Amhattaya | Episode 58 - Jessica Mozart / ကလေးငယ်နှင့် Screen Time ကြား ကောင်းကျိုး၊ ဆိုးကျိုးများ
Amhattaya
0:00 / 0:00
Amhattaya | Episode 58 - Jessica Mozart / ကလေးငယ်နှင့် Screen Time ကြား ကောင်းကျိုး၊ ဆိုးကျိုးများ
5 697 просмотров · 1 год назад
Amhattaya
44,4 тыс. подписчиков
5 697 просмотров · 1 год назад
Amhattaya | Screen Time and Kids: Balancing the Benefits and Struggles - Jessica Mozart / အမှတ်တရ podcast | ကလေးငယ်နှင့် Screen Time ကြား ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ညှိခြင်း
“It’s Not Just About Limiting Screen Time; It’s About Teaching Kids to Develop Good Habits in Real Life as Well as Managing Their Screen Time”
In today’s world, screens are part of everyday family life, often introduced to children at a very young age. For many busy parents, screens are a convenient tool to keep little ones entertained during chores or much-needed breaks.
But this convenience comes with an important question: Are screens helping our children learn and grow, or are there hidden risks that could impact their physical and mental development?
We had the pleasure of discussing this topic with Ma Jessica Mozart - a mother, award-winning author, and parenting advocate with over a decade of experience.
Drawing from her own parenting journey, Ma Jessica shares insights into the positives and negatives of screen time on children. She also provides practical tips on how parents can set healthy screen time boundaries, and effectively use screens as tools to support learning and creativity.
Topics Discussed in this Episode:
Why She Became an Advocate for Early Childhood Development and Parent Education
The Rise of Digital Devices in Today’s World
The Pros and Cons of Screen Time for Children
Early Warning Signs of Screen Overuse
How to Set Healthy Boundaries Around Screens
Tips for Reducing Screen Time
Suggestions for Quality Educational Content
Simple Ways to Promote Learning and Play
“Screen Time ကို ကန့်သတ်လိုက်တာမျိုး မဟုတ်ဘဲ၊ ကလေးငယ်လေးတွေကို ကိုယ်ပိုင် သင့်လျော်တဲ့ Screen Time သတ်မှတ်ရင်း ဘဝအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်လေးတွေ ပျိူးထောင်ပေးတာပဲ ဖြစ်ပါတယ်”
ဒီနေ့ခေတ်မှာ Screen တွေဟာ မိသားစုတွေရဲ့ နေ့စဥ်ဘဝမှာအစိတ်အပိုင်းတစ်ခုအနေနဲ့ ရှိလာပြီးတော့ ကလေးငယ်လေးတွေ ငယ်စဉ်အခါကတည်းက အသုံးပြုနေကြပါပြီ။ အလုပ်များတဲ့ မိဘတွေအနေနဲ့ကတော့ အိမ်အလုပ်လုပ်နေချိန်တွေ၊ အနားယူနေချိန်တွေမှာ ကလေးလေးတွေကို တစ်ခုခု ငြိမ်ပြီး လုပ်နေစေဖို့အတွက် Screen တွေ ပေးထားပြီး အဲ့ဒီအရာကို ကလေးထိန်းပစ္စည်းတစ်ခု အနေနဲ့ အသုံးပြုလျက်ရှိနေပါတယ်။
