သွေးစွန်းသော နှင်းမြူ | အပိုင်း ၁ | Stephen King (စတီဖင်ကင်း)
Audio Box
0:00 / 0:00
သွေးစွန်းသော နှင်းမြူ | အပိုင်း ၁ | Stephen King (စတီဖင်ကင်း)
684 просмотра · 13 дн. назад
Audio Box
43,4 тыс. подписчиков
684 просмотра · 13 дн. назад
ရုတ်တရက် တိုက်ခတ်သွားတဲ့ ပြင်းထန်တဲ့ မုန်တိုင်းအပြီးမှာ ဒေးဗစ် ဒရေးတန်၊ သူ့သားလေး ဘီလီ နဲ့ အိမ်နီးချင်းဖြစ်သူ ဘရန့် နော်တန် တို့ဟာ လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ဝယ်ယူဖြည့်တင်းဖို့ မြို့ထဲက ကုန်စုံဆိုင်ဆီ ထွက်လာခဲ့ကြပါတယ်။ ဆိုင်ကို ရောက်တဲ့အခါ တစ်မြို့လုံးကို လွှမ်းခြုံသွားတဲ့ ထူးဆန်းတဲ့ မြူခိုးတွေနဲ့ မြူထဲမှာ ချောင်းမြောင်းလှုပ်ရှားနေတဲ့ သတ္တဝါဆိုးကြီးတွေကြောင့် သူတို့ရော ဒေသခံ မြို့သူမြို့သားတွေပါ ဆိုင်ထဲမှာ ပိတ်မိသွားကြပါတော့တယ်။
မြူခိုးတွေကြောင့် ဆိုင်ထဲမှာ ပိတ်မိနေသူတွေ စိတ်ဓာတ်တွေ ပျက်ပြားခြောက်ခြားလာချိန်မှာတော့ ဘာသာရေး အစွန်းရောက်သူ မစ္စစ်ကာမိုဒီ က ဒါဟာ လူတွေရဲ့ အပြစ်ကြောင့် ဘုရားသခင်က ဒဏ်ခတ်တာဖြစ်ပြီး အပြစ်ပြေဖို့ ယဇ်ပူဇော်မှုတစ်ခု လုပ်ရမယ်ဆိုပြီး လူတွေရဲ့ ကြောက်စိတ်ကို အသုံးချကာ စတင်သွေးထိုးလှုံ့ဆော်လာတာကြောင့် ထောက်ခံသူနဲ့ ကန့်ကွက်သူဆိုပြီး အုပ်စုနှစ်စု ကွဲသွားခဲ့ပါတယ်။
ဆိုင်ထဲမှာ ဆက်နေရင် အသက်အန္တရာယ်ရှိနိုင်တယ်ဆိုတာကို သဘောပေါက်လာတဲ့အခါ ဒရေးတန် သားအဖ၊ ဆိုင်ဝန်ထမ်း အိုလီ ဝိခ်စ်၊ အာမန်ဒါ ဒမ်ဖရီးစ်၊ အိုင်ရင်း ရက်ပလာ နဲ့ ဒန် မီလာ တို့ ပါဝင်တဲ့ လူတစ်စုဟာ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ အပြင်ဘက်မှာ စောင့်ကြိုနေတဲ့ အရာတွေဟာ သူတို့ထားခဲ့ရတဲ့ ဆိုင်ထဲက အခြေအနေထက်တောင် ပိုဆိုးရွားနေတာကို သိလိုက်ရပါတော့တယ်။
အပိုင်း_၁ မှာ နယူးအင်္ဂလန်ဒေသရဲ့ အဆိုးရွားဆုံး အပူလှိုင်းကြီးအပြီး မကြုံစဖူး ပြင်းထန်ရက်စက်လှတဲ့ မိုးကြိုးမုန်တိုင်းကြီးတစ်ခု လောင်းခ်အိုင် (Long Lake) ကမ်းစပ်ဆီ ဦးတည်တိုးဝင်လာခဲ့ပါတယ်။
ရေဆင်နှာမောင်းလေပွေ၊ အမှောင်ထုနဲ့အတူ ပြတင်းပေါက်တွေကို ရိုက်ခွဲဝင်ရောက်လာတဲ့ မုန်တိုင်းဒဏ်ကြောင့် အိမ်တွင်းမှာ ပုန်းအောင်းနေရတဲ့ မိသားစုတစ်စု...။
ဒါဟာ သာမန်သဘာဝဘေးအန္တရာယ်တစ်ခုသက်သက်လား၊ ဒါမှမဟုတ် ကမ္ဘာပျက်မတတ် ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတစ်ခုခုရဲ့ အစပျိုးခြင်းလားဆိုတာ အပိုင်း (၁) မှာ စတင် နားဆင် ခံစားကြည့်လိုက်ပါ။
#myanmaraudiobooks #သရဲဇာတ်လမ်း #အသံထွက်စာအုပ် #StephenKing #TheMist #မြန်မာစာအုပ် #HorrorAudiobook #MyanmarNovel #ဇာတ်လမ်းရှည် #AudiobookMyanmar