ်းချက်ကို ထရမ့်ပယ်ချ
စက်တင်ဘာလ- ၂၇ ၊၂၀၂၆ ။People’s Spring
ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ အီရန်ဖက်က နောက်ဆုံး ကမ်းလှမ်းခဲ့တဲ့ အဆိုပြုချက်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပယ်ချလိုက်ပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့မှာ ထရမ့်က အီရန်ရဲ့ ကမ်းလှမ်းမှုဟာ လက်ခံနိုင်စရာ မရှိဘူးလို့ အကြောင်းပြပြီး ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီက အစောပိုင်းတုန်းက အီရန် ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ၇ ရက်အတွင်း ပြန်ဖွင့်ပေးမယ့် ကမ်းလှမ်းမှု တစ်ခုကို ထရမ့်ဆီ ပေးပို့ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အပြန်အလှန် အနေနဲ့ အီရန်က အမေရိကန်ဆီ ကာလရှည်ကြာ တောင်းဆိုထားတဲ့ ကိစ္စတချို့ကို လိုက်လျောပေးဖို့ အီရန်က အဆိုပြုခဲ့ပါတယ်။ အသေးစိတ်ကို ထုတ်မပြောပေမယ့် အာရက်ချီက အဲဒီ တောင်းဆိုမှုတွေဟာ ဇွန်လတုန်းက နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး အခုအခါ ပျက်ပြယ်သွားပြီဖြစ်တဲ့ နားလည်မှု စာချွန်လွှာ (MoU)ထဲမှာ ပါပြီးသား အကြောင်းအရာတွေသာ ဖြစ်တယ်လို့ ပြောကြားခဲံပါတယ်။
MoUထဲမှာ ပါဝင်တဲ့ ကတိကဝတ်တွေကတော့ အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုတွေ ဖြေလျှော့ပေးဖို့၊ အမေရိကန် ထိန်းချုပ်ထားတဲ့ အီရန် ပိုင်ဆိုင်မှုတွေကို ပြန်လွှဲပေးဖို့၊ စစ်ဆင်ရေးတွေ ရပ်တန့်ဖို့ ဆိုတာတွေ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့မှာတော့ အီရန်ရဲ့ ကမ်းလှမ်းမှုနဲ့ ပတ်သက်လို့ သတင်းထောက် တစ်ယောက်က မေးမြန်းတဲ့အခါ ထရမ့်က အဲဒီအဆိုပြုချက်ကို သူပယ်ချလိုက်ကြောင်း ပြန်ဖြေခဲ့ပါတယ်။ အီရန်က သဘောတူညီမှု တစ်ခု ရချင်နေပြီး ဒါက ကောင်းတဲ့ကိစ္စလို့ သူယူဆကြောင်း၊ သူလည်း သဘောတူညီမှု တစ်ခုခုကို လိုချင်ကြောင်း၊ ဒါပေမဲ့ အီရန်ရဲ့ အဆိုပြုထားတဲ့ အခြေအနေတွေက သဘောတူညီမှုအတွက် လက်ခံနိုင်စရာ မဟုတ်ကြောင်း ထရမ့်က ဆိုပါတယ်။
အာရက်ချီကတော့ အီရန်ရဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ထရမ့်ဆီက လူသိရှင်ကြား တုံ့ပြန်မှုကိုတော့ တွေ့ထားပြီး ဖြစ်ကြောင်း၊ ဒါပေမဲ့ ကြားခံ ညှိနှိုင်းပေးတဲ့ နိုင်ငံတွေကနေတဆင့် အမေရိကန်က တရားဝင် အကြောင်းပြန်လာမှာကို ဆက်ပြီး စောင့်ဆိုင်းနေကြောင်း စက်တင်ဘာ ၂၆ ရက်နေ့တုန်းက Telegramမှာ ရေးသားခဲ့ပါတယ်။
ပြီးတော့ ဟောမုဇ် ရေလက်ကြား ပြန်ပွင့်ဖို့ ဆိုတာက အီရန်ရဲ့ တောင်းဆိုမှုတွေ အထမြောက်မှသာ ဖြစ်နိုင်လိမ့်မယ်လို့လည်း သူက ထပ်လောင်း သတိပေးသွားပါတယ်။
အခုသီတင်းပတ် အစောပိုင်းတုန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ထရမ့်က အီရန်ဟာ အမေရိကန်နဲ့ သဘောတူညီမှု တစ်ခုခု မရယူနိုင်ဘူးဆိုရင် အပြင်းအထန် ချေမှုန်းခံရနိုင်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီ မိန့်ခွန်းပြောပြီး နာရီပိုင်း အကြာမှာတော့ အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေကြား နယူးယောက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ထိုင်းရေကြီးမှု #ထိုင်းရေဘေး #သဘာဝဘေးအန္တရာယ် #ဘန်ကောက်ရေကြီး #ThailandFloods #BangkokFlooding #FloodRelief #DDPMThailand #ဟောမုဇ်ရေလက်ကြား #အမေရိကန်အီရန်တင်းမာမှု #ဒေါ်နယ်ထရမ့် #StraitOfHormuz #USIranRelations #DonaldTrump #InternationalNews