ဒီအရာက မိဘတွေအတွက် အဆင်ပြေ သက်သောင့်သက်သာဖြစ်စေပေမယ့်လည်း အရေးကြီးတာတစ်ခုကတော့ ဒီ Screen တွေက ကလေးတွေ တိုးတက်ဖွံ့ဖြိုးလာစေဖို့အတွက် တကယ်ပဲ အထောက်အကူဖြစ်နေရဲ့လား၊ ကလေးတွေရဲ့ ကိုယ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်စေနိုင်တဲ့ မမြင်နိုင်တဲ့အရာတွေရော ရှိလား။
ဒီအကြောင်းတွေကို ဆွေးနွေးပေးဖို့အတွက် မေမေတစ်ယောက်လည်းဖြစ်ပြီး၊ Award-winning Author တစ်ယောက်အနေနဲ့ ဆယ်စုနှစ်ကျော်ကြာ Parenting နဲ့ ပတ်သက်တာလေးတွေ မျှဝေပေးလျှက်ရှိနေတဲ့ Ma Jessica Mozart ကို ဖိတ်ခေါ်ထားပါတယ်။
အစ်မကိုယ်တိုင်ကလည်း ကလေးမိဘတစ်ယောက်ဖြစ်ခဲ့တာကြောင့် ကလေးထိန်းရင်း လေ့လာသိရှိခဲ့ရတာတွေအပေါ် အခြေခံပြီးတော့ ကလေးတွေအပေါ် ကောင်းကျိုးရော ဆိုးကျိုးတွေပါ ရှိနေတဲ့ Screen Time အကြောင်းကို မျှဝေဆွေးနွေးထားပါတယ်။ မိဘတွေအနေနဲ့ အန္တရာယ်ကင်းကင်းနဲ့ Screen Time ပေးလို့ရမယ့် အချက်လေးတွေအပြင် ဒီ Screen တွေကို အသုံးပြုလို့ ကလေးတွေ လေ့လာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လို အသုံးပြုလို့ရနိုင်တယ်ဆိုတာကိုပါ မျှဝေပေးထားပါတယ်။
ဒီနေ့ရဲ့ အပိုင်းလေးမှာ ဆွေးနွေးပေးသွားတာတွေကတော့
Early Childhood Development and Parent Education နဲ့ ပတ်သက်ပြီး မျှဝေဖြစ်ခဲ့ပုံ
ဒီနေ့ခေတ်မှာ ပိုပြီး ကျယ်ပြန့်ထွန်းကားလာတဲ့ Digital Device များ
ကလေးတွေ Screen Time ရှိခြင်းရဲ့ ကောင်းကျိုးနှင့် ဆိုးကျိုးများ
Screen အကြည့်များတဲ့အခါ ပြတတ်တဲ့ အစောပိုင်းလက္ခဏာများ
Screen ကြည့်ချိန်ကို သတ်သတ်မှတ်မှတ်ထားရှိခြင်းရဲ့ ကောင်းကျိုးများ
Screen Time လျှော့ချနိုင်ဖို့အတွက် လုပ်လို့ရမယ့် နည်းလမ်းများ
ညွှန်းချင်တဲ့ Quality Education Content များ
ဆော့ကစားရင်း သင်ကြားနိုင်မယ့် ရိုးရှင်းတဲ့ နည်းလမ်းများ
အခု အမှတ်တရကို ကြည့်နေတဲ့ ပရိသတ်ကြီးတို့ထဲမှာ ကလေးက ဖုန်းအရမ်းသုံးနေလို့ ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေတဲ့ မိဘတွေ ရှိတယ်ဆိုရင် ဒီနေ့ တင်ဆက်ပေးသွားတဲ့ အပိုင်းလေးကို သူတို့နဲ့ မျှဝေပေးပါဦးနော်။ ဒီအပိုင်းလေးကို ကြိုက်နှစ်သက်လို့ပဲဖြစ်ဖြစ် Ma Jessica Mozart ကို မေးချင်တာလေးတွေ ရှိရင်ပဲဖြစ်ဖြစ် ကောမန့်မှာ မျှဝေပေးသွားလို့ရပါတယ်နော်။
“အမှတ်တရ” ရဲ့ အစီအစဉ်တွေကို Facebook, YouTube နဲ့ TikTok စာမျက်နှာတွေမှာ ကြည့်ရှုနားဆင်နိုင်ပြီးတော့ အသံသီးသန့်နားဆင်ချင်တယ်ဆိုရင်တော့ Spotify မှာ “Amhattaya” လို့ ရိုက်ရှာပြီး နားဆင်နိုင်ပါတယ်။ မျှဝေပြောပြချင်တဲ့အကြောင်းအရာတွေရှိရင်၊ ဒါမှမဟုတ် “အမှတ်တရ” နဲ့ အတူတူတွဲဖက်တင်ဆက်ချင်တာမျိုးရှိရင်လည်း amhattayateam@chilli.agency ကို email ပေးပို့ပြီး ဆက်သွယ်နိုင်ပါတယ်နော်။
Like & Subscribe:
YouTube: / @amhattayamm
Like & Follow:
Facebook: / amhattayamm
TikTok: www.tiktok.com/@amhattayamm
Listen to Amhattaya:
Spotify: https://podcasters.spotify.com/pod/sh...
အမှတ်တရ အစီအစဉ်ကိုတော့ Chilli Sound Room မှာ ရိုက်ကူးအသံသွင်းပြီး ပုံဖော်တင်ဆက်ထားတာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ အောက်ပါ ပေ့ချ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
/ chillistudiomyanmar
#amhattaya #podcast #expert #insights #screentime #benefits #struggles #balance #childdevelopment #yangon #myanmar