အပီစခွီ (အမှတ် ၁၀)
PVTV Myanmar
0:00 / 0:00
အပီစခွီ (အမှတ် ၁၀)
2 203 просмотра · 20 часов назад
PVTV Myanmar
799 тыс. подписчиков
2 203 просмотра · 20 часов назад
◼️ အပီစခွီ (အမှတ် ၁၀)
ကျမတို့ရဲ့ အပီစခွီ (အမှတ် ၁၀) မှာတော့ Sun Shine Care Center ရဲ့ Founder ဖြစ်သူ အနော နေခြည်လင်းနဲ့အတူ မိခင်တစ်ယောက်အနေနဲ့ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေ၊ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ယုံကြည်ရာတွေကို ဘယ်လိုရပ်တည်ဖြတ်သန်းနေသလဲဆိုတာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားပါတယ်။
တစ်ဖက်မှာလည်း ကိုယ်ပိုင်မိသားစုဘဝနဲ့အတူ လူမှုအသိုင်းအဝိုင်းအတွက် လုပ်ဆောင်ပေးနေသူတစ်ယောက်ဖြစ်သလို၊ ဒဏ်ရာရရဲဘော်တွေအတွက် လိုအပ်တဲ့နေရာကနေ ပံ့ပိုးကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ ဘာကြောင့် ဒီလိုအလုပ်တွေကို ဆက်လက်လုပ်ဆောင်ဖြစ်နေတာလဲ၊ ဘယ်လိုအတွေ့အကြုံတွေက သူမရဲ့ ရပ်တည်ချက်တွေနဲ့ အတွေးအမြင်တွေကို ပုံဖော်ပေးခဲ့သလဲဆိုတာတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
မိခင်တစ်ယောက်၊ အမျိုးသမီးတစ်ယောက်နဲ့ လူမှုအသိုင်းအဝိုင်းအတွက် ကိုယ်တတ်နိုင်တဲ့နေရာကနေ ပါဝင်ကူညီနေသူတစ်ယောက်ရဲ့ ရင်ဖွင့်စကားတွေ၊ အတွေးအမြင်တွေနဲ့ အတွေ့အကြုံတွေကို အတူနားဆင်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
#အပီစခွီ #PVTV #Podcast #SunShineCareCenter