Перейти к содержимому

ကိုယ်တောင် မသိလိုက်ဘဲ အလွယ်လမ်း လိုက်သွားတဲ့ ကိုယ့်ရဲ့ဦးနှောက်

Mental Health By Dr DeDe

0:00 / 0:00

ကိုယ်တောင် မသိလိုက်ဘဲ အလွယ်လမ်း လိုက်သွားတဲ့ ကိုယ့်ရဲ့ဦးနှောက်

475 просмотров · 6 месяцев назад
Mental Health By Dr DeDe
811 подписчиков
475 просмотров · 6 месяцев назад
👨‍⚕️ ရှေ့က Video ရဲ့အဆက်ပါ။ ကျွန်တော်တို့ ဦးနှောက်က ကျွန်တော်တို့ မပင်ပန်းအောင် Shortcut လို့ခေါ်တဲ့ ဖြတ်လမ်းနည်းတွေသုံးပြီး ကိစ္စတိုင်းကို ချိန်ထိုးဆုံးဖြတ်တယ်ဗျာ။ အားစိုက်မကြည့်ရင် ကျွန်တော်တို့တောင် မသိဘူးဗျာ။ ဆိုတော့ Shortcut သုံးတာများရင် အဲဒါက ပုံသေကားကျ တွေးတတ်တဲ့ အကျင့်တစ်ခု ဖြစ်လာတယ်တဲ့။ အကျင့်ဖြစ်သွားရင်တော့ ဖျောက်ရအင်မတန်မှ ခက်တယ်။ အထိကို မခံတော့တာ။ ခက်တာက လောကကြီးမှာ အလွယ်ဆုံး ဖြတ်လိုက်တာနဲ့ ငါးပါးမှောက်ကုန်မယ့် ကိစ္စတွေလည်း ရှိသေးတာကိုး။ 👨‍⚕️ ဒီတတိယပိုင်းမှာတော့ ဆရာဝန်၊ မိဘ၊ Covid နဲ့သက်ဆိုင်တဲ့ ဥပမာတွေ ပေးထားတယ်။ Stereotyping DM ကို Video စလုပ်တုန်းက တိုတိုလေး ဖြစ်မယ်လို့ မှန်းထားတာ။ ဒါပေမယ့် သူ့ကို သေသေချာချာ လေ့လာကြည့်တော့ Video အရှည်လုပ်မှ ဖြစ်မယ်လို့ ဆုံးဖြတ်မိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေကို ကွေးညွတ်သွေဖီအောင် လုပ်တဲ့နေရာမှာ သူကဆရာကြီး ဂိုဏ်းချုပ်နေရာက ပါနေလို့ဘဲ။ ဒီ Defense ကို နားလည်ရင်ကို အတွေးအခေါ်ပိုင်းမှာ အတော်ဟုတ်နေပြီလို့ ပြောလို့ရမယ်။ ဟုတ်မဟုတ်ကတော့ လေ့လာပြီး ကိုယ့်စိတ်ကို ပြန်သုံးသပ်ကြည့်ပေါ့။ 🩺 ဒေါက်တာဒီဒီ (Mental Health) 🩺