Перейти к содержимому

ရေနစ်သေဆုံးသည့် ကျောင်းသား ရုပ်အလောင်းကို သဲကျင်းပိုင်ရှင်က ဘက်ဟိုးဖြင့် လမ်းပိတ်ပြီး သယ်ခွင့်မပေး

Democratic Press

0:00 / 0:00

ရေနစ်သေဆုံးသည့် ကျောင်းသား ရုပ်အလောင်းကို သဲကျင်းပိုင်ရှင်က ဘက်ဟိုးဖြင့် လမ်းပိတ်ပြီး သယ်ခွင့်မပေး

1 989 просмотров · 4 дня назад
Democratic Press
27,1 тыс. подписчиков
1 989 просмотров · 4 дня назад
ဖဒိုတွင် ရေနစ်သေဆုံးသည့် ကျောင်းသား ရုပ်အလောင်းကို သဲကျင်းပိုင်ရှင်က ဘက်ဟိုးဖြင့် လမ်းပိတ်ပြီး သယ်ခွင့်မပေး Democratic Press ၂၀၂၆ စက်တင်ဘာ ၂၉ 📌 ပဲခူးတိုင်း ဖဒိုမြို့၊ ရေပြာအိုင်တွင် ရေနစ်သေဆုံးခဲ့သည့် ကျောင်းသား၏ ရုပ်အလောင်းအား ကားလမ်းသို့ သယ်ဆောင်ရန် တခြားလမ်းမရှိဘဲ စိန်ကန့်လန့်တံတားအောက် သဲကျင်းလမ်းမှသာ သယ်ယူ၍ ရသည့် အခြေအနေဖြစ်ပေါ်ခဲ့။ 📌 အဆိုပါ သဲကျင်းပိုင်ရှင်က ကလေး၏ ရုပ်အလောင်း သယ်ဆောင်ခွင့်မပြုဘဲ ဘက်ဟိုးဖြင့် လမ်း ပိတ်ဆို့ထားသဖြင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူများကြား စိတ်မကောင်းဖွယ် ဝေဖန်မှုများ မြင့်တက်နေ။ ပဲခူးတိုင်း၊ ဖဒိုမြို့နယ်အတွင်းရှိ ရေပြာအိုင်တွင် ကျောင်းသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ရာ အဆိုပါ ရုပ်အလောင်းကို ချောင်းအတွင်းမှ ကားလမ်းမပေါ်သို့ ပြန်လည်သယ်ဆောင်ရန် အခြားလမ်းကြောင်း မရှိဘဲ စိန်ကန့်လန့်တံတားအောက်ဘက်ရှိ သဲကျင်းလမ်းမှသာ သယ်ယူ၍ ရနိုင်သည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ သို့သော်လည်း အဆိုပါ သဲကျင်းပိုင်ရှင်က သဲသယ်ယူသည့် လမ်းကြောင်းအတိုင်း ရေနစ်သေဆုံးသွားသည့် ကလေး၏ ရုပ်အလောင်းအား သယ်ဆောင်ခွင့် မပြုဘဲ ဘက်ဟိုးယာဉ်ဖြင့် မသမာဘဲ လမ်းကို ပိတ်ဆို့တားဆီးထားခဲ့သည်။ ထိုသို့ လူသားချင်းစာနာမှု ကင်းမဲ့စွာ လမ်းပိတ်ဆို့ တားဆီးမှုကြောင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူများနှင့် သဲကျင်းပိုင်ရှင်တို့အကြား အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည့် ရုပ်သံဖိုင် ထွက်ပေါ်လာခဲ့ပြီး ဒေသခံပြည်သူများနှင့် လူမှုကွန်ရက်အသုံးပြုသူများကြား စိတ်မကောင်းဖွယ်ရာ ဝေဖန်မှုများ ပြင်းထန်လျက်ရှိသည်။ #whatishappeninginmyanmar #Rejectthemilitarycoup #democraticpress #Phado #Humanity #LocalNews